ဖိလစ်ပိုင်လူထုအနေနဲ့ ဘယ်လမ်းကို ရှေ့ဆက်ကြမလဲ? တော်လှန်ရေးသမား တွေ အခုချိန်မှာ ဘာလုပ်ကြမလဲ

"ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ အလယ်မှာ ဖိလစ်ပိုင် လူထုအနေနဲ့ တကယ့်ကို ဒုက္ခရောက်နေကြတယ်။ ဒူတာတေအစိုးရက လူထုကို ကူညီပေးရမယ့်အစား ကွန်မြူ နစ်တွေကိုပဲ အပြစ်ပုံချခဲ့တယ်။ ဖိလစ်ပိုင်လူထုအနေနဲ့ ဘယ်လမ်းကို ရှေ့ဆက်ကြမလဲ? တော်လှန်ရေးသမား တွေ အခုချိန်မှာ ဘာလုပ်ကြမလဲ"


သုံးထပ်ကွမ်း ကပ်ဘေး

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အရှမှာ ကိုဗစ်ကူးစက်မှု ဒု တိယ အများဆုံးနိုင်ငံပဲ။ ရောဂါဖြစ်ပွားသူ (၄၀၇၈၃၈) ဦး၊ သေဆုံးသူ (၇၈၃၁) ဦးကျော် ရှိလာခဲ့တယ်။ ဒီဖြစ်ရပ် ဆိုးကို ကာကွယ်လို့ မရခဲ့တာ မဟုတ်ဘူး။ အခုလို အခြေအနေ ဆိုးရွားစေခဲ့တဲ့ ပထမအချက်က ဒူတာတေ အစိုးရဟာ “စီးပွားရေး ပြန်လည်ပတ်နိုင်အောင်” ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ခြင်း မရှိသေးခင် လော့ ဒေါင်း အစီအစဉ်တွေကို အလောတကြီး ပယ်ဖျက်ခဲ့တယ်။ ဒုတိယအချက်က နှစ်ပေါင်းများစွာ လစ်လျူရှုထားခဲ့ တဲ့ ကျန်းမာရေးစနစ်ကြောင့်ပဲ။ ၁၉၉၀ နှစ်လယ် နောက်ပိုင်းကစလို့ ဖိလစ်ပိုင်အစိုးရဟာ ကျန်းမာရေးကဏ္ဍမှာ ဂျီဒီပီ ၁.၆ ရာခိုင်နှုန်းထက် ပိုသုံးစွဲတာမျိုး မရှိခဲ့ဘူး။

နဂိုကတည်းက ရုန်းကန်နေရတဲ့ စီးပွားရေးဟာ ကမ္ဘာကပ်ရဲ့ စေ့ဆော်မှုကြောင့် ပျက်ကပ်ဆိုက် သွားတော့ တယ်။ ခန့်မှန်းချေအရ ဂျီဒီပီ ၅.၅ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။ ဒါဟာ ၃၅နှစ်တာ ကာလအတွင်း အဆိုးရွားဆုံးပဲ။ အလုပ်လက်မဲ့ စာရင်းလည်း မြင့်တက်လာတယ်။ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၅ဝရာခိုင်နှုန်း ကျ ဆင်းသွားတယ်။ ကံကောင်းထောက်မလို့ အလုပ်မြဲနေတဲ့ သူတွေတောင် ၃၀-၅၀% အထိ လစာ အဖြတ်ခံရ တယ်။

ဖိလစ်ပိုင်ပြည်သူတွေ အဖို့ ဒုက္ခမိုးဟာ ဒီလောက်နဲ့ အားရသေးဟန် မတူ။ ပြီးခဲ့တဲ့သုံးပတ်အတွင်း မုန်တိုင်းငါး လုံးက ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ် ဖျက်စီးခဲ့တယ်။ မုန်တိုင်းငါးလုံးထဲမှာ အဆိုးရွားဆုံးမုန်တိုင်း ဖြစ်တဲ့ “ဂိုနီ” စူ ပါတိုင်ဖုန်း မုန်တိုင်းကြောင့် လူဦးရေ ၁.၆သန်းခန့် ထိခိုက်ခဲ့ရတယ်၊ လူပေါင်း နှစ်သိန်းလေးသောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ မုန်တိုင်းအသစ်တွေက ယာယီခိုလှုံရေးစခန်းတွေကိုလည်း အချိန်မရွေး ဖျက်စီးနိုင်သေး တယ်။

အနီတံဆိပ်ကပ်ခြင်း နဲ့ အပြစ်ပုံချခြင်း

ဒူတာတေ အစိုးရကို တိုင်းပြည်ရဲ့ အန္တရာယ်က ဘာလဲလို့ မေးခွင့်ကြုံရင် မေးကြည့်ပါ။ လူသားမျိုးနွယ်ကို အကြီး အကျယ် ဖျက်စီးပစ်တဲ့ ဒီသဘာဝ ကပ်ဘေးကြီးဟာ တိုင်းပြည်ရဲ့ “တကယ့်အန္တရာယ်” နဲ့ နှိုင်းစာရင် ဘာမှ မဟုတ်သေးဘူး လို့ ဒူတာတေ အစိုးရက ဆိုလိမ့်မယ်၊ တိုင်းပြည်ရဲ့ “တကယ့်အန္တရာယ်” က ကွန်မြူနစ်တွေပဲ။ အဓိကတော့ “ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP)” နဲ့ ဗဟိုအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ ပြောက်ကျားစစ် ဆင်နွှဲနေတဲ့ CPP ရဲ့ လက်နက်ကိုင်တပ် “ပြည်သူ့ တပ်မတော်သစ် (NPA)” တို့ပဲ။ အန်ပီအေ အနေနဲ့ အစိုးရ ကူညီထောက်ပံ့ရေးကို နှောက်ယှက်နေလို့ တနိုင်ငံလုံး အတိုင်းအတာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မယ်လို့ ဧပြီလ (ပထမအကြိမ် လော့ဒေါင်းကာလ) မှာ ဒူတာတီအစိုးရက ခြိမ်းခြောက်ခဲ့တယ်။ ဇူလိုင်လမှာလည်း နိုင်ငံတော်အာဏာကို သိသိသာသာ ဘောင်ချဲ့ပေးတဲ့ အကြမ်းဖက် နှိမ်နှင်းရေး ဥပဒေကို ပြဌာန်းခဲ့တယ်။ ဒီဥ ပဒေဟာ ပြည်သူတွေကို အကြမ်းဖက်သမားတံဆိပ်ကပ် စွပ်စွဲပြီး နှိပ်ကွပ်ဖို့အတွက်ပဲ။

