စစ်မီးမွှေးတဲ့ အစ္စရေး ၂၀၂၅၊ ဇွန်လ (၁၃) ရက်နေ့မှာ အစ္စရေးက အီရန်ကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့တယ်။ အစ္စရေးဘက်က တမင် ရန်စလိုက်တဲ့ “unprovoked” ထိုးစစ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ယူကရိန်းက ရုရှားကို စတင်တိုက်ခိုက်ချိန်မှာ အနောက်က မီဒီယာကြီးတွေ (သူတို့နောက် သံယောင်လိုက်ရတဲ့ ပြည်တွင်း မီဒီယာတွေ) ဘယ်လို အော်ခဲ့ကြလဲ မှတ်မိကြဦးမယ် ထင်တယ်။
အရင်းရှင်နယ်ချဲ့ပါဝါတွေကြား ကြေမွပျက်စီးခဲ့ရတဲ့ ယူကရိန်း သောကြာနေ့က အမေရိကန် oval office မှာ ဒေါ်နယ်ထရမ့်နဲ့ ဇယ်လင်စကီးတို့ တွေ့ဆုံပွဲ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာကို လူအများ တွေ့လိုက်ကြရတယ်။ ထင်မြင်ချက်တွေလဲ အမျိုးမျိုးပေါ့လေ။ မီဒီယာတချို့ ဖော်ပြတဲ့ ဖြတ်ညှပ်ကပ် ဗီဒီယိုဖိုင်တွေလောက်ပဲ ကြည့်ရရင် အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သမိုင်းနောက်ခံကို မေ့နေရင်၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေမှန်ကို မျက်ကွယ်ပြုရင်လဲ အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။
နယ်ချဲ့စနစ်၊ ပြည်တွင်းစစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး ၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ကို ကူးပြောင်းသွားခဲ့ပါပြီ။ ၂၀၂၄ တနှစ်လုံးကို ပြန်ကြည့်လိုက်ရင် တကမ္ဘာလုံးမှာ မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေ အမြောက်အများ တွေ့ရလိမ့်မယ်။ ဒီကနေ့ခေတ်က ဆိုဗီယက် ပြိုကျပြီးနောက်ပိုင်း အမေရိကန် တဗိုလ်တည်း ကြီးစိုးနေတဲ့ ကမ္ဘာ့စနစ် ပျက်ယွင်းလာပြီး ကမ္ဘာ့ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်နေတဲ့ ခေတ်။ တက်သစ်စ နယ်ချဲ့ပါဝါတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်က တစတစ အကျဘက် ရောက်လာတဲ့ အမေရိကန် နယ်ချဲ့ကို ပုခုံးချင်း ယှဉ်လာတယ်။