Burmese

  • နယ်ချဲ့စနစ်၊ ပြည်တွင်းစစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး

    ၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ကို ကူးပြောင်းသွားခဲ့ပါပြီ။ ၂၀၂၄ တနှစ်လုံးကို ပြန်ကြည့်လိုက်ရင် တကမ္ဘာလုံးမှာ မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေ အမြောက်အများ တွေ့ရလိမ့်မယ်။ ဒီကနေ့ခေတ်က ဆိုဗီယက် ပြိုကျပြီးနောက်ပိုင်း အမေရိကန် တဗိုလ်တည်း ကြီးစိုးနေတဲ့ ကမ္ဘာ့စနစ် ပျက်ယွင်းလာပြီး ကမ္ဘာ့ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်နေတဲ့ ခေတ်။ တက်သစ်စ နယ်ချဲ့ပါဝါတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်က တစတစ အကျဘက် ရောက်လာတဲ့ အမေရိကန် နယ်ချဲ့ကို ပုခုံးချင်း ယှဉ်လာတယ်။

  • စစ်အာဏာရှင်စနစ်၊ တရုတ်ဖိအားနဲ့ ဗမာ့ ပြည်တွင်းစစ်

    ဒီရက်ပိုင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ မြန်မာနောင်း သတင်းဆောင်းပါးနဲ့ စချင်ပါတယ်။ ‘မင်းအောင်လှိုင် စစ်အုပ်စု ပြုတ်ကျမည်ကို တရုတ်က မလိုလားကြောင်း လျှို့ဝှက် အစည်းအဝေး မှတ်တမ်းက ဖော်ပြနေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနောင်းက အောက်တိုဘာ ၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ‘လျှို့ဝှက် အစည်းအဝေး မှတ်တမ်း’ ဆိုတာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို ဆိုလိုပါတယ်။ ဝ တပ်ဖွဲ့နဲ့ နီးစပ်သူကို ကိုးကားပြီး ဒီအစည်းအဝေး တကယ် ရှိခဲ့ကြောင်း၊ အခု ပေါက်ကြားလာတဲ့ လျှို့ဝှက် မှတ်တမ်းထဲက အချက်အလက် အတော်များများ မှန်ကန်ကြောင်း ဘီဘီစီ သတင်းက ဆိုပါတယ်။

    ...
  • ‘ဆိုရှယ်လစ်စနစ်လား၊ အရင်းရှင်စနစ် ဘာဘရစ်ဇင်လား’

    အိုမင်းရင့်ရော်ပြီး ပျက်ကပ်ဆိုက်နေတဲ့ အရင်းရှင်စနစ်ဟာ သူနေရမယ့် သက်တမ်းကို ကျော်လွန်နေတာ ကြာခဲ့ပြီ။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်သော နယ်ချဲ့စနစ်ခေတ်မှာ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်၊​ ငတ်မွတ်ခေါင်းပါးမှုနဲ့ မရေမတွက်နိုင်သော အနိဋ္ဌာရုံတွေကိုပဲ မွေးထုတ်ပေးတယ်။ အစ္စရေး နိုင်ငံတော်က ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲကြီးဟာ အရင်းရှင် နယ်ချဲ့စနစ်ရဲ့ အထင်ရှားဆုံး ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပါတယ်။ 

  • ဗမာ့ ပြည်တွင်းစစ်နဲ့ မာ့(က်စ်)ဝါဒအမြင်

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဘက်က အောင်ပွဲတွေ ကြီးကြီးမားမား ရရှိထားတယ်။ အာဏာသိမ်း စစ်တပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိူးကို လက်လွှတ်ဆုံးရှူံးလိုက်ရပြီ။ သမ္မတရူး ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရအဖို့ အလွန်ပြင်းထန်တဲ့ ထိုးနှက်ချက်ကြီး ဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုအတွင်းမှာလဲ အကြီးအကျယ် အကျပ်ရိုက်နေပါပြီ။ 

  • လီနင်ဘက်က ခုခံချေပခြင်း

    ကြီးမြတ်သော မာ့က်စ်ဝါဒီတယောက်လည်းဖြစ်၊ ရပ်ရှားတော်လှန်ရေး ခေါင်းဆောင်တယောက်လည်း ဖြစ်တဲ့ လီနင်ဟာ လွန်ခဲ့သော နှစ်တရာက ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ရက်နေ့မှာ ဆုံးပါးသွားခဲ့တယ်။ ဒီမတိုင်ခင်က လုပ်ကြံရေးသမားတဦး ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် လီနင် ချက်ချင်းမသေခဲ့ပေမယ့် နောက်ဆက်တွဲ ရောဂါတွေနဲ့ ဆုံးသွားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဘူဇွှာသမိုင်းပညာရှင်တွေ၊ အရင်းရှင်စနစ် ဘက်တော်သားတွေကနေ အစပြုလို့ အမျိုးမျိုးသော ပြုပြင်ရေးဝါဒီတွေ၊ လစ်ဘရယ်တွေနဲ့ အနာ့ခစ်(စ်) ပေါင်းစုံဟာ လီနင့်နာမည်ကို အသရေဖျက်ဖို့၊ လီနင့်အတွေးအမြင်တွေကို ပုံဖျက်ဖို့အတွက် တောက်လျှောက် ကြိုးစားခဲ့ကြတယ်။ ဒီလူတွေက နေ့ရှိသရွေ့ လီနင်၊ မာ့က်စ်ဝါဒနဲ့ ရပ်ရှားတော်လှန်ရေးကို နာမည်ဖျက်ဖို့လောက်ပဲ သူတို့အလုပ်လို့ မှတ်ထားကြတာ။ သူတို့ ဒီလိုလုပ်နေတာ