အကြမ်းဖက်သမားတွေနဲ့ ကွန်မြူနစ်တွေကို နှိမ်နင်းဖို့ အကြောင်းပြပြီး ပြည်သူ့ဘဏ္ဍာ အလုံးအရင်းကို အစိုးရ လက်နက်ကိုင် တပ်တွေဆီ လွှဲပြောင်းခဲ့တယ်။ “ပြည်တွင်း လက်နက်ကိုင် ကွန်မြူနစ် ချေမှုန်းရေး နိုင်ငံလုံးဆိုင် ရာ တပ်မဟာ (NTF-ELCAC)” က တိုင်းပြည်ဘက်ဂျက် ဖိလစ်ပိုင်ငွေ ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၉၃ သန်း) ကို ချက်ချင်း ရရှိခဲ့တယ်။ ဒီငွေတွေ သုံးစွဲရာမှာလည်း တာဝန်ခံ စစ်ဗိုလ်ချုပ်တွေကို အာဏာကုန် လွှဲပေး ထားတယ်။ ဒီ‌ငွေပမာဏက ကျန်းမာရေးကဏ္ဍရဲ့ ၂၀၂၁ တနှစ်လုံးစာ ဘက်ဂျက် (ဖိလစ်ပိုင်ငွေ ၁၁.၄ ဘီလျံ) ထက် အဆမတန် ပိုများနေတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက NTF-ELCAC အနေနဲ့ ဒီရန်ပုံငွေတွေကို မုန်တိုင်း ကယ်ဆယ်ရေးမှာ အစားထိုး သုံးစွဲပေးဖို့ တောင်းဆိုခဲ့တယ်။ ဥပဒေပြုရေး အဖွဲ့ဝင်အချို့ကတောင် ဒီဘက်ဂျက် က အငြိမ်းစား စစ်ဗိုလ်ချုပ်တွေအတွက် လုပ်စားဂွင်ပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။

ဒီလို စစ်ဗိုလ်ချုပ်တွေအတွက် လုပ်စားဂွင်တွေ ဖန်တီးပေးရင်း အစိုးရက “အနီတံဆိပ်ကပ်” ကမ်ပိန်းကို လုပ်ခဲ့ တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ လတွေအတွင်း နိုင်ငံတော်အစိုးရကို ဝေဖန်သူတိုင်းကို ကွန်မြူနစ် ပါတီက လူတွေ လို့ စွပ်စွဲခဲ့တယ်၊ ဒီအနီတံဆိပ်ကပ် ကမ်ပိန်းဟာ ၁၉၅၀ ခုနှစ်တွေက အမေရိကမှာ ကွန်မြူနစ်တွေကို ပိုက်စိပ် တိုက် ရှာဖွေဖမ်းစီး နှိပ်စက်ခဲ့တဲ့ McCarthyite ကမ်ပိန်းမျိုးပဲ။ တကယ်တော့ ဒူတာတေနဲ့ အုပ်စိုးသူလူတန်းစား ဟာ ဝေးလံခေါင်သီသော ကျေးလက်ဒေသမှာ တသီးတခြား ဖြစ်နေတဲ့ စီပီပီ-အန်ပီအေကို တကယ်ကြောက်လို့ မဟုတ်ဘူး။ အရင်းရှင်လူတန်းစားက လူ့အဖွဲ့အစည်းကနေ အရင်လို အမြတ်ထုတ်နေချိန်မှာ လူထုအုံကြွစေ နိုင်တဲ့ ဝေဖန်သံတွေ တိတ်သွားဖို့ အနီတံဆိပ်ကပ် ဖမ်းစီးနှိပ်ကွပ်ခြင်းကို အသုံးချခဲ့တာပဲ။ အစိုးရနဲ့ စစ်တပ်အာ ဏာပိုင်တွေက လူထုအရေး တက်ကြွလှုပ်ရှားသူတွေကို စီပီပီ နဲ့ အဆက်အသွယ်ရှိတယ် စွပ်စွဲပြီး ဖမ်းဆီးနှိပ် ကွပ်ခဲ့ကြတယ်။ ဒူတာတေက ဖိလစ်ပိုင်တက္ကသိုလ်ကို ကွန်မြူနစ်ပါတီအတွက် တပ်သားစုဆောင်းရေးစခန်း လို့ ပုဂ္ဂိုလ်ရေးအရ အထောက်အထားမဲ့ စွပ်စွဲခဲ့တယ်။ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ CNN ဖိလစ်ပိုင် သ တင်းဌာနကိုတောင် အလုပ်သမားလူတန်းစားရဲ့ တပ်ဦးလို့ လူသိရှင်ကြား ပြောဆိုခဲ့တယ်။

ရယ်ဒီကယ်ဆန်လာမှာကို ရှောင်လွှဲလို့မရ

အုပ်စိုးသူလူတန်းစားဟာ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်မှာတောင် လူဆင်းရဲတွေအပေါ် အမြတ် ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒီလုပ်ရပ်ကို ကွန်မြူနစ်တစ္ဆေနဲ့ ခြောက်လှန့် ဖုံးကွယ်ပေမယ့် ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာခဲ့တယ်။ လူငယ်မျိုးဆက်သစ်တွေကို ကွန်မြူနစ် တော်လှန်ရေးသမားတွေရဲ့ ဝေးရာ မ‌ရောက်စေဘဲ ပို နီးသွားအောင်တောင် တွန်းပို့ခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းမှာလည်း အခုလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ ဒါကို အကယ် ဒမစ်သမား ပက်ထရီရှို အဘင်နယ် နဲ့ လီဆန်ဒရို ကလော့ဒီယိုက ထောက်ပြခဲ့တယ်။

“...လူသားလုံခြုံရေး အက်ဥပဒေလို ဥပဒေတွေသုံးပြီး ကွန်မြူနစ်ပါတီဝင် တယောက်ကို သူပုန်ကြံရာပါလို့ နာ မည်တပ်ဖို့ အစိုးရအနေနဲ့ မခက်ခဲဘူး။ ဒါကြောင့်ပဲ အခုလို ဥပဒေတွေက ကွန်မြူနစ်တွေကို မြေအောက် တော် လှန်ရေးသမားတွေ ဖြစ်‌သွားစေတယ်။ အစိုးရအနေနဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကနေ ကွန်မြူနစ်ပါတီကို ထိန်း ကျောင်းဖို့ ခက်ခဲသွားတယ်။ အကြမ်းဖက်နှိမ်နှင်းရေး ဥပဒေက ပြဿနာကို ပို ဆိုးရွားစေတယ်။

