Burmese

(၃.၁.၂၀၂၀) သောကြာနေ့မနက်စောစောမှာ ထရမ့်အစိုးရက ဘဝင်ရူးရူးပြီး အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ကို သတ်ဖြတ်ခဲ့တယ်။ ဘတ်ဒက်ဒ်လေဆိပ်မှာ အီရတ် အရံတပ်ခေါင်းဆော င် Abu Mahdi al-Mohandes ကိုလည်း သတ်ခဲ့တယ်။ အရှေ့အလယ်ပိုင်း ဒေသတွင်း ပိုပြီး မငြိမ်မသက်ဖြစ်သွားအောင် အမေရိ ကန် နယ်ချဲ့သမားက ထပ်ဂြိုဟ်မွှေလို က်ပြန်ပြီ။

လက်ဘနန်မှာ ပြင်းထန်အားကောင်းလှတဲ့ တော်လှန်ရေးတရပ် ဖြစ်ပေါ်နေတယ်။ တနိုင်ငံလုံးကို ဖြန့်ကျက်ထား တဲ့ လှုပ်ရှားမှုတခုဖြ စ်ပြီး နိုင်ငံရေးအခြေအ နေတရပ်လုံးကို ကိုင်လှုပ်ပြောင်းလဲပစ်လိုက်တယ်။

အပြည်ပြည်ဆိုင်ရာ ရာသီဥတုသပိတ်လှုပ်ရှားမှုကြောင့် ကမ္ဘာနဲ့အ၀ှမ်း တော်လှန်ရေးဒီရေလှိုင်းတွေ တလှိမ့် လှိမ့်တက်လာတယ်။ ပြီးခဲ့တဲ့နှစ်ကတင်၊ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရက်တွေအတွင်း နိုင်ငံပေါင်း တရာကျော်က သန်းပေါင်းများစွာသော လူငယ်တွေဟာ စာသင်ကျောင်းပရ၀ုဏ်ရဲ့ အပြင်ကိုထွက်လာကြပြီး အနာဂတ်အတွက် သောကြာနေ့ တိုက်ပွဲတွေ (‘Fridays for Future’ protests) မှာ ပါဝင်ခဲ့ကြတယ်၊ ရာသီဥတု ကပ်ဘေးကို ဆန့် ကျင်တိုက်ဖျက်ဖို့ရာ လုပ်စရာရှိတာတွေ ချက်ချင်းလုပ်ကြဖို့လည်း တောင်းဆိုခဲ့ကြတယ်။

ကက်(ရှ်)မီးယားနဲ့ပတ်သက်လို့ မိုဒီအစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် (အာရှ)ဒေသတခုလုံး ထိတ်လန့်တုန်လှုပ်သွားတယ်။ သြဂုတ်လ ၅ရက်နေ့တုန်းက အငြင်းပွားနေတဲ့ ဂျမ်မူ အိန္ဒိယပြည်နယ်နဲ့ ကက်(ရှ်) မီးယားပြည်နယ်တို့ရဲ့ နှစ်ပေါင်း ၇၀ကြာ အဆင့်နေရာကို (အိန္ဒိယ)သမ္မတအမိန့်တခုတည်းနဲ့ ပယ်ဖျက်ပစ်လိုက် တယ်။ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်ကိုလည်း ဘာဒီမိုကရေစီ လုပ်ထုံးလုပ်နည်းမှ ကျင့်သုံးမနေပဲ ချက်ချင်းပယ်ဖျက်ပစ်ခဲ့တယ်။

Page 3 of 3