    ...
  • မာ့က်စ်ဝါဒဆိုင်ရာ သိကောင်းစရာ အခြေခံ အမေးအဖြေများ

     

  • သရောကြီးခိုင်းမယ့် နှစ်၊ လူတန်းစား တိုက်ပွဲ ပြင်းထန်လာမယ့် နှစ်

    မကြာခင် မြန်မာနှစ်သစ်ကူးပါတော့မယ်။ ဗမာပြည်တွင်းက အဖိနှိပ်ခံ လူထုကြီးအဖို့ သာယာပျော်ရွှင်ဖွယ် သင်္ကြန် အခါသမယကို မဆင်နွှဲရတာ ကြာခဲ့ပါပြီ။ သင်္ကြန်မှာ မပျော်နိုင်ကြတဲ့အပြင် လက်ငင်းရင်ဆိုင်နေကြရတဲ့ ဒုက္ခတွေကလဲ တနင့်တပိုး။ ကျပ်ငွေတန်ဖိုး ထိုးကျပြီး ငွေကြေးဖောင်းပွနေလို့ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေလို့ ထမင်းနပ်မမှန်တဲ့ မိသားစုတွေ၊ အလုပ်လက်မဲ့ လူငယ်တွေ၊ သီးနှံအထွက်နှုန်း ထိုးကျနေတာတွေ၊ ပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံတွေ။ ဒါ့အပြင် ကမ္ဘာ့အပူဆုံး မြို့များစာရင်းထဲ ဝင်သွားတဲ့အထိ ပူလောင်လွန်းတဲ့ အယ်နီညို ရာသီဥတု၊ မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောပြီး သောက်ရေသုံးရေ ရှားပါးလာတဲ့ ပြဿနာ၊ မီးခဏခဏ ပျက်လွန်းလို့ နေ့တဓူဝ အိမ်မှုကိစ္စကနေ လုပ်ငန်းခွင်အသီးသီးအထိ လည်ပတ်စရိတ် ကြီးမြင့်ကုန်တာ၊ ကောင်းကောင်း

    ...
  • အယ်ဒီတာ့အာဘော်: We Are Bolsheviks

    စက်တင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးထွက်ခဲ့တဲ့ The Struggle မဂ္ဂဇင်းကို အောက်တိုဘာ တော်လှန်ရေး နှစ်ပတ်လည် နိုဝင်ဘာ ၇ ရက်နေ့မှာ issue အသစ်ထွက်ဖို့ ရည်မှန်းခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မထွက်နိုင်ခဲ့ပါဘူး။ ဒီနှစ်လကျော်အတွင်း ဖြစ်ရပ်တွေကလဲ အလျင်အမြန် ပြောင်းလဲလျက်ရှိတယ်။

  • အယ်ဒီတာ့အာဘော်

    Dialectics teaches us that everything changes into its opposites.

  • ဗမာပြည် အရင်းရှင်စနစ် ပျက်ကပ်

    ဒီကနေ့ အရင်းရှင်စနစ် အကြပ်အတည်းဟာ ၁၉၂၉-၃၀ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး အကြပ်အတည်း ဖြစ်ပါတယ်။ ကမ္ဘာ့ အရင်းရှင်စနစ်တခုလုံး ကပ်ဆိုက်နေတဲ့ ကာလ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ ဗမာပြည် အရင်းရှင်စနစ် အကြပ်အတည်းဟာ ပိုသိပ်သည်း ပြင်းထန်တယ်လို့တောင် ဆိုနိုင်တယ်။ တနည်းအားဖြင့် ကမ္ဘာ့ အရင်းရှင်စနစ် အကြပ်အတည်းရဲ့ acute expression လို့ ပြောရပါလိမ့်မယ်။

