“ချေ”ဟာ ပြယုဂ်တခုလား? အာနစ်(စ်)တို ဂွေဗားရားရဲ့ ဘဝနဲ့ အတွေးအခေါ်များ Share Tweetအာနစ်(စ်)တို (ချေ)ဂွေဗားရားကို ဘိုလစ်ဗီးယား စစ်သားတွေက ၁၉၆၇ ခုနှစ်၊ အောက်တိုဘာ ၉ရက်နေ့၊ La Higuera မြို့အနီးမှာ သတ် ဖြတ်ပစ်ခဲ့တယ်။ ဒီစစ်ဆင်ရေးကို စီအိုင်အေနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေက ကြိုးကိုင်စီမံခဲ့တယ်။ ချေကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့မှာ ဂုဏ်ရောင်ထွန်းပြောင်တဲ့ တော်လှန်ရေးသမား အာဇာနည်ကြီးအကြောင်း ဆန်းစစ်သုံးသပ်ချက် စာတမ်းတစောင် ကျနော်တို့ ပြုစုထားဖို့ ကောင်းတယ်။ ချေ ကွယ်လွန်ခြင်း နှစ်(၄၀)ပြည့် အခါသမယမှာ ကနဦး ရေးသားခဲ့တဲ့ ဒီဆောင်းပါးထဲမှာ အယ်လန်ဝု(ဒ်)က ချေ့ငယ်ဘဝက နေ အသတ်ခံခဲ့ရတဲ့ နောက်ဆုံးနေ့အထိ ချေဂွေဗားရား ဆင့်ကဲပြောင်းလဲလာပုံကို လေ့လာထားတယ်။လီနင်က ‘နိုင်ငံတော်နဲ့ တော်လှန်ရေး’ ကျမ်းထဲမှာ ရေးခဲ့တယ် - “မာ့(က်စ်)ရဲ့ သီအိုရီ အခုကြုံနေရသလိုမျိုး သမိုင်းတလျှောက်မှာ တော် လှန်ရေး အတွေးအခေါ်ရှင်ကြီးတွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်နေကြတဲ့ အဖိနှိပ်ခံ လူတန်းစား ခေါင်းဆောင်တွေရဲ့ သီအိုရီတွေလည်း ထပ်တလဲလဲ ကြုံခဲ့ရတယ်။ ကြီးမြတ်သော တော်လှန်ရေး သမားတွေရဲ့ ဘဝတသက်တာလုံးမှာ ဖိနှိပ်သူ လူတန်းစားတွေရဲ့ အမြဲမပြတ် နှောင့် ယှက် စော်ကားခြင်း ခံခဲ့ရတယ်၊ သူတို့ရဲ့ သီအိုရီတွေလည်း ဖိနှိပ်သူ လူတန်းစားရဲ့ ရက်စက်ကြမ်းကြုတ်သော ရန်လိုမုန်းတီးမှုတွေသာ ရရှိခဲ့ တယ်၊ မတော်မတရား လိမ်ညာပုံဖျက်ခြင်းတွေ၊ အသရေဖျက် စော်ကားမှုတွေနဲ့ အမျက်ချောင်းချောင်းထ ဒေါသတွေသာ ရရှိခဲ့တယ်။ သူတို့ ကွယ်လွန်ပြီးတဲ့ နောက်မှာတော့၊ ကြီးမြတ်သော တော်လှန်ရေးသမားကြီးတွေကို ဘာအန္တရာယ်မှမပြုနိုင်တဲ့ ပြယုဂ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ အားထုတ်လာကြတယ်၊ ပြောရရင် သူတော်စင်လို ပုံဖော်လာကြတယ်၊ အဖိနှိပ်ခံ လူတန်းစားတွေကို ‘ဖြေသိမ့်ပေး’နိုင်တဲ့အထိ တော်လှန်ရေး သမားကြီးတွေရဲ့ အမည်နာမတွေကို ဂုဏ်တင်ပသလာကြတယ်၊ ဒီလိုနည်းနဲ့ အဖိနှိပ်ခံ လူတန်းစားတွေကို လှည့်ဖျားထားဖို့ ရည်ရွယ်တယ်၊ တချိန်တည်းမှာပဲ တော်လှန်ရေး သီအိုရီရဲ့ အနှစ်အသားကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားတယ်၊ တော်လှန်ရေး ဓားသွားကို တုံးစေပြီး သရုပ်ဖျက် ပစ်ဖို့ လုံးပမ်းကြတယ်။”ချေဂွေဗားရား ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ချေဟာ ဆိုရှယ်လစ် တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ ပြယုဂ်တခု ဖြစ်လာခဲ့တယ်၊ ကမ္ဘာ တလွှား မော်ဒန် ပေါ့(ပ်) ယဉ်ကျေးမှုရဲ့ အဓိက ရုပ်ပြတခု ဖြစ်လာခဲ့တယ်။ အယ်(လ်)ဘာတို ကော်ဒါ ရိုက်ထားခဲ့တဲ့ ချေ့ဓာတ်ပုံဟာ လူသိများ ထင်ရှားလာတယ်။ တီရှပ်တွေပေါ် တွေ့လာရတယ်၊ ကမ္ဘာတလွှား ဆန္ဒပြပွဲတွေရဲ့ ဘန်းနာတွေပေါ် ရောက်လာတယ်။ ချေဟာ ငါတို့ခေတ်ရဲ့ ပြယုဂ်တခု ဖြစ်လာတယ်။ လီနင် ကွယ်လွန်ပြီးတဲ့နောက်မှာ စတာလင် နဲ့ ဇီနိုးဗီးယက်တို့ ခေါင်းဆောင်ပိုင်းက လီနင်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ် မှု ရုပ်ပြတခုအဖြစ် ဖန်တီးခဲ့ကြတယ်။ (လီနင်ရဲ့ဇနီး) ကရပ်(ပ်)စကားယာရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး၊ လီနင်ရဲ့ ရုပ်အလောင်းကို ဆေးတွေစီမံ ပြုပြင်ခဲ့ကြတယ်၊ ရင်ပြင်နီ ပြတိုက်ထဲက လူမြင်ကွင်းမှာ ထားခဲ့တယ်။ နောင်မှာ ကရပ် (ပ်)စကားယာက အခုလို ပြောခဲ့တယ် “ဗလာဒီမီယာ အီလိယစ်ဟာ သူ့ဘဝတလျှောက်လုံး ပြယုဂ်တွေကို ဆန့်ကျင်ခဲ့တယ်၊ အခုတော့ သူတို့ (စတာလင် ဦးဆောင်တဲ့ ဗျူရိုကရေစီ) က သူ့ကို ပြ ယုဂ်အဖြစ် ပြောင်းပစ်လိုက်ကြပြီ”။၂၀၀၅ နိုဝင်ဘာလမှာ ဂျာမန် မက်ဂဇင်း Der Spiegel က ဥရောပတိုက်ရဲ့ “ငြိမ်းငြိမ်းချမ်းချမ်း အကြမ်းမဖက်သော တော်လှန်ရေးသမားတွေ” အကြောင်း ရေးသားခဲ့တယ်၊ အဲဒီတော်လှန်ရေးသမားတွေဟာ ဂန်ဒီနဲ့ ဂွေဗားရား[!] အစဉ်အလာ ဆက်ခံသူတွေလို့ ဖော်ပြထားတယ်။ မာ့(က်စ်)ဝါဒ၊လူတန်းစား တိုက်ပွဲ (သို့) ဆိုရှယ်လစ် တော်လှန်ရေးနဲ့ လားလားမှ မဆိုင်သူတွေ၊ ချေကို တော်လှန်ရေး သူတော်စင်တဦးလို၊ ရို မန်းတစ်ဆန်တဲ့ ပက်တီးဘူဇွာ အန်နားခစ်(စ်)တဦးလို၊ ဂန်ဒီဝါဒီ ရွှေပြည်အေးသမားလို (သို့) တခြားတခြားသော အဓိပ္ပါယ် လုံးဝမရှိတဲ့ အမျိုး အစားတခုလို လုံးလုံးလျားလျား မှားယွင်းစွာ ပုံဖော်လိုကြသူတွေရဲ့ ရန်ကနေ “ချေဂွေဗားရားကို ကာကွယ်ရေး အစည်းအရုံး” တခု ငါတို့ ဖွဲ့ ထားသင့်ပြီ။အင်မတန် ထက်မြက်တဲ့ ဒီတော်လှန်ရေးသမားအပေါ် ငါတို့ရဲ့ သဘောထားက ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)အပေါ် ထားတဲ့ လီနင်ရဲ့ သဘော ထားလိုပဲ။ လီနင်ဟာ ရိုဆာရဲ့ အမှားတွေကို ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သလို၊ ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)ကို တော်လှန်ရေး သမားတဦး၊ အင်တာနေရှင်နယ်ဝါဒီတဦးအနေနဲ့ အထူး အလေးထားခဲ့တယ်။ ပြုပြင်ရေးဝါဒီတွေ၊ မင်ရှီဗစ်တွေကို ဆန့်ကျင်ပြီး ရိုဆာဘက် ကနေ လီနင် ခုခံချေပခဲ့တာကို ဒီမှာ ဖတ်ကြည့်ပါ၊“ရပ်ရှား ပုံပြင်တပုဒ်ထဲက စာနှစ်ကြောင်းကို ကိုးကားပြီး ဒီအချက်ကို တုံ့ပြန်ရလိမ့်မယ်၊ ‘လင်းယုန်တွေဟာ တခါတလေမှာ ကြက်မတွေထက် နိမ့်ပြီး ပျံကောင်းပျံနိုင်တယ် ဒါပေမယ့် ကြက်မတွေကတော့ လင်းယုန်တွေလောက် ဘယ်တော့မှ မြင့်မြင့် မပျံနိုင်ဘူး’။ [ရိုဆာဟာ] အမှား တချို့ ရှိခဲ့ပေမယ့် သူမက ငါတို့အဖို့ လင်းယုန် ဖြစ်ခဲ့တယ်၊ လင်းယုန်ပဲ ဖြစ်နေဦးမယ်။ ဒါ့အပြင် ကမ္ဘာတလွှားက ကွန်မြူနစ်တွေဟာ ရိုဆာကို အောက်မေ့တမ်းတနေမှာ ဖြစ်သလို သူမရဲ့ ဘဝ၊ သူမရဲ့ လက်ရာတွေဟာ ကမ္ဘာတလွှားက ကွန်မြူနစ် မျိုးဆက်ပေါင်းများစွာကို လေ့ကျင့် သင်ကြားပေးဖို့ အသုံးဝင်တဲ့ လက်စွဲကျမ်းတွေ ဖြစ်နေဦးမယ်။ ‘၁၉၁၄ ဩဂုတ် ၄ ရက်နေ့ကတည်းက ဂျာမန် ဆိုရှယ် ဒီမိုကရေစီဟာ နံဟောင် ပုပ်ပွနေတဲ့ အလောင်းကောင်ကြီး ဖြစ်လာတယ်’ လို့ ဆိုခဲ့တယ်၊ ဒီထုတ်ပြန်ချက်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား လှုပ်ရှားမှု သမိုင်း အတွင်း ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)ရဲ့ နာမည်ကို ထင်ရှား ကျော်ကြားစေလိမ့်မယ်။ ဟုတ်ပါတယ်၊ အလုပ်သမား လူတန်းစား လှုပ်ရှားမှုရဲ့ နောက်ဖေးကွက်လပ် နောက်ချေး ပုံတွေကြားထဲမှာ ပေါ(လ်)လဲဗီ၊ ရှိန်းဒမန်း၊ ကောက်စကီးနဲ့ သူတို့ရဲ့ အပေါင်းအပါအားလုံးလို ကြက်မတွေ ဟာ ကြီးမြတ်သော ကွန်မြူနစ်ကြီး ကျူးလွန်ခဲ့တဲ့ အမှားတွေကို တွန်မြည်နေကြလိမ့်မယ်။” (Lenin Collected Works, Vol. 33, p. 210, Notes of a Publicist, Vol. 33).