ကျနော်တို့အနေနဲ့ ဖိနှိပ်တိုင်း အလုပ်မဖြစ်တာကို ဟိုးအရင်တည်းက သိခဲ့တယ်။ မားကို့စ် (ဖိလစ်ပိုင် သမ္မတ ဟောင်း) က လူထုကို ဖိနှိပ်ခဲ့တယ်။ ၆၀ ကာလတွေမှာ ကွန်မြူနစ်တပ်သား ၂၅၀၀ ရှိရာကနေ ၈၀ ကာလတွေ မှာ ၂သောင်းကျော်ထိ တိုးလာခဲ့တယ်။ ဒါကြောင့် မားကို့စ်ကို ‘အန်ပီအေရဲ့ အ‌တော်ဆုံး တပ်သားစုဆောင်းရေး သမား’ ဘွဲ့ ပေးခဲ့ကြတယ်။”

ဒီစကားတွေဟာ အုပ်စိုးသူ လူတန်းစားကို သတိပေးနေတာ ဖြစ်တယ်။ အာဏာတည်မြဲဖို့ ရေတိုအကျိုးကြည့်ပြီး ဖိနှိပ်မှုပဲ လုပ်နေရင် ဒူတာတေ အစိုးရဟာ ဒီစနစ်ကို ပိုယိုင်နဲ့အောင် လုပ်နေတာပဲ၊ ပြိုလဲမယ့်လမ်းကို တွန်းပို့ရာ ရောက်မယ်။ ဒါပေမယ့် ဒူတာတေရဲ့ ဖိနှိပ်မှုဟာ အရင်းရှင်စနစ် ကိုယ်တိုင်ရဲ့ သေပန်းပွင့်နေမှုကို ရောင်ပြန် ဟပ်နေတာပဲ ဆိုတာ အကယ်ဒမစ်သမားတွေ နားမလည်ကြဘူး။ မွဲပြာကျမှု၊ လူမဆန်မှု၊ နယ်ချဲ့လွှမ်းမိုးမှုနဲ့ အသည်းအသန် ရုန်းကန် အသက်ရှင်နေရတဲ့ ဖိလစ်ပိုင်လူထုရဲ့ ဘဝအခြေအနေတွေဟာ အလုပ်သမား လူ တန်းစားနဲ့ လူငယ်ထုကို ရယ်ဒီကယ် ဖြစ်လာစေခဲ့တယ်။ ဒါဟာ အများစုသော အလုပ်သမားလူတန်းစားကို ပျက်စီးဆုံးရှုံးစေပြီး လက်တဆုပ်စာ အရင်းရှင် လူတန်းစားကိုပဲ ကြွယ်ဝလာစေတဲ့ ဂလိုဘယ် အရင်းရှင်စနစ်ရဲ့ ရလဒ်ပဲ။ ဒါ့အပြင် ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေတဲ့ ကပ်ဘေးတွေ ရှိနေတယ်။ ဒီကပ်ဘေးတွေ ကို ဖိလစ်ပိုင် အရင်းရှင်စနစ်က မဖြေရှင်းနိုင်ဘူး။ ဒူတာတီက လူထုကို အာရုံလွှဲဖို့ ကြိုးစားနေတာ ဒီကိစ္စ ကြောင့်ပဲ။ အခုလို အာရုံလွှဲတဲ့နည်းလမ်းက အလုပ်သမား လူတန်းစား တစိတ်တပိုင်း အပေါ်မှာတော့ ခဏတာ အလုပ် ဖြစ်နိုင်တယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒူတာတေရဲ့ လုပ်ရပ်တွေဟာ အခြားအလုပ်သမား လူတန်း စား အလွှာတွေကြား ရယ်ဒီကယ်ဖြစ်မှုကို အရှိန်မြှင့်ပေးနေတယ်။ အတိုးတက်ဆုံး အလုပ်သမားတွေကြားမှာ ကွန်မြူနစ် အတွေးအခေါ်၊ ပစ္စည်းမဲ့တော်လှန်ရေး အတွေးအခေါ်တွေကို ပိုလက်ခံလာကြတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ စီပီပီ-အန်ပီအေဟာ လူသိအများဆုံး ကွန်မြူနစ်အမည်ခံ အဖွဲ့အစည်းတွေထဲက တဖွဲ့အဖြစ် ရှိနေသေးတယ်။ ဖိလစ်ပိုင်လူထုရဲ့ လူနေမှုဘဝ အလွန်ဆိုးရွားတဲ့ အနေအထားမှာ လူထု လွတ်မြောက်ရေးအ တွက် လူငယ်အချို့က ပြောက်ကျား သူပုန်ဘဝနဲ့ အသက်စွန့်ဖို့ ရွေးချယ်ကြလိမ့်မယ်။ မာ့က်စ်ဝါဒီတွေဟာ အခု လို ရဲစွမ်းသတ္တိ နဲ့ ကိုယ်ကျိုးစွန့်မှုမျိုးကို ထောက်ခံ လေးစားကြတယ်။ ကျနော်တို့အနေနဲ့ ကွန်မြူနစ် လှုပ်ရှား မှုတွေ အပေါ် နိုင်ငံတော်ရဲ့ တိုက်ခိုက်မှုမှန်သမျှကို သေချာပေါက် ဆန့်ကျင်သွားမယ်။ ဒူတာတေ အစိုးရ ယန္တ ရား နဲ့ အရှင်းရှင်စနစ်ကသာ အကြမ်းဖက်သမား စစ်စစ်တွေဖြစ်တယ်၊ မရေမတွက်နိုင်အောင် များပြားလှတဲ့ ပြည်သူတွေကို တိုက်ရိုက်ဖိနှပ်တဲ့နည်း၊ ဆင်းရဲမွဲတေမှု ဒုက္ခတောထဲ နစ်မွန်းစေတဲ့ နည်းတွေနဲ့ နှစ်စဉ် သတ် ဖြတ်နေကြသူတွေ ဖြစ်တယ်။

ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ ရဲ‌ဘော်ရဲဘက်ပီသစွာ သတိပေး စကားတခွန်းတော့ ပြောရလိမ့်မယ်။ ပြောက်ကျားတော်လှန်ရေးနည်းနဲ့ အသက်ပေါင်းများစွာ ပေးဆပ်ရုံသက်သက်က ဖိနှိပ်နေတဲ့ အရင်းရှင်စနစ်ကို ဖြိုချဖို့ရာ မလုံလောက်ဘူး။ မာ့က်စ်၊ လီနင်တို့ရဲ့ အတွေးအခေါ်က အရင်းရှင်လူတန်းစားကို ဘယ်လို တိုက် မလဲ ဆိုတဲ့ အချက်တင် အလေးအနက်ထားတာ မဟုတ်ဘူး၊ အရင်းရှင်လူတန်းစားကို အောင်‌အောင်မြင်မြင် ဘယ်လိုဖြိုချမလဲ၊ အလုပ်သမား လူတန်းစားက အာဏာ ဘယ်လို ရယူမလဲဆိုတဲ့ အချက်တွေကိုပါ အလေး အနက်ထားတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ အခန်းကဏ္ဍ

၁၉၆၉မှာ အစပြုခဲ့တဲ့ စီပီပီ-အန်ပီအေရဲ့ ပုန်ကန်မှုဟာ အာရှတိုက်မှာ အရှည်ကြာဆုံး လက်နက်ကိုင် ပုန်ကန်မှု ပဲ။ စီပီပီဟာ “မာက်စ်-လီနင်-မော်ဝါဒ”ကို အလုပ်လမ်းညွှန်အနေနဲ့ ကိုင်စွဲတယ်။ ပါတီဖွဲ့စည်းပုံမှာ တော်လှန် ရေး ပန်းတိုင်ဆီ သွားရာလမ်းကြောင်းကို အခုလို အကြမ်းဖျင်း ဖော်ပြထားတယ်။

“ပါတီဟာ ကျေးလက်အခြေခံ မြို့ပြဝိုင်း ဗျူဟာတွေကို ထိုးစစ်ဗျူဟာအရ မြို့ကြီးတွေကို သိမ်းနိုင်တဲ့ အ‌ခြေအ နေတွေ ရင့်မှည့်ချိန်အထိ ကာလတာရှည် ခိုင်ခိုင်မြဲမြဲ ကျင့်သုံးမယ်။ ပြည်သူ့တပ်မတာ်ဟာ ကျေးလက်လူထု ကို အခြေပြုပြီး တပ်စုတွေကို အားဖြည့်တည်ဆောက်မယ်၊ ရန်သူ့တပ်ကို တောနက်ထဲ မျှားခေါ်ပြီး ထောက် ချောက်ဆင် ချေမှုန်းမယ်။....အခါအခွင့်သင့်တိုင်း၊ ရန်သူ အင်အားချိနေတဲ့ မြို့ပြက နေရာတွေကို အရှိုက်ထိုး သွားမယ်။ ဆိုလိုရင်းကတော့ ကျေးလက်ဒေသမှာ စစ်ဆင်ရေးတိုက်ပွဲ စတင်ပြီး ရန်သူကို ‌နှိမ်နှင်းမယ်၊ မြို့ကြီး တွေမှာ ရန်သူ့ နောက်ဆုံးခံတပ်ကိုပါ ထိုးစစ်ဗျူဟာ ဆင်နိုင်ချိန်အထိ ကျေးလက်ဒေသ အခြေပြု အင်အားတည် ဆောက်မယ်။”

ပါတီဖွဲ့စည်းပုံမှာ နောက်ထပ်လည်း အခုလို ဖော်ပြခဲ့တယ်။

“မဟာဗျူဟာမြောက် အောင်ပွဲတွေ မရနိုင်သေးခင်မှာ၊ တော်လှန်ရေး လှုပ်ရှားမှုဟာ ကျေးလက်မှာ လက်နက် ကိုင် တိုက်ပွဲ ဆင်နွှဲရမယ်။ ပြည်သူ့ တပ်မတော်ဟာ ကျေးလက်မှာ နည်းဗျူဟာကျကျ ထိုးစစ်တွေကို အောင် အောင်မြင်မြင် စတင် ဆင်နွှဲနိုင်တယ်။ တပ်အင်အားကို ထိန်းထားဖို့နဲ့ ဆက်လက် ကြီးထွားစေဖို့ ကျေးလက်မှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်တယ်။”

စီပီပီရဲ့ လမ်းစဉ်ဗျူဟာတွေဟာ ဖိလစ်ပိုင် အုပ်စိုးသူလူတန်းစား နဲ့ ဒူတာတေ လူသတ်သမားအုပ်စု မောင်းနှင် လည်ပတ်နေတဲ့ နိုင်ငံတော် လူသတ်ယန္တရားကို ဆန့်ကျင်တိုက်ခိုက်ရာမှာ လက်တွေ့ကျတယ်လို့ ထင်စရာပဲ။ ဒါ ပေမယ့် တော်လှန်ရေး လှုပ်ရှားမှုကနေ နိုင်ငံ‌ရေးအာဏာ ဘယ်လိုရယူမလဲဆိုတဲ့ အချက်အပေါ် အခြေခံအရကို နားလည်မှုလွဲနေတယ်။

ပထမအချက်အရ ပါတီနဲ့ ပါတီရဲ့ လက်နက်ကိုင်တပ်က အာဏာသိမ်းရမှာ မဟုတ်ဘူး။ လူထုက အာဏာ သိမ်း ယူရမယ်။ ပါတီက လူထု အာဏာသိမ်းနိုင်ဖို့ လမ်းပြပေးမယ့် တပ်ဦးအနေနဲ့သာ ထမ်းဆောင်နိုင်တယ်။ ဒီလို လူ ထုကို ဦးဆောင်နိုင်ဖို့ ပါတီအနေနဲ့ လူထုရဲ့ လိုလိုလားလား ထောက်ခံမှုကို ရရှိထားရမယ်။ လူထုထောက်ခံမှု မရဘဲ တော်လှန်ရေးသမား လက်တဆုပ်စာလောက်နဲ့ အုပ်စိုးသူလူတန်းစားကို ဖြိုချနိုင်မှာ မဟုတ်ဘူး၊ တော် လှန်ရေးအဖွဲ့အနေနဲ့ လက်နက်ကိုင် တိုက်ရင်တောင် လူထုကို ဆင်းရဲတွင်းကနေ လွတ်‌မြောက်စေမှာ မဟုတ် ဘူး။

