အရင်းရှင်နယ်ချဲ့ပါဝါတွေကြား ကြေမွပျက်စီးခဲ့ရတဲ့ ယူကရိန်း သောကြာနေ့က အမေရိကန် oval office မှာ ဒေါ်နယ်ထရမ့်နဲ့ ဇယ်လင်စကီးတို့ တွေ့ဆုံပွဲ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာကို လူအများ တွေ့လိုက်ကြရတယ်။ ထင်မြင်ချက်တွေလဲ အမျိုးမျိုးပေါ့လေ။ မီဒီယာတချို့ ဖော်ပြတဲ့ ဖြတ်ညှပ်ကပ် ဗီဒီယိုဖိုင်တွေလောက်ပဲ ကြည့်ရရင် အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် သမိုင်းနောက်ခံကို မေ့နေရင်၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေမှန်ကို မျက်ကွယ်ပြုရင်လဲ အမြင်က တမျိုး ဖြစ်ပါလိမ့်မယ်။
နယ်ချဲ့စနစ်၊ ပြည်တွင်းစစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး ၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ကို ကူးပြောင်းသွားခဲ့ပါပြီ။ ၂၀၂၄ တနှစ်လုံးကို ပြန်ကြည့်လိုက်ရင် တကမ္ဘာလုံးမှာ မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေ အမြောက်အများ တွေ့ရလိမ့်မယ်။ ဒီကနေ့ခေတ်က ဆိုဗီယက် ပြိုကျပြီးနောက်ပိုင်း အမေရိကန် တဗိုလ်တည်း ကြီးစိုးနေတဲ့ ကမ္ဘာ့စနစ် ပျက်ယွင်းလာပြီး ကမ္ဘာ့ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်နေတဲ့ ခေတ်။ တက်သစ်စ နယ်ချဲ့ပါဝါတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်က တစတစ အကျဘက် ရောက်လာတဲ့ အမေရိကန် နယ်ချဲ့ကို ပုခုံးချင်း ယှဉ်လာတယ်။
စစ်အာဏာရှင်စနစ်၊ တရုတ်ဖိအားနဲ့ ဗမာ့ ပြည်တွင်းစစ် ဒီရက်ပိုင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ မြန်မာနောင်း သတင်းဆောင်းပါးနဲ့ စချင်ပါတယ်။ ‘မင်းအောင်လှိုင် စစ်အုပ်စု ပြုတ်ကျမည်ကို တရုတ်က မလိုလားကြောင်း လျှို့ဝှက် အစည်းအဝေး မှတ်တမ်းက ဖော်ပြနေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနောင်းက အောက်တိုဘာ ၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ‘လျှို့ဝှက် အစည်းအဝေး မှတ်တမ်း’ ဆိုတာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ အစည်းအဝေး မှတ်တမ်းကို ဆိုလိုပါတယ်။ ဝ တပ်ဖွဲ့နဲ့ နီးစပ်သူကို ကိုးကားပြီး ဒီအစည်းအဝေး တကယ် ရှိခဲ့ကြောင်း၊ အခု ပေါက်ကြားလာတဲ့ လျှို့ဝှက် မှတ်တမ်းထဲက အချက်အလက် အတော်များများ မှန်ကန်ကြောင်း ဘီဘီစီ သတင်းက ဆိုပါတယ်။ TM media ကလဲ ဒီအစည်းအဝေး မှတ်တမ်း မူရင်းကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ၁၀၀% မှန်ကန်ကြောင်း အာမ မခံနိုင်လို့ ချင့်ယုံကြဖို့လဲ သတိပေးထားပါတယ်။ ဟုတ်ကဲ့၊ ချင့်ယုံပြီးတော့ပဲ ဆန်းစစ်ကြည့်တာပေါ့ ခင်ဗျာ။