  • မာ့(က်စ်)ဝါဒ၊ ငွေကြေးနဲ့ ငွေကြေးဖောင်းပွမှု

    ၂၀၂၃ ဇူလိုင် ၃၁ရက်နေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေ ရိုက်ထုတ်တော့မယ်ဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကြေငြာချက် ထွက်ပေါ်လာခဲ့တယ်။ “ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူတို့နှင့် တန်ဖိုးတူ လဲလှယ်ခြင်းဖြင့်သာ ဖြန့်ဝေသွားမည်”လို့ ဘယ်လိုပဲပြောပြော ယုံစရာ မရှိပါ။ မင်းအောင်လှိုင်တို့ကိုယ်တိုင်လည်း ယုံယုံကြည်ကြည် ပြောရဲပုံမရပါ။ 

  • ဘော်ရှီဗစ်ဇင်လား၊ စတာလင်-မော်ဝါဒလား

    ဗမာပြည်ကို မာ့(က်စ်)ဝါဒဆိုပြီး စတင်ရောက်ရှိလာကတည်းက genuine မာ့(က်စ်)ဝါဒ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ စတာလင်ခေါင်းဆောင်တဲ့ ဗျူရိုကရေစီက အောက်တိုဘာ တော်လှန်ရေး အစဉ်အလာနဲ့ ဘော်ရှီဗစ် method တွေကို ဖျက်စီးပစ်ထားပြီးပြီ၊ ဒါ့အပြင် လီနင့်ပါတီကို physical destruction ပါ လုပ်ထားပြီးပြီ။

  • [ဂန္ထဝင်] In Defence Of October

    ၁၉၃၂ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့၊ ကိုပင်ဟေဂင် (ဒိန်းမတ်) မှာ လီယွန် ထရော့စကီး မိန့်ခွန်းတခု ပြောခဲ့တယ်။ အောက်တိုဘာ တော်လှန်ရေး၁၅နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ခြင်းဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေးကို ခုခံကာကွယ်ရင်း ၁၉၁၇ ရုရှားမှာ အမှန်တကယ် ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်တွေကို သမိုင်းအမှန်ဖြစ်အောင် ဖော်ထုတ်ပြခဲ့တယ်။ စတာလင်ဝါဒီတွေ တင်ပြနေကျ ပုံဖျက်ထားတဲ့ ဗားရှင်းနဲ့ ဆန့်ကျင်ဖက် ဖြစ်နေမယ်။

  • ပဋိပက္ခကို အရှိန်မြှင့်တင်လိုက်တဲ့ ပူတင်

    Jorge Martin and Fred Weston တို့ရေးတဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆောင်းပါး “Ukraine: Putin ups the ante by recognising the Donbas republics and sending in troops” ကို ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးစဉ်က ယူကရိန်း တပြည်လုံးကို ရုရှားစစ်တပ်တွေ ဝင်ရောက်ကျူးကျော်ခြင်း မရှိသေးပါဘူး၊ ဒွန်းဘတ်(စ်)ဒေသကိုပဲ ရုရှား စစ်တပ်တွေ ဝင်ရောက်ထားသေးချိန် ဖြစ်ပါတယ်။ ဖြစ်ရပ်တွေက အချိန်တိုအတွင်း တဟုန်ထိုး ဖြစ်ပေါ်သွားခဲ့တယ်။ ဒါပေမယ့် ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အကျိုးစီးပွားတွေကို နားလည်ဖို့၊ ဘာ့ကြောင့် ဒီအခြေဆိုက်ခဲ့သလဲ ဆန်းစစ်နိုင်ဖို့ဆိုရင် အခုဆောင်းပါးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆပြီး ဘာသာပြန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အယ်ဒီတာ့မှတ်ချက်။

  • အဲဗားဂရန်ဒီ အိမ်ခြံမြေလုပ်ငန်း ပြိုလဲလာခြင်း နှင့် တရုတ် လက္ခဏာဆောင်သော အရင်းရှင်စနစ် (2)

    အရင်းရှင်စနစ်ကျင့်သုံးပြီးတဲ့နောက် ကမ္ဘာ့စီးပွားရေးမှာ ထိပ်တန်းရောက်လာတဲ့ တရုတ်နိုင်ငံဟာ အခုဆိုရင် စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့လာရပါတယ်။ အကြောင်းအရင်းက‌တော့ တရုတ်ရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းစုကြီး Evergrande က ပြိုလဲခါနီး အခြေအနေမှာ ရောက်နေပြီးအကြွေး ကန်‌‌ဒေါ်လာ ၃၀၀ ဘီလီယံကျော် တင်နေပါတယ်။ ဒီဖြစ်ရပ်က ၂၀၀၇-၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘဏ်ချေးငွေဂယက် ( subprime mortgage crisis ) နဲ့ အဖြစ်ချင်းတူနေပါတယ်။ ဒါ‌ကြောင့် အခုနှစ်မှာ တရုတ်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကန်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာမျိုး ကြုံတွေ့နေရပြီး အရင်းရှင်စနစ်ရဲ့ ဘေးကျပ်နံကျပ်ကာလအတွင်း ရောက်ရှိနေပါတယ်။

Page 1 of 4