ဒုတိယအချက်အရ တော်လှန်ရေးလှုပ်ရှားမှုကို လူထုထဲက ဘယ်လူတန်းစားက ဦးဆောင်နိုင်မလဲ၊ ဘယ်လူ တန်းစားက တိုင်းပြည်အာဏာ သိမ်းယူပြီး လူ့အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်မလဲ ဆိုတာကို ကျနော်တို့ အနေ နဲ့ သဘောပေါက်ရမယ်။ အရင်းရှင်လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် ကျနော်တို့ ခေတ်မှာ၊ တော်လှန်ရေးကို ဦး ဆောင်ပေးနိုင်မယ့် လူတန်းစားက လူအဖွဲ့အစည်းတခုလုံးကို တကယ် မောင်းနှင်လည်ပတ်ပေးနေတဲ့ မြို့ပြ အ လုပ်သမား လူတန်းစားပဲ။ သူတို့ကသာ လူ့အဖွဲ့အစည်းကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ မြို့ပြမှာ စု စည်းနေတဲ့ အရင်းရှင်၊ နယ်ချဲ့တွေရဲ့ အကျိုးစီးပွားကို အဆုံးသတ်ပေးနိုင်စွမ်း ရှိတယ်။ အလုပ်သမား လူတန်း စားမှာသာ အုပ်စိုးသူ လူတန်းစားရဲ့ ပိုင်ဆိုင်မှုကို ပြန်လည်သိမ်းပိုက်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဒီလို ပြန်သိမ်းပြီး လူ့အဖွဲ့အစည်းရဲ့ တကယ့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒီမိုကရေစီနည်းကျ စီမံကိန်းချ စီးပွားရေး စနစ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိတယ်။

အခြားတဖက်က လယ်သမားလူတန်းစား (အထူးသဖြင့် ကျောမွဲ လယ်သမားတွေ) ကြားမှာလည်း တော်လှန် ရေး အင်အားစုတွေ ရှိနိုင်တယ်။ ဒါ‌ပေမယ့် မာ့က်စ် ရှင်းပြခဲ့သလိုပဲ၊ လယ်သမားက အမှီအခိုကင်းကင်း ရပ် တည်နိုင်တဲ့ လူတန်းစား မဟုတ်ဘူး၊ သူတို့ရဲ့ ပြဿနာတွေကို သူတို့ ကိုယ်တိုင် ဦးဆောင် မဖြေရှင်းနိုင်ဘူး။ လယ်သမားတွေဟာ လူ့အဖွဲ့အစည်း တခုလုံးကို ထိန်းချုပ် မောင်းနှင်နေတဲ့ မြို့ကြီးတွေအပေါ် စီးပွားရေးအရ မှီ ခိုထားရတယ်။ ဝေးလံခေါင်သီလှတဲ့ ကျေးလက်ကနေ မြို့ပြကို ပတ်လည်ဝိုင်းတဲ့ နည်းဖြစ်စေ/တခြားနည်းနဲ့ဖြစ် စေ ဘယ်လိုပဲ ဖိအားပေးပေး သူ့ချည်းသက်သက်ဆို အုပ်စိုးသူလူတန်းစားကို ကြီးကြီးမားမား မခြိမ်းခြောက်နိုင် ဘူး။ တော်လှန်ရေးကို ရှေ့တွန်းတင်ရာမှာ လယ်သမားထုက အရေးကြီးတဲ့ မဟာမိတ် အခန်းကနေ ပါဝင်နိုင် တယ် ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ကျေးလက်က လယ်သမားတိုက်ပွဲဟာ မြို့ပြက အလုပ်သမား တိုက် ပွဲတွေနဲ့ သီးခြားကင်းကွာနေလို့ မရဘူး။

ဒါကြောင့် မာ့က်စ်ဝါဒီတွေဟာ အလုပ်သမားထုကြား အမြစ်တွယ်ပြီး ထောက်ခံမှုရအောင် အလုပ်သမားထု ကြားမှာ စိတ်ရှည်လက်ရှည် အလုပ်လုပ်ဖို့ လိုအပ်တယ်၊ ကျေးလက်က ပြောက်ကျားစစ်နဲ့ ရံဖန်ရံခါ မြို့ပေါ်တက် အကြမ်းဖက် တိုက်ခိုက်ရေး နည်းတွေကို ပေါင်းစပ်ထားတဲ့ စီပီပီရဲ့ သေနင်္ဂဗျူဟာကို ကျင့်သုံးနေရင် အလုပ်သ မားထုရဲ့ ထောက်ခံမှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ လက်နက်ကိုင် တော်လှန်ရေးနဲ့ တောတွင်း ပြောက် ကျား စစ်ပွဲတွေဟာ တော်လှန်ရေး သမားတွေနဲ့ အလုပ်သမားတွေကို ပေါင်းစည်းပေးမယ့် အစား ပိုပြီးဝေးကွာ သွားစေတယ်။ အစိုးရကို တဦးချင်း (လက်တဆုပ်စာက) အကြမ်းဖက် လုပ်ကြံ ပုန်ကန်မှုမျိုးကို အလုပ်သမား ထုက နားလည် သဘောပေါက်မှာ မဟုတ်ဘူး။ အဲဒီအစား တော်လှန်ရေးသမားတွေကို သူတို့လုံခြုံရေး ထိပါး နှောက်ယှက်မယ့် အန္တရာယ်ကောင်တွေလို့ ထင်မြင်သွားနိုင်တယ်။ တော်လှန်ရေးသမားတွေဟာ အလုပ်သမား ထုကို ထိတ်လန့်သွားစေနိုင်တဲ့ စစ်ဆင်ရေးတွေမှာ အဖိုးတန်လှတဲ့ ဘဝတွေကို စွန့်နေမယ့်အစား အလုပ်သမား ထုကြား အမြစ်တွယ်တည်ဆောက်ဖို့ စိတ်ရှည်လက်ရှည် မြှုပ်နှံထားသင့်တယ်။

“ရန်သူ အင်အားချိနေတဲ့ မြို့ပြက နေရာတွေကို အရှိုက်ထိုးသွားရေး” လို့ စီပီပီ-အန်ပီအေ ပြောတဲ့ တဦးချင်း (လက်တဆုပ်စာက) အကြမ်းဖက် လုပ်ကြံပုန်ကန်ခြင်း (individual terrorism) ရဲ့ သဘောတရား ချို့တဲ့မှုတွေ လက်တွေ့ပိုင်း အားနည်းချက်တွေကို လီယွန်ထရော့စကီးက “Why Marxists Oppose Individual Terrorism” ဆောင်းပါးထဲမှာ ၁၉၁၁ ခုနှစ်တုန်းက အကျယ်တဝင့် ရှင်းပြခဲ့တယ်။

“ကျနော်တို့အမြင်မှာ တဦးချင်း အကြမ်းဖက်လုပ်ကြံတာကို လုံးဝလက်မခံနိုင်ဘူး။ ဒါက ကိုယ်တိုင် နိုးကြားထ ကြွလာမယ့် လူထုရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေတယ်။ လူထုကို အစွမ်းအစမဲ့ အနေအထားမှာ အသားကျ သွားစေတယ်၊ လူထုအနေနဲ့ သူရဲကောင်းတယောက်၊ ကယ်တင်ရှင်တယောက် တနေ့နေ့မှာ ပေါ်လာပြီး သူတို့ ဘဝတွေကို ပြောင်းလဲပေးမယ်လို့ ထင်မြင်သွားစေတယ်။ “လက်တွေ့လုပ်ပြပြီး လှုံ့ဆော်စည်းရုံးခြင်း” လို့ ဆိုကြ တဲ့ အနားခစ်(စ်) ဆရာသမားတွေကတော့ သူတို့လိုချင်တာ ဒီလို အကြမ်းဖက်မှုတွေ လုပ်ပြခြင်းအားဖြင့် လူထု ကို နှိုးဆော်ပေးဖို့၊ နိုးကြားမှုကို တွန်းတင်ပေးဖို့ပဲလို့ ငြင်းချက်ထုတ်နိုင်တယ်။ ဒါပေမယ့် သဘောတရားရေး ဆန်းစစ်မှုတွေ၊ နိုင်ငံရေး လက်တွေ့တွေက ဒီငြင်းချက်ကို ပြောင်းပြန် သက်သေထူနေတယ်။ အကြမ်းဖက် လုပ် ကြံရေးတွေ ပိုထိရောက်လာလေ၊ သက်ရောက်မှု အားကြီးလာလေ၊ လူထုက ကိုယ်တိုင်ဖွဲ့စည်းခြင်း နဲ့ ကိုယ် တိုင်အသိမြှင့်တင်ရေးတွေမှာ စိတ်ဝင်စားမှု ပိုလျော့နည်းသွားလေပဲ။ လုပ်ကြံတိုက်ခိုက်မှုတွေ ရှင်းလင်းသွားတာ နဲ့ အကြောက်တရား ပျောက်သွားတယ်၊ လုပ်ကြံခံရတဲ့ ဝန်ကြီးနေရာမှာ ဆက်ခံသူ နောက်တယောက် ပေါ် ထွက်လာတယ်။ အဆိုးသံသရာ တကျော့ ပြန်လာတယ်။ အရင်းရှင်တွေရဲ့ သွေးစုပ်ခြယ်လှယ်ရေး လှည်းဘီးက အရင်လို ပြန်လည်ပတ်တယ်။ ရဲဖိနှိပ်ရေးယန္တရားသာ မျက်နှာပြောင်တိုက် ပိုရက်စက် ကြမ်းကြုတ်လာတယ်။ ရလဒ်အနေနဲ့ ဆန္ဒစွဲ မျှော်လင့်ချက်တွေ၊ လုပ်ယူဖန်တီးထားတဲ့ နိုးကြားတက်ကြွမှုတွေ နေရာမှာ စိတ်ပျက်စရာ နဲ့ လက်မှိုင်ချမှုတွေပဲ ဖြစ်လာတယ်။”

CPP ရဲ့ တဦးချင်း အကြမ်းဖက်တိုက်ခိုက်ရေး နဲ့ ပြောက်ကျားစစ် ပေါင်းစပ်ဗျူဟာက အထူးအဆန်းတော့လည်း မဟုတ်ဘူး။ တောင်အမေရိက တိုက်က တော်လှန်ရေး အုပ်စုတွေ ဒီနည်းလမ်းကို စမ်းသပ်ခဲ့ပြီးပြီ။ ဘယ်အုပ်စုမှ မ‌အောင်မြင်ခဲ့ဘူး။ အဲ့ဒီအဖြစ်အပျက်တွေအပေါ် ဝေဖန်သုံးသပ်ပြီး ဗြိတိန် မာ့က်စ်ဝါဒီ သဘောတရား ပညာရှင် တက်(ဒ်)ဂရန့် က ဒီဗျူဟာရဲ့ ပြဿနာကို အခုလို ရှင်းပြခဲ့တယ်။

“ကောင်းကျိုးဆိုးပြစ်ကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ လုပ်မိလုပ်ရာ ထ အကြမ်းဖက်တာတွေ၊ ပြန်ပေးဆွဲတာ တွေ၊ ဘဏ် ဓားပြတိုက်တာတွေက ရဲစွမ်းသတ္တိရှိပြီး ရိုးသားလှတဲ့ လူငယ်အင်အားစုကို အချည်းနှီး ဖြုန်းတီး ပစ်ရာ ရောက်တယ်။ ဒီလူငယ်အင်အားစုတွေဟာ လက်တဆုပ်စာ အုပ်စိုးသူတွေ၊ ရဲတပ်တွေကို ဖြိုဖျက်ပစ်ရေး တကယ့်တိုက်ပွဲတွေနဲ့ ချိတ်ဆက်မှုမရှိဘဲ အုပ်စိုးသူလူတန်းစားရဲ့ လက်ကိုင် စစ်တပ်၊ လျှို့ဝှက် ရဲတွေနဲ့ သီးခြား တိုက်နေဖို့ မဟုတ်ဘူး။

အမျိုးသားလွတ်မြောက်ရေး နဲ့ လူ့အဖွဲ့အစည်း လွတ်မြောက်ရေး တိုက်ပွဲတွေမှာ အလုပ်သမား လူတန်းစားကို စု စည်းထားမှသာ ဆိုရှယ်လစ်တော်လှန်ရေးကို အောင်မြင်နိုင်မယ်၊ ဒီတော့မှသာ ခိုင်ခံ့တဲ့ လမ်းကြောင်းတွေကို ရှင်သန်ဖွံ့ဖြိုးစေမယ်။ ဒီလို အလုပ်သမားထု အခြေခံတဲ့ နည်းဗျူဟာကို အင်မတန် ခက်ခဲတယ်လို့ ထင်နိုင် တယ်။