ငယ်ဘဝချေဂွေဗားရားလို့ လူသိများတဲ့ Ernesto Guevara de la Serna (၁၉၂၈ခု၊ ဇွန် ၁၄ - ၁၉၆၇ခု အောက်တိုဘာ ၉) ဟာ မာ့(က်စ်)ဝါဒီ တော် လှန်ရေးတယောက်ဖြစ်တယ်။ မွေးဖွားရာ ဇာတိအရ အာဂျင်တီးနားသား ဆိုပေမယ့် ချေဟာ ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်နေတဲ့ အင်တာ နေရှင်နယ်ဝါဒီတဦး ဖြစ်တယ်။ သူ့ရဲ့ မိဘဘိုးဘေးတွေဟာ လက်တင်အမေရိကတိုက်က လူအများစုလိုပဲ အင်မတန် ရောနှောနေတယ်။ ဂွေ ဗားရား ဆိုတာ အာရပ်ဘ (အယ်လဗ) ဒေသက ဘတ်(စ်ဂ်) စီရင်စုမှာရှိတဲ့ ဘတ်(စ်ဂ်) ဂျီဘာရာ ရွာလေးကို အစွဲပြုပေါ်လာတဲ့ နာမည်မျိုး ဖြစ် တယ်၊ ချေ ရဲ့ မိသားစု နာမည်တွေထဲက တခုက လင့်(ချ်) ဆိုတာ အိုင်းရစ်(ရှ်)ကလာတယ် (လင့်ချ် မိသားစုဆိုတာ ဂယ်လ်ဝေ မျိုးနွှယ်စု ၁၄ခု ထဲက တခုဖြစ်တယ်)။ ဘတ်(စ်ဂ်)နဲ့ အိုင်းရစ်(ရှ်) သွေးနှောထားခြင်းဟာ အတော် ပြင်းထန် ပေါက်ကွဲတတ်တယ်။လူလတ်တန်းစား မိသားစုထဲ ပေါက်ဖွားလာတဲ့ ချေဟာ လက်တင်အမေရိကတိုက်က တခြား ကလေးငယ်တွေလို ဆင်းရဲခြင်းနဲ့ ဆာလောင် မွတ်သိပ်ခြင်းကို မခံခဲ့ရဘူး။ ဒါပေမယ့် ကျန်းမာရေးတော့ အတော်ချူချာခဲ့တယ်။ ချေရဲ့ အရဲစွန့်၊ ပုန်ကန်လိုစိတ်ဟာ ငယ်ငယ်ကတည်းက ပန်းနာရင်ကြပ် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ အခြေအနေနဲ့ ဆက်စပ်နေတယ်။ ရင်ကြပ်ဝေဒနာကို ရင်ဆိုင်ကျော်လွှားဖို့ သူ့တဘဝလုံး အစွမ်းကုန် ရုန်းကန်ခဲ့ရတယ်။ အခက်အခဲ မှန်သမျှ ရင်ဆိုင်ကျော်လွှားဖို့ အခိုင်အမာ ပိုင်းဖြတ်ထားမှုကို ငယ်ဘဝက ဒီဖြစ်ရပ်အထိ ခြေရာခံကြည့်လို့ရ တယ်။လူသားချင်း စာနာတတ်တဲ့ ဗီဇစိတ်ကြောင့် ချေဟာ ဆေးနယ်ပယ်ကို တိမ်းညွှတ်ခဲ့တယ်။ ဆေးပညာ ဒီဂရီကို ရရှိခဲ့တယ်။ ချေရဲ့ အထူးပြု နယ်ပယ်ဟာ အရေပြားဗေဒဖြစ်တယ်။ လက်ပရိုစီ အနာကြီးရောဂါကို အထူးစိတ်ဝင်စားခဲ့တယ်။ ဒီအချိန်အထိ ချေရဲ့ လောကအမြင်ဟာ လူ လတ်တန်းစား လူငယ်အများစု အမြင်ထက် ပိုပြီး ကျယ်ပြန့် မလာသေးဘူး။ အလုပ်ကြိုးစားမယ်၊ ဆေးပညာဒီဂရီ အရယူမယ်၊ အလုပ်ကောင်း ကောင်းတခု ရမယ်၊ ဆေးသိပ္ပံ နယ်ပယ်မှာ ပင်ကိုယ်အစွမ်းအစကို ထုတ်ပြနိုင်တဲ့ သုတေသနတွေ လုပ်ကောင်းလုပ်မယ်၊ အံ့ဩဘနန်း တွေ့ရှိမှု တွေ ဖော်ထုတ်ပြီး လူသား အသိပညာကို မြင့်တင်ကောင်း မြင့်တင်လိမ့်မယ်။ အဲဒီကာလ သူ့ဘဝအကြောင်းကို ချေ ရေးခဲ့တယ် -“ဆေးပညာ စလေ့လာနေတုန်းက တော်လှန်ရေးသမားတယောက်အဖြစ် အခု ငါ့မှာရှိနေတဲ့ အယူအဆ တော်တော်များများ အဲဒီတုန်းက ငါ့ရဲ့ စိတ်ကူးစံနန်းတော်ထဲမှာ ရှိမနေသေးဘူး။ လူတိုင်းလိုပဲ ငါဟာ အောင်မြင်ချင်တယ်။ နာမည်ကျော်ကြားတဲ့ သုတေသီတဦး ဖြစ်ချင်တယ်၊ လူသားမျိုးနွှယ်ကို အလုပ်အကျွေးပြုနိုင်တဲ့ တစုံတရာ ရှာဖွေဖော်ထုတ်နိုင်ဖို့ မနေမနား အလုပ်လုပ်နေတဲ့ သုတေသီမျိုး ဖြစ်လာဖို့ စိတ်ကူး ယဉ်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကာလ အတွေးတွေ အားလုံးဟာ ပုဂ္ဂလိကဘဝ အောင်မြင်ရေးပဲ ဖြစ်ခဲ့တယ်။ ကျနော်ဟာလည်း တခြားလူတွေလို ပဲ ကျင်လည်ရာ လူမှုဝန်းကျင်ရဲ့ အသီးအပွင့်တခု ဖြစ်ခဲ့တယ်။လူအများစုလိုပဲ အားနစ်(စ်)တိုဟာ ခရီးသွားရတာ နှစ်ခြိုက်တယ်။ ဂျာမန်တွေ ပြောလေ့ရှိတဲ့ “ခရီးသွားလိုတဲ့ အင်မတန် ပြင်းပြသော ဆန္ဒ”ရဲ့ လွှမ်းမိုးခံခဲ့ရတယ်။ ချေက ရေးခဲ့တယ်၊ “မယုံနိုင်လောက်အောင် ဆန်းပြားတဲ့ တိုက်ဆိုင်မှုကနေ ငါသိလာရပြီ၊ ငါဟာ ခရီးသွားဖို့ ပြဌာန်းခံ ထားရတယ်”။ ဘယ်လောက်ဝေးဝေး သွားဖြစ်မယ်၊ ဘယ်ကို ဦးတည်သွားလိမ့်မယ် ဆိုတာတော့ အဲဒီအချိန်မှာ ချေ မသိနိုင်သေးဘူး။ ဆင်ခြင် ဉာဏ် ပြည့်စုံတဲ့ သမားတော်တဦး ဖြစ်လာမှာတော့ သံသယရှိဖို့ မလို၊ ဒါပေမယ့် “ခရီးသွားလိုတဲ့ အင်မတန် ပြင်းပြသော ဆန္ဒ”က သူ့ကို တွန်း ပို့နေခဲ့ပြီ။ လမ်းမဆီ ထွက်လာခဲ့တယ်၊ နှစ်ပေါင်းများစွာကြာတဲ့အထိ အာဂျင်တီးနားကို ပြန်မလာခဲ့ဘူး။ စွန့်စားလိုတဲ့ သဘာဝဟာ ချေကို တောင်အမေရိကတိုက်တလွှား မော်တော်ဆိုင်ကယ်တစီးနဲ့ ခရီးရှည်နှင်စေခဲ့ပြီ။ဆေးပညာနဲ့ သူ့ရဲ့ နိုင်ငံရေး စံတွေကြား ဆက်နွှယ်ချက်ဟာ ပီရူးနိုင်ငံက လက်ပရိုစီ ရောဂါသည်တွေကို ထားရှိရာ ဆန်ပါဘလိုဒေသမှာ ၂၄နှစ် မြောက် မွေးနေ့တုန်းက ပေးခဲ့တဲ့ မိန့်ခွန်းထဲ စတင်ထွက်ပေါ်လာတယ်။ ချေက ပြော ခဲ့တယ် -“ဒီလို မြင့်မြတ်လှတဲ့ အရေးတော်ပုံတခုအတွက် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်တွေ ဖြစ်လောက်အောင် ကျနော်တို့ဟာ ဘာကောင်တွေမှ မဟုတ်ပါ ဘူး၊ ဒါပေမယ့် ကျနော်တို့ ယုံကြည်တယ်၊ ဒီခရီးစဉ်ဟာ အဲဒီ ယုံကြည်မှုကို သက်သေ ထူပေးခဲ့တယ်၊ အမေရိကတိုက်ကို မတည်မငြိမ်နဲ့ ထင် ယောင်ထင်မှား တိုင်းပြည်တွေအဖြစ် ခွဲခြမ်းထားတာဟာ လုံးဝ လုပ်ဇာတ်တခုပဲ ဖြစ်တယ်။ ကျနော်တို့ဟာ မက်စီကိုကနေ မက်ဂဲလန် ရေ လက်ကြားအထိ နေထိုင်ကြသော လူမျိုးစု လက္ခဏာတွေ အတော်များများ ဆင်တူကြတဲ့ သွေးနှော လူမျိုးစုတခုတည်းသာ ဖြစ်ကြတယ်။ ဒါ့ ကြောင့် ပီရိုးနဲ့ ယူနိုက်တစ်(ဒ်) အမေရိကကို ကျဉ်းမြောင်းတဲ့ စီရင်စုဝါဒမှ လွတ်မြောက်စေဖို့ ကျနော် ဆန္ဒပြုလိုက်ပါတယ် (Motorcycle Diaries, p.135)အစောပိုင်းကာလ အသိအမြင်နိုးကြားလာမှုဒီခရီးဟာ သူနေထိုင်ရာ ကမ္ဘာကြီးရဲ့ အရှိတရားကို တဖြည်းဖြည်း မြင်တွေ့လာစေတဲ့ အော့ဒဆီ ခရီးရှည်ကြီးရဲ့ ကနဦးအစ ဖြစ်ခဲ့တယ်။ ချေ့ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဆင်းရဲသား အဖိနှိပ်ခံ လူထုကြီးနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရခဲ့တယ်။ လူအများစုကြီး ရှင်သန် နေထိုင် နေရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။ ဒီလောက် ဆန်းကြယ်လှပတဲ့ အမေရိကတိုက်ရဲ့ သဘာဝ ပေါကြွယ်ဝမှုတွေရဲ့ အလယ်မှာ ဒီလိုအကျည်းတန် ဆိုးဝါးလွန်းတဲ့ ဆင်းရဲမွေတေမှု ရှိနေခြင်းဟာ လူငယ်တယောက်ရဲ့ စိတ်ထဲ ကြီး ကြီးမားမား သက်ရောက်မှု ရှိခဲ့တယ်။အဲဒီပဋိပက္ခတွေဟာ ချေရဲ့ စိတ်အားပြင်းထန်တဲ့၊ သိမြင်ခံစားတတ်တဲ့ သဘာဝကို စေ့ဆော်ပေးခဲ့တယ်၊ ဒီပဋိပက္ခတွေရဲ့ အကြောင်းတရား တွေကို အဖြေရှာကြည့်စေခဲ့တယ်။ ချေမှာ အင်မတန် စူးစမ်းလေ့လာလိုတဲ့ စိတ် ရှိတယ်။ ဆေးပညာ လေ့လာရာမှာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်တဲ့ ပြင်းပြင်းပြပြ လေ့လာလိုစိတ်ဟာ အခုတော့ လူ့အဖွဲ့အစည်းကို အားတက်သရော လေ့လာခြင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ဒီခရီးတွေအတွင်း သူ့ရဲ့ ရှုကြည့်လေ့လာမှုတွေ၊ အတွေ့အကြုံတွေဟာ သူ့အသိစိတ်အပေါ် ရေရှည်စွဲထင်သွားစေတဲ့ အမှတ်အသားတွေ ချန်ထားခဲ့တယ်။ရုတ်တရက်ဆိုသလို သူ့ဘဝ အစောပိုင်းတုန်းက ထားရှိခဲ့တဲ့ ပုဂ္ဂလိကဘဝ အောင်မြင်မှု ရည်မှန်းချက်တွေဟာ သေးသိမ်သယောင် ဖြစ်လာ တယ်၊ စိတ်ဝင်စားစရာလည်း မရှိတော့ဘူး။ အဆုံးမတော့၊ ဆရာဝန်တယောက်ဟာ လူနာတဦးချင်းစီရဲ့ ဝေဒနာတွေကို ကုသပေးနိုင်ပါလိမ့် မယ်၊ ဒါပေမယ့် ဆင်းရဲမွဲတေခြင်း၊ စာမတတ်ခြင်း၊ နေစရာ အိမ်မရှိခြင်း၊ အဖိနှိပ်ခံရခြင်းဆိုတဲ့ အင်မတန် ဆိုးရွားသော ရောဂါကြီးကို ဘယ်သူ ကုသနိုင်သလဲ။ ကင်ဆာကို အက်(စ်)ပရင်နဲ့ ကုလို့မရနိုင်သလို လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ အနာရောဂါတွေကိုလည်း ဆေးမြီးတိုတွေ၊ လက္ခ ဏာ လျော့ပါးရုံ သက်သာစေတဲ့ ဆေးဝါးတွေနဲ့ ကုသလို့ မရနိုင်ဘူး။ဒီလူငယ်ရဲ့ စိတ်ထဲမှာ တဖြည်းဖြည်းနဲ့ တော်လှန်ရေး အယူအဆတခု ရင့်ကျက်လာတယ်၊ ဖွံ့ဖြိုးကြီးထွား လာတယ်။ သူဟာ ကောက်ကာ ငင်ကာ မာ့(က်စ်)ဝါဒီ ဖြစ်လာတာ မဟုတ်ဘူး။ ဘယ်သူကော ဖြစ်လာနိုင်သလဲ။ လေးလေးနက်နက်နဲ့ အချိန်ကြာကြာ စဉ်းစားတွေးတော ခဲ့တယ်၊ စာပေတွေ နှံ့နှံ့စပ်စပ် ဖတ်ခဲ့တယ်၊ ဒီအလေ့အကျင့်ဟာ သူသေတဲ့အထိ ပါသွားခဲ့တယ်။ မာ့(က်စ်)ဝါဒကို စတင် လေ့လာခဲ့တယ်။ လူ အများစုကြီး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တော်လှန်ရေးနည်းနဲ့ပဲ ကုစားလို့ရမယ်ဆိုတာ တဖြည်းဖြည်း နားလည်စပြု လာတယ်၊ အစ ပိုင်းမှာ မပီဝိုးတဝါး၊ ဒါပေမယ့် နောက်ဆုံးမှာ မလွဲမသွေ နားလည် လက်ခံသွားခဲ့တယ်။ဂွာတီမာလာမာ့(က်စ်)ဝါဒဆီ သိစိတ်ရှိရှိ ကူးပြောင်းလာစေမယ့် အဆုံအဖြတ် တွန်းအားကို ဂွာတီမာလာ သွားလေ့လာချိန်မှာ ရရှိခဲ့တယ်။ ဂွာတီမာလာမှာ သမ္မတ ဂျက်ကော့ဘို အာဘန့်(ဇ်) ဂူး(ဇ်)မန်းက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေချိန် ဖြစ်တယ်။ ဂူး(ဇ်)မန်းက ပြုပြင်ရေးဝါဒီ အစိုး ရကို ဦးဆောင်ပြီး မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းကာ မြေယာပြုပြင်ရေးကို အကောင်အထည်ဖော်ဖို့ လုံးပမ်းနေဆဲ ၁၉၅၃ ဒီဇင်ဘာလထဲမှာ ဂွာ တီမာလာကို ချေ ရောက်သွားခဲ့တယ်။ဂွာတီမာလာကို မရောက်ခင်ကတည်းက ချေဟာ ပိုင်းဖြတ်ချက်ခိုင်မာတဲ့ တော်လှန်ရေးသမား တယောက် ဖြစ်နေပြီ၊ ဒါပေမယ့် သူ့အယူအဆ တွေက ဖြစ်ပေါ်နေဆဲ အဆင့်ပဲ ရှိသေးတယ်။ ၁၉၅၃ ဒီဇင်ဘာလက ကော့(စ်)တာရီကာမှာ ရေးခဲ့တဲ့စာကို ဖတ်ကြည့်ရင် ဒီအချက်ကို တွေ့ရ မယ် “ဂွာတီမာလာမှာ ငါ့ကိုယ်ငါ ပိုပြီး ပြည့်စုံအောင် လုပ်ရဦးမယ်၊ စစ်မှန်တဲ့ တော်လှန်ရေးသမားတယောက် ဖြစ်ဖို့ လိုအပ်နေသေးတဲ့ အရာ အားလုံးကို ဖြည့်စွမ်းရဦးမယ်” လို့ ဆိုထားတယ်။United Fruit Company နဲ့ စီအိုင်အေမှာ တခြား အယူအဆတွေ ရှိနေခဲ့တယ်။ United Fruit Company နဲ့ စီအိုင်အေက Carlos Castillo Armas ဦးဆောင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချက်ကို စီစဉ်ပေးခဲ့တယ်၊ အမေရိကန် လေကြောင်း အထောက်အပံ့ ပေးခဲ့တယ်။ ကွန်မြူနစ် လူ ငယ်တွေ စုစည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တခုထဲကို ဂွေဗားရား ချက်ချင်း ဝင်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ လေးလံ ထိုင်းမှိုင်းမှု ကြောင့် စိတ်ပျက်ခဲ့ရတယ်။ အာဏာသိမ်းပြီးတဲ့နောက် လူဖမ်းပွဲကြီး စလာတယ်၊ ချေလည်း အာဂျင်တီးနီးနား ကောင်စစ်ဝန်ရုံးမှာ ပုန်းခိုခဲ့ရ တယ်။ လုံလုံခြုံခြုံ ထွက်ခွာလို့ မရမချင်း အဲဒီမှာပဲ အောင်းနေခဲ့ရတယ်။ ဒီနောက် မက်စီကိုဆီ ချီတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။အမေရိကန် စပွန်ဆာပေးထားတဲ့ အာဏာသိမ်းမှုကို ကိုယ်တွေ့ကြုံလိုက်ရခြင်းဟာ ချေရဲ့ အမြင်တွေကို ခိုင်မာစေခဲ့တယ်၊ တချို့သော နိဂုံး ချုပ်ချက်တွေ ပြုလုပ်စေခဲ့တယ်။ ဒီအတွေ့အကြုံဟာ ချေဂွေဗားရားကို လက်တင်အမေရိက တိုက်အတွင်းက အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍအပေါ် အထူးအာရုံစိုက် လာစေခဲ့တယ်။ လက်တင်အမေရိကတိုက် တခုလုံးက ဖောက်ပြန်ရေး အင်အားစုတွေအားလုံးရဲ့ ပင်မ ဒေါက်တိုင်ကြီးတခုဖြစ်တဲ့ အရင်းရှင်နယ်ချဲ့ ပါဝါကြီးတခု ဒီမှာ ရှိနေတယ်။ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ ကြိုးစားတဲ့ အစိုးရတိုင်းဟာ အင် အားကြီးမားပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူ (အမေရိကန်ကို ရည်ညွှန်း) ရဲ့ တရစပ် ဆန့်ကျင်မှုကို မလွဲမသွေ ရင်ဆိုင်ရမယ်။စီအိုင်အေ စီစဉ်တဲ့ အာဏာသိမ်းပွဲ ပြီးမြောက်သွားတဲ့နောက် ချေလည်း မက်ဆီကိုကနေ ထွက်ခွာခဲ့ရတယ်၊ ၁၉၅၆ ခုနှစ်မှာ ဖီဒယ်ကတ်(စ်) ထရိုရဲ့ တော်လှန်ရေး အင်အားစု ‘ဇူလိုင် ၂၆ လှုပ်ရှားမှု’ထဲ ဝင်ခဲ့တယ်။ အဲဒီအင်အားစုဟာ ကျူးဘားက ဗိုလ်ချုပ် Fulgencio Batista အာဏာ ရှင် စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ပွဲဆင်နေတယ်။ သူတို့နှစ်ယောက်ဟာ ချက်ချင်းဆိုသလိုပဲ တရင်းတနှီး ကျွမ်းဝင်သွားကြတယ်။ ကတ်(စ်)ထရိုမှာ ယုံကြည် အားထားရလောက်တဲ့ လူတွေ လိုအပ်နေခဲ့တယ်၊ ချေက အဖွဲ့အစည်းတခုနဲ့ တိုက်ပွဲဝင်ဖို့ အရေးတော်ပုံတခု လို အပ်နေခဲ့တယ်။ပြုပြင်ရေးဝါဒရဲ့ သေလောက်တဲ့ အားနည်းချက်ကို ချေဟာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်၊ ဒါ့ကြောင့် ဆိုရှယ်လစ်စနစ်ကို လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ပဲ အောင်မြင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်လာခဲ့တယ်။ ၁၉၅၄ စက်တင်ဘာ အစောပိုင်းမှာ မက်စီကို မြို့တော်ကို ရောက် ခဲ့တယ်၊ ဂွာတီမာလာမှ ဆုံခဲ့ဖူးတဲ့ ကျူးဘား ပြည်ပြေးတွေနဲ့ အဲဒီမှာ အချိတ်အဆက်ရခဲ့တယ်။ ၁၉၅၅ ဇွန်မှာ ရာအူး(လ်)ကတ်(စ်)ထရိုနဲ့ ပထမဆုံးအကြိမ် ဆုံခဲ့တယ်၊ အဲ့နောက် သူ့ရဲ့အကို ဖီဒယ်နဲ့ ဆုံခဲ့တယ်။ ဖီဒယ်က ကျူးဘား ထောင်ကနေ လွတ်လာခဲ့သူ။ မွန်ကဒါ စစ်တန်း လျားကို ဝင်တိုက်ပြီး အရေးနိမ့်ခဲ့ရာက ထောင်ကျခဲ့တယ်။ဘာတစ်(စ်)တာ အာဏာရှင်စနစ်ကို ဖြိုချဖို့ စီစဉ်နေတဲ့ ‘ဇူလိုင် ၂၆ လှုပ်ရှားမှု’ထဲ ချေ ချက်ချင်းဝင်ခဲ့တယ်။ ကနဦးမှာ ချေကို ဆေးဘက်မှာ တာဝန်ယူမယ်လို့ ထင်ခဲ့ကြတယ်။ တဘဝလုံး ပန်းနာရင်ကြပ် ခံလာရတဲ့ ချေဟာ ကျန်းမာရေး အတော်ချူချာတယ်၊ ဒီတော့ စစ်သား တယောက်လို ကိုယ်ကာယ မကြံ့ခိုင်ဘူးလို့ ယူဆခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချေဟာ ဒီလှုပ်ရှားမှုရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ ရည်တူတန်းတူ စစ် ပညာ လေ့ကျင် သင်ကြားခဲ့တယ်။ ချေဟာ တကယ် အရေးပါကြောင်း သက်သေပြသွားခဲ့တယ်။ဂရမ်မာ၁၉၅၆ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဂရမ်မာ သင်္ဘောဟာ ဗီရာခရု(ဇ်)ပြည်နယ် တက်(က်စ်)ပန်းကနေ ကျူးဘားကို ဦးတည် ခုတ်မောင်းလာ ခဲ့တယ်။ တော်လှန်ရေးသမားတွေ အပြည့်တင်ဆောင်လာတဲ့ ဂရမ်မာဟာ သင်္ဘောဟောင်း တစီးသာ ဖြစ်တယ်။ မနိုင်ဝန်ကို သယ်လာခဲ့ရ တယ်။ ဆိုးဝါးတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရချိန်မှာ မှောက်မလို ဖြစ်ခဲ့တယ်၊ ခရီးသည် တော်တော်များများလည်း သင်္ဘောမူးတဲ့ဒဏ် အတော်ခံခဲ့ ရတယ်။ ဒါဟာ ပြဿနာတွေရဲ့ အစပဲ ရှိသေးတယ်။ခရီးရောက်မဆိုက် အကုန်ဖျက်စီးခံရမလို ဖြစ်ခဲ့တယ်။ နေရာမှားပြီး ကမ်းကပ်မိသွားတယ်၊ ရွှံ့ဗွက်တောထဲ နစ်နေခဲ့တယ်။ ကမ်းဆိုက်ပြီး မကြာခင်မှာပဲ အစိုးရ စစ်တပ်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်။ သူပုန်တဝက် နီးပါး အသတ်ခံလိုက်ရတယ် (သို့) ဖမ်းမိတဲ့အခါ အသတ်ခံ လိုက်ရတယ်။ ၁၅-၂၀ လောက်ပဲ အသက်ရှင်ခဲ့တယ်။ ဒီလို အထိနာပြီး အင်အား အတော်ပြုန်းတီးသွားပေမယ့် ရနိုင်သမျှ ပြန်စုစည်းခဲ့ရတယ်၊ ဆီရာမီး(စ်)ထရာ တောင်တန်းဆီ ထွက်ပြေးတိမ်းရှောင်ရင်း ဘာတစ်(စ်)တာ အာဏာရှင်စနစ်ကို ပြောက်ကျားစစ် ဆင်နွှဲခဲ့တယ်။ဒီလို အစပိုင်းမှာ အထိနာသွားပေမယ့် သူပုန်တွေဟာ ရဲစွမ်းသတ္တိအပြည့်နဲ့ ထိုးနှက်နိုင်ခဲ့တယ်၊ ပြည်သူတွေရဲ့ စိတ်နှလုံးကို သိမ်းကြုံး ယူငင် နိုင်ခဲ့တယ်၊ အထူးသဖြင့် လူငယ်တွေ။ အသစ်အသစ်တိုးလာတဲ့ သူပုန်တွေနဲ့ ပြုန်းတီးသွားတဲ့ အင်အားကို ပြန်ဖြည့်တင်းနိုင်ခဲ့တယ်။ ကျူးဘား အရှေ့ခြမ်းတခုလုံး ပြောက်ကျားစစ် ပြန့်နှံ့သွားခဲ့တယ်။ ချေကို ဆေးပညာရှင်အနေနဲ့ တာဝန်ယူခိုင်းခဲ့ပေမယ့် တိုက်ပွဲမီးလျှံကြားမှာ အရေး တော်ပုံကို ဆရာဝန်အနေနဲ့ အကောင်းဆုံး အကျိုးပြုနိုင်မလား (သို့) တိုက်ခိုက်ရေးသမားနဲ့ အကောင်းဆုံး အကျိုးပြုမလား အခိုင်အမာ ပိုင်း ဖြတ်ချက်ချခဲ့ရတယ်။ သူ ဆုံးဖြတ်ခဲ့တယ် -“ဒါဟာ ကျနော့်ဘဝမှာ ပထမဆုံး အကြိမ်ဖြစ်လိမ့်မယ်၊ ဆေးပညာကို စိတ်နှစ်ထားခြင်းနဲ့ တော်လှန်ရေး စစ်သားတဦးရဲ့ တာဝန်ကြား ဘယ် သင်းကို ရွေးရမလဲ ဝေခွဲမရဖြစ်ခဲ့ရတယ်။ ကျနော့်ခြေရင်းမှာက ဆေးတွေ အပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်တလုံးနဲ့ ကျည်ဆံသေတ္တာ တလုံး။ နှစ်ခုလုံးကို သယ်သွားဖို့ဆိုတာ အင်မတန် လေးလံလွန်းလှတယ်။ ကျည်သေတ္တာကို ကျနော် ကောက်ကိုင်လိုက်တယ်၊ ဆေးအိတ်ကို နောက်မှာ ချန်ထားခဲ့တယ်။”သူပုန်ထခြင်းရဲ့ အဓိက အားသာချက်က အုပ်ချုပ်ရေး စနစ်ဟောင်းဟာ နှစ်ရှည်လများ ချိနဲ့နေခြင်း ဖြစ်တယ်။ အတွင်းကနေ ယိုယွင်းပြီး ခြ စားပုပ်ပွနေတဲ့ အုပ်ချုပ်ရေး ယန္တယားဟောင်းဖြစ်တယ်။ အမေရိကန် အရင်းရှင် နယ်ချဲ့စနစ်ရဲ့ ငွေအား လက်နက်အား ထောက်ပံ့မှုတွေ ရနေ ပေမယ့် ဘာတစ်(စ်)တာ အစိုးရဟာ တော်လှန်ရေး ချီတက်လာခြင်းကို မဟန့်တားနိုင်ခဲ့ဘူး။ ဆီရာမီး(စ်)ထရာ တောင်ကုန်းမြင့်တွေနဲ့ ဂွီဆာ နဲ့ ကောင်တို လွင်ပြင် ဒေသတွေမှာ ချုံခိုတိုက်ခိုက်မှုတွေ တောက်လျှောက်ခံလာရလို့ အင်အားချိနဲ့ပြီး စိတ်ဓာတ်ပြိုလဲနေတဲ့ အစိုးရ စစ်တပ် ဟာ အဆုံးသတ် ထိုးစစ်မဆင်ရခင်ကတည်းက လုံးလုံးလျားလျား စိတ်အားပျက်နေပြီးသား ဖြစ်တယ်။ဒီစစ်ဆင်ရေးမှာ ချေဟာ စစ်ဦးစီးတယောက် ဖြစ်လာခဲ့တယ်၊ ရဲစွမ်းသတ္တရှိမှု၊ စစ်ရေး ကျွမ်းကျင်မှုတွေကြောင့် ရဲဘော်ရဲဘက်တွေရဲ့ လေးစား ချစ်ခင်မှုကို ရရှိခဲ့တယ်။ ဖီဒယ်(လ်)ကတ်(စ်)ထရိုပြီးရင် ချေပဲ ရှိတယ်။ ၁၉၅၈ ဒီဇင်ဘာ နောက်ဆုံးရက်တွေမှာ ဂွေဗားရား ဦးဆောင်တဲ့ တပ်ဖွဲ့ ဟာ ဟဗနားဆီ အဆုံးသတ် ထိုးစစ်ဆင်ဖို့ အနောက်ဖက်ဆီ ချီလာခဲ့ကြတယ်။ ဒီတပ်ဖွဲ့ဟာ ဆန်တာ ကလဲရာကို အဆုံးသတ် အလဲထိုးရာမှာ အန္တရာယ် အကြီးဆုံး တာဝန်တွေကို ယူခဲ့ကြတယ်။ ၁၉၈၃ ဒီဇင်ဘာ ၂၇ရက်နေ့က ပါး(လ်)မာ ဆော်ရီယာနိုမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ကတ်(စ်)ထရိုက အဲဒီ ထိုးစစ်ရဲ့ အရေးပါမှုကို ထောက်ပြခဲ့တယ် -“ကျနော်တို့က ကောင်တလို မြစ်ဘေးမှာ ခံစစ်ကို အခိုင်အမာ တည်ဆောက်ထားခဲ့တယ်။ မာပို(စ်) အဝိုင်းခံ ထားရတယ်၊ ဒါပေမယ့် ပါး(လ်)မ ရှိနေ သေးတယ်။ ရန်သူ စစ်သား ၃၀၀ ဝန်းကျင် ရှိနေတယ်။ ပါး(လ်)မကို ကျနော်တို့ သိမ်းရမယ်။ ပါး(လ်)မမှာ တွေ့ရမယ့် လက်နက်တွေကို ရ လိုဇောကပ်နေတယ်။ နောက်ဆုံး