အရင်းရှင် နိုင်ငံတော်ကို ပုန်ကန်ဖို့ မြို့ပြ ပြောက်ကျားတပ် ဖွဲ့ရမှာ မဟုတ်ဘူး၊ အလုပ်သမား လူတန်းစားကို စုရုံး ပြီး လက်နက်တပ်ဆင်ထားရမယ်။ စစ်တပ် ရဲတပ် အခြေပြု အာဏာရှင်စနစ်ကို စုစည်းထားတဲ့ အလုပ်သမား လူတန်းစားရဲ့ လက်နက်အင်အားနဲ့ ဆန့်ကျင် တိုက်ပွဲဆင်ရမယ်။ အခြေအနေက လိုအပ်လို့ တောင်းဆိုလာတာ နဲ့ ပစ္စည်းမဲ့ လူတန်းစားမှာ လိုအပ်တဲ့ လက်နက်တွေ ရလာလိမ့်မယ်။ အလုပ်သမားထုကို ဆန့်ကျင် တိုက်ပွဲဝင် ခိုင်းတဲ့ စစ်တပ်ကို လယ်သမား အများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်၊ လူထုအုံကြွမှု ဖြစ်လာတဲ့အခါ လယ်သမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်အတွင်း အက်ကွဲထွက်လာလိမ့်မယ်၊ တော်လှန်ရေးဘက်ကို ကူးလာတာတွေ ရှိမယ်။ ပစ္စည်းမဲ့ လူတန်းစားရဲ့ တိုက်ပွဲအလံမှာ ထိုးတင်ထားတဲ့ မြေယာတော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေနဲ့ လယ်သမားစစ်တပ်ကို တော်လှန်ရေးဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းနိုင်တယ်၊”

ဘာတွေ အောင်ခဲ့ပြီလဲ

အပေါ်မှာ ပြောခဲ့တဲ့ အယူအဆကို စီပီပီ ရဲ့ ခေါင်းဆောင်ပိုင်းက လက်မခံဘူး။ CCP ရဲ့ ထိပ်သီးခေါင်းဆောင်က Jose Maria Sison ဖြစ်တယ်။ ဆစ်ဆန် က ကျေးလက်အခြေခံ ပြောက်ကျားစစ်ဗျူဟာကို တဖက်မှာ ကျင့်သုံး တယ်၊ အခြားတဖက်မှာကျ ဆစ်ဆန်နဲ့ စီပီပီ ဟာ မြို့ပြ အလုပ်သမားထုက အမျိုးသားဓနရှင်တွေကို သိမ်းသွင်း သင့်တယ်လို့ ယုံကြည်ထားတယ်၊ အမျိုးသားဓနရှင်တွေကို “အမျိုးသား ညီညွတ်ရေး တပ်ဦးရဲ့ တိုးတက်သော အင်အားစု” လို့ CCP ခေါင်းဆောင်တွေက လက်ခံထားတယ်။ ဒီတော့ ဘာတွေ ဖြစ်လာလဲ။

သူတို့ မျှော်လင့်သလို အန်ပီအေ ကနေ ကျေးလက်ဒေသမှာ လူထုထောက်ခံမှု မတည်ဆောက်နိုင်ဘဲ၊ အန်ပီ အေ ကိုယ်တိုင် အင်အားပြုန်းတီးသွားတယ်။ ၁၉၈ဝမှာ အင်အား နှစ်သောင်းရှိရာကနေ ဒီကနေ့ အင်အား ငါး ထောင် ဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ ဒူတာတေ တစောက်ကန်း လုပ်နေတဲ့ အနီတံဆိပ်ကပ် ကမ်ပိန်းရဲ့ အပြစ်ပုံချရာ ဖြစ်နေတဲ့အပြင်၊ စီပီပီ ဟာ ဘယ်နေရာမှ အာဏာသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူး (၀ါ) လူထု ကြား သြဇာလွှမ်းမိုးမှုတောင် မရှိဘူး။

ပါတီအင်အား သေးကျံူ့သွားခြင်းနဲ့ သြဇာကျသွားခြင်းဟာ ကျေးလက်မှာ သီးခြားကင်းကွာနေမှုရဲ့ မလွဲမသွေ ထွက်ပေါ်လာသော ရလဒ်ပဲ၊ ဆစ်ဆန်နဲ့ တခြားခေါင်းဆောင်တွေရဲ့ “တိုးတက်သော အမျိုးသား ဓနရှင်တွေ” နဲ့ ပူးပေါင်းရေး လုပ်ရပ်ကြောင့်လည်း ကွန်မြူနစ်တွေအပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းခဲ့တယ်။ “တိုးတက်သော အမျိုးသား ဓနရှင်” လူတန်းစားဆိုတာ ဖိလစ်ပိုင်လို နိုင်ငံတွေမှာ မတည်ရှိနိုင်ဘူး။ ဒီလိုတိုင်း ပြည်တွေက အမျိုးသားဓနရှင်အားလုံးဟာ အရင်းရှင်နယ်ချဲ့စနစ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပူးတွဲချည်နှောင်ထား ခံရတယ်၊ ဒါကြောင့် တော်လှန်ရေးနဲ့ ပူးပေါင်းမယ့်အစား အခြေခံ အကျိုးစီးပွားအရ ရန်လိုနေတယ်။ ဒါကြောင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား တော်လှန်ရေးကို အလုပ်သမား လူတန်းစားကပဲ ဦးဆောင်ပြီး ပြည်တွင်းအ ရင်းရှင်စနစ်ကိုပါ တခါတည်း ဖြိုချရမယ်။ ဘူဇွှာလူတန်းစားက အုပ်စိုးသူ လူတန်းစား ဆက်ဖြစ်နေတဲ့ “ပိုတိုး တက်သော” အမျိုးသား အရင်းရှင်စနစ်ကို တည်ဆောက်ရမှာ မဟုတ်ပေ။ ဒီသဘောတရားကို ထရော့စကီးရဲ့ “စဉ်ဆက်မပြတ် တော်လှန်ရေး” သီအရီမှာ ရှင်းပြထားတယ်။ လက်တွေ့အရလည်း ဒီသဘောတရား မှန်ကန် ကြောင်း ကမ္ဘာ့နေရာ အနှ့ံအပြားမှာ သက်သေပြခဲ့ပြီးပြီ။

ဖိလစ်ပိုင်နိုင်ငံမှာ “တိုးတက်သော အမျိုးသား ဓနရှင်တွေ” မရှိတာကြောင့် ဆစ်ဆန် ခေါင်းဆောင်ပိုင်းက တိုး တက်တယ် ထင်ရတဲ့ ဘူဇွာ နိုင်ငံ‌ရေးသမားတွေကို ထောက်ခံခဲ့ကြတယ်။ ဒီလို တိုးတက်တယ်လို့ သူတို့ထင်ကြ တဲ့ ဘူဇွှာနိုင်ငံရေးသမားတွေက တခြားသူတွေမဟုတ်ဘူး၊ ၁၉၆၅ ခုနှစ်က အာဏာရှင် ဖာဒီနန် မားကို့(စ်) နဲ့ လက်ရှိ အာဏာရနေတဲ့ ဒူတာတေ တို့ပဲ။ ၂၀၁၆ ဒူတာတေ ရွေးကောက်ပွဲမတိုင်မီမှာ ဆစ်ဆန်က ဒူတာတေ ကို ငြိမ်းချမ်းရေး ဖော်ဆောင်သူ တယောက်လို ပုံဖော်ခဲ့တယ်၊ ဒူတာတီ ဘက်က စီပီပီ ကို ကက်ဘိနက် ရာထူး တွေနဲ့ မျှားခဲ့တယ်။ ဆစ်ဆန်ဟာ ဒူတာတီကို တရားဝင်မထောက်ခံခဲ့ပေမယ့် လိုလားကြောင်း ပြခဲ့တယ်၊ ဒူတာ တေရဲ့ ဆရာဖြစ်ခဲ့ဖူးတာကို ဂုဏ်ယူဝံ့ကြွားခဲ့တယ်။ “အမေရိကကို အံတုရဲတဲ့ ဒူတာတေးရဲ့ စရိုက်” ကို ချီးကျူး ခဲ့တယ်။ (ဒီမှာကြည့်ပါ)

https://newsinfo.inquirer.net/.../joma-sison-talks-about...

အဲ့ဒီအချိန်မှာ ဒူတာတေး က တပြည်လုံးမှာ မိုက်ကြေးခွဲ ရက်စက်တတ်တဲ့ ဖောက်ပြန်ရေးသမားတယောက် အဖြစ် နာမည်ကျော်ကြားနေပြီ။ လွန်ခဲ့တဲ့လေးနှစ်က “အမျိုးသား ညီညွတ်ရေး လုပ်ဖို့ကောင်းတယ်”လို့ ဆစ် ဆန် အခိုင်အမာ ပြောဆိုခဲ့တဲ့ အုပ်ချူပ်ရေး ယန္တရားကြီးကြောင့် အခုချိန်မှာ စီပီပီ-အန်ပီအေ အောက်ခြေ သာ မန် ရဲဘော်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရပြီ။

ဘယ်က စကြမလဲ

ဒူတာတေဟာ ဖိလစ်ပိုင် အရင်းရှင်တွေရဲ့ အကျိုးစီးပွားကို အဆုံးစွန် ကာကွယ်ပေးမယ့် ကိုယ်စားလှယ် အနေနဲ့ လက်ဝဲသမားတွေနဲ့ အလုပ်သမားလူတန်းစားကို မလွဲမသွေ ဆန့်ကျင် တိုက်ခိုက် လိမ့်မယ်လို့ စစ်မှန်တဲ့ မာ့က်စ် ၀ါဒီ ပါတီတခုဟာ ကြိုသိနိုင်တယ်။ ဆစ်ဆန်နဲ့ စီစီပီ ခေါင်းဆောင်တွေ အကြိမ်ကြိမ် လုပ်ခဲ့သလို ဘူဇွှာနိုင်ငံ ရေးနဲ့ အရင်းရှင်စနစ်အပေါ် ယုံကြည်မှုအမှားတွေ သွတ်သွင်းပေးမယ့်အစား မာ့က်စ်ဝါဒီတွေက အလုပ်သမား လူတန်းစားအဖို့ ဘယ်ဘူဇွှာကိုမှ မယုံကြည်ဘဲ မိမိတို့ကိုယ်တိုင် စုစည်းတိုက်ပွဲဝင်ရမယ် သတိပေးလိမ့်မယ်။ ဒီ ကိုယ့်အားကိုယ်ကိုး လမ်းစဉ်ကသာ ပါတီဝင်ရဲဘော်တွေကို ဒွိဟမဖြစ်စေဘဲ တော်လှန်ရေးခရီး ရှေ့ဆက်တိုးနိုင် မယ့် တခုတည်းသော လမ်းပဲ။

ဖိလစ်ပိုင်နိုင်ငံမှာ အခုလို တော်လှန်ရေး ခေါင်းဆောင်မှုကို အောက်ခြေကနေ တည်‌ဆောက်ဖို့ လိုအပ်နေတယ်။ မာ့က်စ်၊ အန်းဂယ်စ်၊ လီနင်၊ ထရော့စကီး တို့ရဲ့ သဘောတရားတွေအပေါ် အခြေခံထားမှသာ တည်ဆောက်နိုင် မယ်။ ဆစ်ဆန်နဲ့ CPP ခေါင်းဆောင်ပိုင်းက ဒါမျိုး လုပ်နိုင်စွမ်း မရှိဘူး။ ဒါပေမယ့် IMTက ဒီသဘောတရား တွေပေါ် အခြေခံထားတဲ့ တော်လှန်ရေး အဖွဲ့အစည်းတခုကို နိုင်ငံပေါင်း သုံးဆယ်ကျော်မှာ တည်ဆောက်နေ တယ်။ ဖိလစ်ပိုင်က ရိုးသားဖြောင့်မတ်တဲ့ တော်လှန်ရေးသမား ဘယ်သူမဆို ကျနော်တို့နဲ့ ပူးပေါင်းကြဖို့ ဖိတ်ခေါ် ပါတယ်၊ ဒူတာတေနဲ့ သူကိုယ်စားပြုထားတဲ့ အိုမင်းဆွေးမြေ့နေသော စနစ်ကို ဖြိုချဖို့ ဖိလစ်ပိုင် လူထု လိုအပ်နေ တာ စစ်မှန်တဲ့ မာက်စ်ဝါဒပဲ။