ထိုးစစ်ကြောင့် ဆီရာမီး(စ်)ထရာ တောင်တန်းဒေသက လာပလာတကို စွန့်ခဲ့ရတုန်းက ကျနော်တို့မှာ လက် နက် တပ်ဆင်ထားတဲ့ တပ်သား ၂၅ ယောက်ပဲရှိတယ်၊ တပ်သားအသစ် ၁၀၀၀ မှာ ဘာလက်နက်မှ မရှိသေး။ ဒီကနေ ထွက်လာတဲ့လမ်းမှာ တပ်သားအသစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်။ တိုက်ပွဲဝင်ရင်း လက်နက် တပ်ဆင် ပေးခဲ့တယ်၊ ဒါပေမယ့် ပါး(လ်)မရောက်မှ သူတို့ကို အပြည့်အဝ လက်နက်တပ်ဆင်နိုင်ခဲ့တယ်။”သူပုန်တပ်ဆီ နောက်ဆုံး အမိန့်တွေကို ပါး(လ်)မကနေ ၁၉၅၉ ဇန်နဝါရီ ၁ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အာဏာရှင်စနစ်ကို အပြီး တိုင် အလဲထိုးပစ်လိုက်တာက ဟဗားနားက အလုပ်သမားတွေရဲ့ အထွေထွေ သပိတ်ပါ။ တည်ဆဲစနစ် အဆောက်အအုံကြီးတခုလုံးဟာ ကတ် တွေနဲ့ဆောက်ထားတဲ့ အိမ်တလုံးလို ပြိုကျနေပြီ။ ဘာတစ်(စ်)ရဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူပုန်တွေနဲ့ သီးခြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်း ခဲ့ကြတယ်။ ဒီအကြောင်းကို ကြားလိုက်ရချိန် ဒီပွဲ ပြီးသွားပြီဆိုတာ အာဏာရှင် သဘောပေါက်သွားခဲ့ပြီ၊ ၁၉၅၉ နှစ်သစ်ကူးနေ့မှာ ဒိုမစ်နစ်ကန် သမ္မတနိုင်ငံကို အာဏာရှင် ဘာတစ်(စ်)တာ ထွက်ပြေးသွားခဲ့တယ်။အာဏာရချိန်ဘူဇွာ နိုင်ငံတော်ဟောင်းကို ဖျက်သိမ်းပြီး အာဏာသစ်ကို ထူထောင်ခဲ့တယ် (သို့) ပြောက်ကျားတပ်ကို အခြေခံပြီး ကောက်ကာငင်ကာ တည် ထောင်ခဲ့တယ်။ အာဏာဟာ ပြောက်ကျားတပ်တွေရဲ့ လက်ထဲ ရောက်သွားခဲ့ပြီ။ တကမ္ဘာလုံးက မာ့(က်စ်)ဝါဒီတွေဟာ ကျူးဘား တော်လှန် ရေး အောင်ပွဲခံတာကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်။ ဒါဟာ သမိုင်းတလျှောက် အင်အားအကြီးဆုံး အရင်းရှင် နယ်ချဲ့နိုင်ငံကြီးရဲ့ ဘေး ကပ်ရပ်မှာ နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်နဲ့ မြေရှင်ကြီးစနစ်ကို အရှိုက်ထိုးလိုက်တာပဲ။ ကျူးဘား တော်လှန်ရေး အောင်ခြင်းဟာ နေရာ အသီးသီးက အဖိနှိပ်ခံ လူထုကြီးကို မျှော်လင့်ချက် ပေးလိုက်တာပဲ။ ဒါပေမယ့် ကျူးဘား တော်လှန်ရေး ဖြစ်ပွားခဲ့တဲ့ လမ်းကြောင်းဟာ ၁၉၁၇ အောက်တိုဘာ၊ ရပ်ရှား တော်လှန်ရေး လမ်းကြောင်းနဲ့တော့ မတူဘူး။ ကျူးဘား တော်လှန်ရေးမှာ ဆိုဗီယက်တွေ မရှိခဲ့သလို အထွေထွေ သ ပိတ်တခုနဲ့ တော်လှန်ရေးရဲ့ အဆုံးသတ် အောင်ပွဲကို ရရှိစေခဲ့ပေမယ့် အလုပ်သမား လူတန်းစားရဲ့ ဦးဆောင် အခန်းကဏ္ဍလည်း မရှိခဲ့ဘူး။ဒီလို နှိုင်းယှဉ်ခြင်းဟာ ဆီလျော်မှုမရှိဘူး၊ တော်လှန်ရေးတိုင်းဟာ မတူကြဘူး၊ မော်ဒယ်တခုကို ဖြစ်ရပ်အားလုံးမှာ အသုံးချလို့ မရနိုင်ဘူးလို့ တချို့က ငြင်းချက်ထုတ်ကြတယ်။ အတိုင်းအတာ တခုအထိ ဒီငြင်းချက်ဟာ မှန်ပါတယ်။ မတူညီသော အခိုင်အမာ အခြေအနေတွေ၊ လူတန်း စား အင်အားအချိုးအစားတွေ၊ မတူညီသော တိုင်းပြည် အသီးသီးရဲ့ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေကိုလိုက်ပြီး တော်လှန်ရေးတိုင်းမှာ မတူညီသော အခိုင်အမာ ဝိသေသတွေ၊ လက္ခဏာတွေ ရှိကြတယ်။ ဒါပေမယ့် ဒီလောက်ပဲ ရှုကြည့်လေ့လာခြင်းဟာ ဒီပြဿနာကို အပြီး မသတ်နိုင်သေးဘူး။ပစ္စည်းမဲ့ အာဏာရှင်စနစ်အလုပ်သမားထုဟာ နိုင်ငံတော် ယန္တယား အဟောင်းကို အရံသင့် ကောက်သုံးပြီး လူ့အဖွဲ့အစည်းကို ပြောင်းလဲလို့ မရနိုင်ဘူး။ မာ့(က်စ်)ရဲ့ အလုပ်သမားထု အာဏာ သဘောတရားကို ၁၈၇၁ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ (ပထမ အင်တာနေရှင်နယ်လို့ ခေါ်) ရဲ့ အထွေထွေ ကောင်စီမှာ ပြောခဲ့တဲ့ မိန့်ခွန်း ‘The Civil War in France’ ထဲမှာ ဖော်ထုတ်ခဲ့တယ်။ ဒီသီအိုရီရဲ့ အနှစ်သာရက ဘာလဲ။ နိုင်ငံတော် အဟောင်းဟာ လူ့အဖွဲ့အစည်းကို ပြောင်းလဲရာမှာ အသုံးဝင်တဲ့ လက်နက် မဖြစ်နိုင်ဘူးလို့ မာ့(က်စ်)က ရှင်းပြခဲ့တယ်။ နိုင်ငံတော် အဟောင်း ကို ဖျက်သိမ်းပြီး နိုင်ငံတော် အာဏာအသစ် (အလုပ်သမားထုရဲ့ နိုင်ငံတော်) နဲ့ အစားထိုးရမယ်၊ အလုပ်သမားထုရဲ့ နိုင်ငံတော် အသစ်ဟာ နိုင်ငံတော် ယန္တယား အဟောင်းနဲ့ လုံးဝမတူဘူး၊ နိုင်ငံတော် အဟောင်းဟာ ‘နေရာတိုင်းမှာ ရှိနေတဲ့ အမြဲတမ်း စစ်တပ်၊ ရဲတပ်၊ ဗျူရိုကရေစီ၊ ဘာသာရေး ဆရာတွေ၊ တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ ဗဟို ချုပ်ကိုင်မှု အားကောင်းသော နိုင်ငံတော် အာဏာ’ ဖြစ်တယ်။ အလုပ်သမား ထုရဲ့ နိုင်ငံတော်အသစ်ဟာ နိုင်ငံတော် စစ်စစ် မဟုတ်တော့ဘူး၊ မာ့(က်စ်) သုံးခဲ့တဲ့အတိုင်း ပြောရရင် နိုင်ငံတော် ပျောက်ကွယ်သွားခြင်းဆီ ဦး တည် ပိုင်းဖြတ်ထားတဲ့ semi-state တခုသာ ဖြစ်တယ်။“ကွန်မြူးကို မြူနီစီပယ် ကောင်စီလာတွေနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ကို မြို့ရဲ့ ရပ်ကွက်အသီးသီးက ယူနီဗာဆယ် မဲပေးခွင့်ကို အခြေခံပြီး ရွေး ချယ်ထားခြင်း ဖြစ်တယ်၊ ဒီကောင်စီလာတွေဟာ မဲပေးလိုက်တဲ့ လူထုကို တာဝန်ခံရတယ်၊ သူတို့ကို မဲပေးလိုက်တဲ့ လူထုက ဖြုတ်ချပိုင်ခွင့် လည်း ရှိတယ်။ ဒီလိုနည်းနဲ့ ရွေးချယ်ထားတဲ့ ကွန်မြူးအဖွဲ့ဝင် အများစုဟာ အလုပ်သမားတွေ ဖြစ်ကြတယ် (သို့) အလုပ်သမား လူတန်းစားက အသိအမှတ် ပြုထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတယ်။ ကွန်မြူးဟာ ပါလီမန် ကိုယ်ထည်တခု မဟုတ်ဘူး၊ ဥပဒေပြုရေး (legislative) နဲ့ အလုပ် အကောင်အထည်ဖော်ရေး (executive) တာဝန်နှစ်ရပ်လုံးကို လုပ်ကိုင်တဲ့ (working) ကိုယ်ထည်တခု ဖြစ်တယ်။“ရဲတပ်ကိုလည်း ဗဟို အစိုးရရဲ့ အေးဂျန့် အဖြစ်မခံတော့ဘူး၊ ရဲတပ်ဖွဲ့ရဲ့ နိုင်ငံရေး ဝိသေသတွေ တခါတည်း ခွာချပစ်လိုက်တယ်၊ ကွန်မြူးကို တာဝန်ခံရသော၊ ကွန်မြူးက အချိန်မရွေး ဖြုတ်ချနိုင်သော ကွန်မြူးရဲ့ အေးဂျန့် အဖြစ် ပြောင်းပစ်ခဲ့တယ်။ အုပ်ချုပ်ရေး ယန္တယားရဲ့ တခြား ကဏ္ဍအသီးသီးက အရာရှိတွေ အားလုံးကိုလည်း ဒီအတိုင်း လုပ်ခဲ့တယ် (အရာရှိ အားလုံးကို လူထုက ရွေးကောက်ပြီး အချိန်မရွေး ဖြုတ်ချ နိုင်ခဲ့တယ်၊ အဲဒီ အရာရှိတွေဟာ ကွန်မြူးကို တာဝန်ခံရတယ်လို့ ဆိုလို)။ ကွန်မြူး အဖွဲ့ဝင်တွေကစလို့ ပြည်သူ့ ဝန်ထမ်းတွေအားလုံး အလုပ် သမား တယောက်ရဲ့ လစာနှုန်းထားပဲ ခံစားခွင့်ရှိတယ်။ နိုင်ငံတော် ယန္တယားရဲ့ ဗီအိုင်ပီ နေရာက အရာရှိတွေ နဂိုခံစားနေကြ အခွင့်ထူးခံ အ ကျိုးစီးပွားတွေနဲ့ ကိုယ်စားလှယ်ဖြစ်ခြင်း ခံစားခွင့်တွေ အားလုံး ပျောက်ကွယ်သွားခဲ့တယ်၊ ဗီအိုင်ပီ နေရာကို ရထားတဲ့ အရာရှိဆိုတာကို မရှိ တော့ဘူး။ အများပြည်သူအရေး လုပ်ငန်းတာဝန်တွေဟာ ဗဟို အစိုးရ လက်တံတွေရဲ့ ပုဂ္ဂလိကပိုင် ပစ္စည်း မဟုတ်တော့ဘူး။ မြူနီစီပယ် အုပ် ချုပ်ရေးသာမက၊ နိုင်ငံတော်က အဲဒီမတိုင်ခင်အထိ ကျင့်သုံးခဲ့သော ပဲ့ကိုင် မောင်းနှင်မှုအားလုံး ကွန်မြူး လက်ထဲ ရောက်သွားခဲ့ပြီ။(အစိုးရ ယန္တယားအဟောင်းရဲ့ ရုပ်ပိုင်း အကြမ်းဖက် အင်အားတွေဖြစ်တဲ့) အမြဲတမ်းစစ်တပ်နဲ့ ရဲတပ်ကို သုတ်သင်ပြီးတာနဲ့ ကွန်မြူးက ဘု ရားကျောင်းအားလုံးကို ပုဂ္ဂလိက ပိုင်ဆိုင်မှုရှိသော အဖွဲ့အစည်းတွေ အဖြစ်ကနေ ဖယ်ရှားပစ်ခြင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ရုတ်သိမ်းပစ်ခြင်း အားဖြင့် စိတ်ပိုင်း ဖိနှိပ်ရေး အင်အားစု “parson-power”ကို ချိုးဖျက်ပစ်ဖို့ အင်မတန် လိုလားခဲ့ကြတယ်။ ဘာသာရေး ဆရာတွေကို ပုဂ္ဂလိက ဘဝထဲ ပြန်ပို့ပေးခဲ့ကြတယ်၊ သူတို့ရဲ့ ရှေ့သွား ခရစ်တော်ရဲ့ ကိုယ်စားလှယ်တော် အပေါ့ဆယ်(လ်) ပုဂ္ဂိုလ်ကြီးတွေလိုပဲ ဘာသာရေး သက်ဝင် သူတွေ ပေးသမျှ ကမ်းသမျှနဲ့ပဲ နေထိုင်စားသောက် ရှင်သန်သွားရမယ်။ (Marx, The Civil War in France, The Third Address, May, 1871 [The Paris Commune])အခု မာ့(က်စ်) ရှင်းပြခဲ့တဲ့ ပါရီ ကွန်မြူးနမူနာ “အလုပ်သမားထုရဲ့ နိုင်ငံတော်” နဲ့ စတာလင် ဗျူရိုကရက်တစ် အကြွင်းမဲ့ အာဏာရှင်စနစ် လား လားမှ မသက်ဆိုင်ဘူး။ ရပ်ရှားမှာ စတာလင် ဗျူရိုကရက်တစ် အာဏာရှင်စနစ်ဟာ လူ့အဖွဲ့အစည်းအထက်ကနေ ရပ်တည်နေတဲ့ ကြောက် စဖွယ် ဖိနှိပ်ရေး အာဏာတခုသာ ဖြစ်တယ်။ မာ့(က်စ်) ခေတ်မှာ သုံးတဲ့ “အာဏာရှင်စနစ်” ဆိုတဲ့ စကားလုံးရဲ့ အနက်ဟာ ဒီကနေ့ခေတ်မှာ သုံးနေကြတဲ့ ဒီစကားလုံးရဲ့ အနက်နဲ့ လုံးဝ မတူဘူး။ စတာလင်၊ ဟစ်တလာ၊ မူဆိုလီနီ၊ ဖရန်ကို နဲ့ ပီနိုရှေးတို့ကို ကြုံခဲ့ရပြီးတဲ့နောက် အာဏာ ရှင် စနစ်ဆိုတဲ့ စကားဟာ အကျဉ်းစခန်းတွေ၊ ဂတ်စတာပိုနဲ့ ကေဂျီဘီတို့ကို မြင်ယောင်စေတယ်။ ဒါပေမယ့် မာ့(က်စ်) ရည်ညွှန်းခဲ့တာက ရော မ သမ္မတနိုင်ငံရဲ့ အာဏာရှင်စနစ်မျိုးသာ ဖြစ်တယ်၊ (စစ်အတွင်းလို) အရေးပေါ် အခြေအနေမျိုးမှာ ခါတိုင်း သုံးနေကျ ဒီမိုကရေစီ ယန္တယားကို ယာယီ ရပ်ဆိုင်းထားပြီး အာဏာရှင် တယောက်က ယာယီအခိုက်အတန့်အားဖြင့် ခြွင်းချက်အာဏာတွေ ကျင့်သုံးနိုင်ခြင်းကို ဆိုလိုချင်တာ ဖြစ်တယ်။ပါရီ ကွန်မြူးဟာ အကြွင်းမဲ့ အာဏာရှင် ဖြစ်ဖို့ဝေးစွ၊ အင်မတန် ဒီမိုကရေစီနည်းကျသော လူထု အစိုးရပုံစံ တခု ဖြစ်ခဲ့တယ်။ ပျောက်ကွယ် သွားစေဖို့ ရည်ရွယ် ပုံဖော်ထားတဲ့ နိုင်ငံတော်တခုသာ ဖြစ်တယ်၊ အန်းဂယ်(လ်စ်) သုံးခဲ့သလိုဆိုရင် semi-state သာ ဖြစ်တယ်။ လီနင်နဲ့ ဘော် ရှီဗစ်တွေဟာ အောက်တိုဘာ တော်လှန်ရေးပြီးတော့ ဆိုဗီယက် နိုင်ငံတော်ကို ပါရီ ကွန်မြူး သွားခဲ့တဲ့ လမ်းအတိုင်း ထူထောင်ခဲ့တယ်။ အလုပ် သမားတွေက ဆိုဗီယက်တွေကနေ အာဏာယူခဲ့တယ်၊ ဆိုဗီယက်တွေဆိုတာ တီထွင်ဖူးသမျှထဲမှာ လူထု ကိုယ်စားပြု ဒီမိုကရေစီ အကျဆုံး အဖွဲ့တွေ ဖြစ်တယ်။အင်မတန် နောက်ကောက်ကျနေသေးတဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့်လည်း ရပ်ရှားမှာ အလုပ်သမား လူတန်းစားက ဒီမိုကရေစီ အခွင့်အရေး တွေ ခံစားခဲ့ရတယ်။ ၁၉၁၉ ပါတီ လုပ်ငန်းစဉ်ထဲမှာဆိုရင် “လုပ်သားထု တရပ်လုံး ခြွင်းချက်မရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး အလုပ်မှာ ပါဝင် လာအောင် လုပ်ပေးရမယ်” လို့ အတိအလင်း ပြဌာန်းထားတယ်။ စီမံကိန်းနဲ့ စနစ်တကျ အကောင်အထည်ဖော်သော စီးပွားရေးစနစ်ရဲ့ ဦး တည်ရာလမ်းကို အလုပ်သမား သမဂ္ဂတွေကပဲ ပဲ့ကိုင်ထားတယ်။ ဒီလုပ်ငန်းစဉ်ကို ကမ္ဘာ့ ဘာသာစကားအသီးသီးနဲ့ ပြန်ဆိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဝေခဲ့ကြတယ်။ ဒါပေမယ့် ၁၉၃၆ ခုနှစ် ဖယ်ထုတ်ရှင်းလင်းရေး ကာလမှာ ၁၉၁၉ ပါတီ လုပ်ငန်းစဉ်ကို အန္တရာယ်ကြီးသော မှတ် တမ်းတခုအဖြစ် သဘောထားလာကြတယ်၊ ဒီလုပ်ငန်းစဉ် ကော်ပီအားလုံး ဆိုဗီယက် ပြည်ထောင်စုအတွင်း စာကြည့်တိုက်တွေ စာအုပ်ဆိုင် တွေကနေ တိတ်တိတ်လေး ဖယ်ရှားခံခဲ့ရတယ်။အလုပ်သမား လူတန်းစားက ဦးဆောင် အခန်းကဏ္ဍကနေ မပါဝင်ခဲ့တဲ့ တော်လှန်ရေးတိုင်းမှာ တချို့သော အရာတွေ မလွဲမသွေ ထွက်ပေါ် လာလိမ့်မယ်။ နိုင်ငံတော်က လူ့အဖွဲ့အစည်းရဲ့ အပေါ်ကနေ တက်ထိုင်လိုတဲ့ တိမ်းညွှတ်မှုတခု အမြဲရှိတယ်၊ တချို့သော အခြေအနေတွေမှာ ပိုင်းဖြတ်ချက် အခိုင်မာဆုံး လူတွေတောင် အကျင့် ပျက်ခြစားသွားနိုင်တယ် (သို့) လူထုနဲ့ ကင်းကွာသွားနိုင်တယ်။ ဒါ့ကြောင့်ပဲ အလုပ်သမား ထု အာဏာရဲ့ နာမည်ကျော် အခြေခံ လေးချက်ကို လီနင် ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။(၁)အရာရှိ အားလုံးကို ဒီမိုကရေစီနည်းကျ လွတ်လွတ်လပ်လပ် ရွေးကောက်ရမယ်၊ လူထုက ဖြုတ်ချပိုင်ခွင့် အပြည့်ရှိရမယ်။ (၂)ဘယ်အရာရှိမှ ကျွမ်းကျင် အလုပ်သမား တယောက် လုပ်ခလစာထက် ပိုမရစေရ။ (၃)အမြဲတမ်း စစ်တပ် မရှိစေရ၊ လူထု တရပ်လုံးကိုသာ လက်နက်တပ်ဆင်ထားရမယ်။ (၄)လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်တဲ့ အလုပ်တွေအားလုံး လူတိုင်းလူတိုင်းက အလှည့်ကျ လုပ်ဆောင်သွားရမယ်၊ ဒီအချက်ကို တစ တစ အကောင်အထည် ဖော်သွားရမယ် (လူတိုင်းက ဗျူရိုကရက် ဖြစ်လာတဲ့အခါ ဘယ်သူမှ ဗျူရိုကရက် မဖြစ်တော့ဘူး)။ဒီအခြေအနေတွေဟာ လီနင် စိတ်ကူးတည့်ရာ ချရေးထားတာ မဟုတ်ဘူး။ ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် ပြုထားပြီး စီမံကိန်းနဲ့ စနစ်တကျ အကောင်အထည်ဖော်တဲ့ စီးပွားရေးစနစ်မှာ စက်ရုံ လည်ပတ်ရာ၊ လူ့အဖွဲ့အစည်းကို ပဲ့ကိုင်ရာ၊ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရာမှာ လူထုကြီးရဲ့ ပါဝင်မှု အများဆုံး လိုအပ်တယ်။ ဒီလို လူထု ကိုယ်တိုင် ပါဝင်နိုင်ခြင်း မရှိရင် ဗျူရိုကရေစီ ကြီးစိုးမှု၊ အကျင့်ပျက် ခြစားမှုနဲ့ စီမံ ခန့်ခွဲမှု အလွဲတွေဆီ မလွဲမသွေ ဦးတည်သွားလိမ့်မယ်၊ ဒီလိုဖြစ်လာရင် စီမံကိန်းချ စီးပွားရေးစနစ်ကို အတွင်းလှိုက်စားပြီး နောက်ဆုံးမှာ ဖျက် စီးသွားမယ်။ ဆိုဗီယက် ပြည်ထောင်စုဟာ အဲဒီအတိုင်း ပျက်စီးသွားခဲ့တယ်။ လီနင် ဖော်ထုတ်ခဲ့တဲ့ အချက်တွေဟာ ကျူးဘားက ဖြစ်ရပ် တွေပေါ်လည်း အရေးကြီးတဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်၊ ချေရဲ့ သဘောတရား အမြင် ဖြစ်ပေါ်တိုးတက်မှုအပေါ်လည်း သက်ရောက်မှု ရှိခဲ့တယ်။တော်လှန်ရေး ဝန်ကြီးချေဟာ တော်လှန်ရေး အစိုးရမှာ ရာထူးနေရာ အမျိုးမျိုး ယူခဲ့တယ်။ မြေယာ ပြုပြင်ရေး နိုင်ငံလုံးဆိုင်ရာ အင်စတီကျုမှာ အလုပ်လုပ်ခဲ့တယ်။ ကျူးဘား နိုင်ငံတော် ဘဏ် ဥက္ကဌလည်း ဖြစ်ခဲ့တယ်၊ ငွေကြေးတွေ ရိုက်ထုတ်ရာမှာ သူ့ရဲ့ နစ်(ခ်)နိမ်း ‘ချေ’ လို့ လက်မှတ်ထိုးခဲ့တယ်။ ဒီ တလျှောက်လုံး ဂွေဗားရားဟာ သူ့ရာထူးအဆင့်အတိုင်း ပေးတဲ့ တရားဝင် လစာတွေကို မယူခဲ့ဘူး၊ တော်လှန်ရေး တပ်သားတယောက်ရဲ့ လစာအတိုင်း နည်းနည်းလေးပဲ ယူခဲ့တယ်။နည်းနည်းလေး အသေးစိတ် ကြည့်လိုက်မယ်ဆိုရင် ဒီလူသားအကြောင်းကို အများကြီး သိလာမယ်။ ‘တော်လှန်ရေး နမူနာ’ တခုအဖြစ် ဖော် ဆောင်ဖို့ သူဒီလို လုပ်ဆောင်ခဲ့တာ။ တကယ်တော့ ‘နိုင်ငံတော်နဲ့ တော်လှန်ရေး’ ကျမ်းထဲမှာ လီနင် ဖော်ထုတ်ခဲ့တဲ့ ‘ဆိုဗီယက် နိုင်ငံတော် အတွင်းက ဘယ်အရာရှိမှ ကျွမ်းကျင် အလုပ်သမား တယောက် လစာထက် ပိုမရစေရ’ ဆိုတဲ့ မူကို ချေ လိုက်နာ ကျင့်သုံးခဲ့ခြင်း ဖြစ်တယ်။ ဒီ လုပ်ရပ်ဟာ ဗျူရိုကရေစီနဲ့ ဆန့်ကျင်ဘက်သာ ဖြစ်တယ်။ နိုင်ငံတော်က လူ့အဖွဲ့အစည်းရဲ့ အပေါ်ကို သူ့ဘာသာ တက်ထိုင်သွားနိုင်တဲ့ အန္တ ရာယ်ကို မာ့(က်စ်)လိုပဲ လီနင်လည်း ကောင်းကောင်း သိထားခဲ့တယ်။ ဒီအန္တရာယ်ဟာ အလုပ်သမားထုရဲ့ နိုင်ငံတော်မှာလည်း ရှိခဲ့တယ်။လီနင်က မာ့(က်စ်)နဲ့ အန်းဂယ်(လ်စ်)တို့ရဲ့ ပါရီ ကွန်မြူးအပေါ် ဆန်းစစ်သုံးသပ်ချက်ကို သူ့လေ့လာရေး ခရီး စတင်အခြေပြုရာ သဘောတရား အဖြစ် ယူပြီး ၁၉၁၇ မှာ ပေါ်လာတဲ့ အလုပ်သမား နိုင်ငံတော်အတွင်း ဗျူရိုကရေစီကို တိုက်ဖျက်ဖို့ အရေးကြီး အချက်လေးချက်ကို ဖော်ထုတ် ခဲ့ခြင်း ဖြစ်တယ်။ ဒီလေးချက်ကို အပေါ်မှာ တင်ပြခဲ့ပြီးပြီ။“နိုင်ငံတော် အရာရှိတွေကို တာဝန်ယူမှုရှိပြီး လူထုက အချိန်မရွေး ဖြုတ်ချပိုင်ခွင့်ရှိသော၊ သင့်တင့်တဲ့ လစာသာ ပေးထားသော ‘ဖိုမင်တွေ၊ အကောင့်တန့်တွေ’လိုပဲ ငါတို့ရဲ့ လမ်းညွှန်ချက်တွေ အကောင်အထည် ဖော်ပေးရတဲ့ အနေအထားအထိ လျှော့ချပစ်ရလိမ့်မယ်၊ (မှန်ပါတယ်၊ တတ်သိပညာရှင် အမျိုးအစား အားလုံးရဲ့ အကူအညီကို မလွဲမသွေ ယူရမှာပဲ)။ ဒါဟာ ကျနော်တို့ ပစ္စည်းမဲ့ လူတန်းစားရဲ့ အလုပ်ပဲ၊ ပစ္စည်းမဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ရာမှာ ကျနော်တို့ ဒီအတိုင်း လုပ်နိုင်တယ်၊ ဒီအတိုင်းပဲ အစပြုရမယ်”။ (LCW, Vol. 25, p. 431)ဆိုဗီယက် အာဏာ စထူထောင်ပြီး အစောပိုင်းလတွေမှာ (လီနင် ကိုယ်တိုင်အပါအဝင်) ပြည်သူ့ ကော်မစ်ဇာ တယောက်ရဲ့ လစဟာ သာမန် နိုင်ငံသားတယောက်ရဲ့ အနိမ့်ဆုံး လုပ်ခလစာရဲ့ နှစ်ဆသာ ရှိတယ်။ နောက်နှစ်တွေမှာ ရူဘယ်(လ်) တန်ဖိုးနဲ့ ကုန်ဈေးနှုန်းတွေ အပြောင်း အလဲ များခဲ့တယ်၊ လုပ်ခလစာတွေဟာ ငွေကြေးတန်ဖိုးအပေါ် လိုက်ပြီး ပြောင်းလဲခဲ့တယ်။ ကိန်းဂဏန်းအရ ကြည့်ရင်တော့ တချို့အချိန် တွေမှာ မယုံနိုင်စရာပဲ၊ ရူဘယ် သိန်းဂဏန်း၊ သန်းဂဏန်း ဖြစ်သွားတဲ့ ကာလတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီလို ငွေကြေးတန်ဖိုး မငြိမ်တဲ့ ကာလတွေမှာတောင် နိုင်ငံတော် အဖွဲ့အစည်းတွေအတွင်းက အနိမ့်ဆုံး လစာနဲ့ အမြင့်ဆုံး လစာကြား ကွာဟမှု အချိုးအစားဟာ သတ်မှတ် ထားတဲ့ အကန့်အသတ်ထက် မကျော်ခဲ့ဘူး။ လီနင် တသက်တာလုံးမှာ ဒီအချိုးအစားဟာ ၁:၅ ထက် တခါမှ မကျော်ခဲ့ဖူးဘူး။ဟုတ်ပါတယ်၊ ခေတ်နောက်ကျကျန်နေသေးတဲ့ အခြေအနေတွေမှာ ခြွင်းချက်တွေ ထားခဲ့ရတာ ရှိပါတယ်၊ ပါရီ ကွန်မြူး မူတွေကနေ နောက် ပြန်ဆုတ်သွားရတဲ့ ခြွင်းချက်တွေ မလွဲမရှောင်သာ ရှိခဲ့တယ်။ ဆိုဗီယက် နိုင်ငံတော် ကို “ဘူဇွာ အထူးပြု ပညာရှင်တွေ” ပူးပေါင်းလာအောင် စည်းရုံးဖို့ သူတို့ကို လစာတွေ ပိုပေးခဲ့ရတယ်။ အလုပ်သမား လူတန်းစားကိုယ်တိုင်က ပညာရှင်တွေ မမွေးထုတ်နိုင်သရွေ့ ဒီလိုမျိုး “ဘူဇွာ အထူးပြု ပညာရှင်တွေ”ကို လစာတွေ ပိုပေးရတာမျိုး လုပ်ဖို့ လိုအပ်နေမှာပဲ။ ဒါ့အပြင် တချို့သော စက်ရုံ အလုပ်သမား အမျိုးအစားတွေ၊ ရုံး အလုပ်သမား အမျိုးအစားတွေကိုလည်း အထူး “shock worker” လစာနှုန်းထားနဲ့ ပေးခဲ့ရတာတွေ ရှိခဲ့တယ် (အရေးပေါ် အလုပ်တွေ၊ အရမ်း ခက်ခဲ ပင်ပန်းလွန်းတဲ့ အလုပ်အမျိုးအစားတွေမှာ လုပ်ရလို့ သာမန် အလုပ်သမားတွေထက် လစာပိုပေးခဲ့ရတာမျိုးကို ဆိုလို၊ အထူးသဖြင့် ပြည်တွင်းစစ် ဖြစ်နေတဲ့ ကာလမျိုးမှာ။)ဒါပေမယ့် ကွန်မြူနစ်တွေကိုတော့ ဒီလို အလျှော့ပေး လိုက်လျောခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ ကွန်မြူနစ်တွေကို ကျွမ်းကျင် အလုပ်သမား တယောက် လစာနှုန်းထားထက် ပိုမယူဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့တယ်။ ဒီထက်ပိုပြီး ရလာတဲ့ ဝင်ငွေမှန်သမျှ ပါတီကို လွှဲအပ်ရ တယ်။ ပြည်သူ့ ကိုယ်စားလှယ်များ ကောင်စီ ဥက္ကဌဟာ ရူဘယ် ငါးရာပဲ ရရှိခဲ့တယ်၊ ကျွမ်းကျင် အလုပ်သမား လစာ နှုန်းထားအတိုင်းပါပဲ။ ပြည်သူ့ ကိုယ်စားလှယ်များ ကောင်စီ ရုံးမန်နေဂျာ V. D. Bonch-Bruevich က ၁၉၁၈ မေလမှာ လီနင်ကို လစာတွေ အများကြီး ပိုပေးတဲ့အခါ သူ့ကို လီနင်က “ပြင်းပြင်းထန် ဆန့်ကျင်ခဲ့တယ်”၊ ဒီလုပ်ရပ်ဟာ “တရားမဝင်” ခြစားမှုလို့ ပြောခဲ့တယ်။ရပ်ရှား တော်လှန်ရေးတခုတည်း ထီးတည်းဖြစ်ခဲ့ခြင်း၊ ဘူဇွာ အထူးပြု ပညာရှင်တွေနဲ့ နည်းပညာသမားတွေကို လစာပိုပေးပြီး အလုပ်ခန့်ဖို့ လိုအပ်ခြင်းကြောင့် သာမန် အလုပ်သမားထုနဲ့ အဲဒီ အလွှာကြား လစာ ကွာခြားမှု မြင့်မားခဲ့တယ်၊ ဒီတတ်သိပညာရှင်တွေ ရတဲ့ လစာဟာ အစိုးရ အဖွဲ့ဝင်တွေ ရတဲ့ လစာထက် ၅၀% ပိုများတယ်။ ဒါဟာ “ဘူဇွာ လိုက်လျောမှု” လို့ လီနင် ပြစ်တင်ဝေဖန်ခဲ့တယ်။ ဒီအခြေအနေကို အတတ်နိုင်ဆုံး မြန်မြန် ပြောင်းလဲပစ်သင့်တယ်လို့ မှတ်ချက်ချခဲ့တယ်။ချေဟာ သီအိုရီပိုင်းမှာသာမက လက်တွေ့မှာပါ အလားတူ တော်လှန်ရေး မူတွေကို အခိုင်အမာ ကျင့်သုံးခဲ့တယ်။ချေ နဲ့ စတာလင်ဝါဒချေ ဂွေဗားရားဟာ အသွေးထဲ အသားထဲကကို တော်လှန်ရေးသမား တဦး ဖြစ်ခဲ့တယ်။ ပုဂ္ဂိုလ်ရေးဘဝမှာ အကျင့်ပျက် ခြစားမှု လုံးဝကင်း ရှင်းပြီး ဗျူရိုကရေစီကို ရွံရှာစက်ဆုပ်တယ်၊ အခွင့်ထူးတွေနဲ့ careerism ကို ရွံရှာ မုန်းတီးတယ်။ ချေဟာ တော်လှန်ရေး တပ်သားတယောက်ရဲ့ အင်မတန် တင်းကြပ်သော၊ ခိုင်ကျည်သော ကိုယ်ကျင့်စံကို ကျင့်သုံးခဲ့သူ ဖြစ်တယ်။ ဒါ့ကြောင့် တော်လှန်ရေး အောင်ပွဲခံပြီးနောက် မြင်တွေ့ လာရတဲ့ ဗျူရိုကရေစီ အတောင်အလက်တွေ၊ ရာထူးကြီးသူ ကပ်ဖားပြီး စားခွက်ရှာခြင်းတွေကြောင့် ချေ အတော်လေး စိတ်ပျက်သွားခဲ့ တယ်။နီကီတာ ခရူးရှက်လက်ထက် ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ် ပါတီရဲ့ တရားဝင် ရပ်တည်ချက်တွေကို ဆန့်ကျင်တဲ့ သူ့အမြင်တွေကို ချေ မကြာခဏ ထုတ်ပြောခဲ့တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “သီအိုရီ” ကို ချေ ဆန့်ကျင်ခဲ့တယ်။ မော်စကို နဲ့ မော်စကိုရဲ့ အိုင်ဒီအော့ လဂျီကို အထင်ကြီး၊ လိုက်အတုခိုးချင်တဲ့ ကျူးဘား နိုင်ငံရေးသမားတချို့ရဲ့ သဘောထားကို ချေ မနှစ်မြို့ခဲ့ဘူး။ အထူးသဖြင့် ဗျူရိုကရေစီ၊ ကရစ်ယရစ်ဇင်နဲ့ အခွင့်ထူးခံခြင်းတွေဟာ ချေကို စိတ်ပျက်စေခဲ့တယ်။ ချေရဲ့ ရပ်ရှား ခရီးစဉ်၊ အရှေ့ဥရောပ ခရီးစဉ်တွေဟာ သူ့ကို ရှော့ခ်ရ သွားစေခဲ့တယ်၊ စတာလင်ဝါဒကို သူထင်ထားတာနဲ့ တခြားစီမှန်း နက်နက်နဲနဲ သဘောက်ပေါက်သွားခဲ့ တယ်။ ဗျူရိုကရေစီ၊ အခွင့်ထူးတွေနဲ့ အသက်ရှူကြပ်လောက်အောင် ချုပ်ခြယ် ပုံသွင်းမှုတွေဟာ ချေကို နှလုံးသားထဲအထိ စက်ဆုပ်သွားစေခဲ့ပြီ။ချေဟာ ဆိုဗီယက် ပြည်ထောင်စုနဲ့ ဆိုဗီယက် ခေါင်းဆောင်တွေကို ပိုပိုပြီး ဝေဖန်လာခဲ့တယ်။ ဒါ့ကြောင့်ပဲ တရုတ် ဆိုဗီယက် ပဋိပက္ခမှာ အစ ပိုင်း တရုတ်ဘက်ကို ညွှတ်သွားခဲ့ခြင်း ဖြစ်တယ်။ ဒါပေမယ့် ချေကို မော်ဝါဒီလို့ ပုံဖော်ခြင်းဟာ ချေကို မတရား ပြုမူတာပဲ။ ခရုရှက် ရပ်ရှား ထက် မော်ရဲ့ တရုတ်ကို ချေ ပိုပြီး နှစ်ခြိုက်တယ်လို့ ယုံကြည်စရာ ဘာအကြောင်းမှ မရှိဘူး။ ချေက တရုတ်ဘက်ကို ယိမ်းတယ်လို့ ထင်ခဲ့ရတာ က တာဝေးပစ် ဒုံးတွေ ကျူးဘားကနေ ဖယ်ပေးဖို့ မော်စကိုရဲ့ ဆုံးဖြတ်ချက်ကို တရုတ်က ဝေဖန်ခဲ့လို့ ဖြစ်တယ်။ မော်စကိုရဲ့ ဒီလုပ်ရပ်ကို သစ္စာဖောက်မှုပဲလို့ ချေ မြင်ခဲ့တယ်.ချေ ဂွေဗားရားကို တိကျတဲ့ မျိုးတူစု ခွဲခြားသတ်မှတ်လို့ မရနိုင်ဘူး။ ချေဟာ ‘complex’ ဖြစ်နေတဲ့ လက္ခဏာ ဆောင်တယ်၊ သူ့မှာ အမှန်တရား ကို အမြဲတမ်း ရှာဖွေနေတဲ့ ‘အသီးထွန်းကားသော’ ဦးနှောက် ရှိတယ်။ စတာလင် ဝါဒဟာ တရားသေ ဩဝါဒတွေဟာ ချေ တွေးခေါ်စဉ်းစားပုံနဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်။ ဗျူရိုကရေစီကို ကျိုးနွံမှု နဲ့ ပုံတူသွင်း မွေးထုတ်ခြင်းကို ချေ လက်မခံဘူး၊ အခွင့်ထူးခံ အမျိုးအစားအားလုံးကို ရွံရှာ မုန်းတီးတယ်။ ဒီအချက် ကြောင့်ပဲ ဥရောပကလာတဲ့ ဧည့်သည်တော် “ကွန်မြူနစ်” အရာရှိကြီးနဲ့ ဆိုဗီယက် အုပ်စုအဖို့ သံသယ ဝင်စရာ ဖြစ်ခဲ့ တယ်။ ပြင်သစ် ကွန်မြူနစ်ပါတီက စတာလင်ဝါဒီ ခေါင်းဆောင်တွေဟာ သူ့ကို အတော်လေး ရန်လို မုန်းတီးကြတယ်။ ချေကို ဆန့်ကျင် ပုံ ဖျက်တဲ့ ကမ်ပိန်းတွေတောင် လုပ်ခဲ့ကြသေးတယ်။ သူ့ကို “ပက်တီးဘူဇွာ တဇောက်ကန်းသမား” လို့ တံဆိပ်ကပ်ခဲ့ကြတယ်။စက်မှုဝန်ကြီးနောက်ပိုင်းကျ ဂွေဗားရားဟာ စက်မှု ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။ ဒီတာဝန်ယူထားတဲ့ ချေဟာ ဆိုရှယ်လစ် စီမံကိန်း စီးပွားရေး စနစ် ထူထောင်ခြင်း ပြဿနာတွေကို ခက်ခက်ခဲခဲ ရုန်းကန် ဖြေရှင်းခဲ့ရတယ်၊ ကျူးဘား တော်လှန်ရေးအပြီး ရင်ဆိုင်ရတဲ့ ခက်ခဲကြမ်းတမ်း လှသော အခြေအနေတွေကြားကနေ တည်ဆောက်ခဲ့ရတယ်။ စာရေးသူရဲ့ သူငယ်ချင်း ရဲဘော်တဦးဖြစ်တဲ့ စစ်ပြန် ကျူးဘား ထရော့စကီးဝါဒီ လီယွန် ဖာရီရာဟာ ချေနဲ့အတူ စက်မှုဝန်ကြီးဌာနမှာ အလုပ်,လုပ်ခဲ့တယ်၊ ထရော့စကီးနဲ့ ထရော့စကီးဝါဒအကြောင်း ချေနဲ့ အများကြီး ဆွေး နွေးခဲ့ရတယ်။ ဖာရီရာက ထရော့စကီး စာအုပ်တွေ ပေးဖတ်ခဲ့တယ်၊ အဲဒီစာအုပ်တွေကို ချေ စိတ်ဝင်တစား ဖတ်ခဲ့တယ်။ ဒါပေမယ့် သူ နား လည်ရခက်တဲ့ တချက်ရှိနေတယ်လို့ ချေ ထုတ်ပြောခဲ့ဖူးတယ်။ “ထရော့စကီးက ဗျူရိုကရေစီအကြောင်း အများကြီး ရေးထားတယ်၊ ဘာသ ဘောနဲ့ ဒါလောက် အများကြီး ရေးသလဲ”။ လီယွန်လည်း အတတ်နိုင်ဆုံး ကြိုးစား ရှင်းပြခဲ့တယ်၊ တအောင့်လောက်ကြာတော့ ချေက ပြော တယ် “အား ဟုတ်ပြီ၊ မင်းပြောချင်တာ ငါသဘောပေါက်ပြီ”။နောက်တရက်ကျ ချေနဲ့ လီယွန် ကြံခင်းတွေထဲမှာ ကြံခုတ်နေကြတယ်။ အင်မတန် ပင်ပန်းဆင်းရဲတဲ့ ဒီအလုပ် လုပ်နေချိန် ကား အနက်ကြီး တစင်း ယာခင်းထဲ ဖြတ်မောင်းပြီး လာနေတာကို လီယွန် တွေ့လိုက်ရတယ်။ သူက ချေ့ဘက်ကို လှည့်လိုက်ပြီး ‘ရဲဘော် ခင်ဗျားဆီ ဧည့်သည် လာနေတာနဲ့ တူတယ်’ လို့ ပြောလိုက်တယ်။ ချေက မော့ကြည့်ပြီး အံ့အားသင့်သွားတယ်၊ လစ်မဇီး ဇိမ်ခံကားကြီးတစင်းကို တွေ့လိုက်ရ တယ်။ အဲဒီနောက် သူ့မျက်နှာ အပြုံးတပွင့်နဲ့ လင်းလက်သွားတယ်၊ ချေက လီယွန်ကို ပြောလိုက်တယ် “မင်း ဒါကို စောင့်ကြည့်ထား”။ကားက ရပ်သွားတယ်၊ နက်တိုင်တွေနဲ့ ဝတ်စုံပြည့် ဝတ်ထားတဲ့ အရာရှိတယောက် ကားထဲက ထွက်လာပြီး ချေ့ ဆီ လျှောက်လာတယ်။ သူမှ ပါးစပ်မဟနိုင်သေးခင် ချေက အဲဒီ အရာရှိကို အော်လိုက်တယ် “ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ၊ ထွက်သွားစမ်းပါ၊ ဒီမှာ ဗျူရိုကရက်တွေ ကျုပ်တို့ အလိုမရှိဘူး”။ အနှီ အရာရှိလည်း မျက်နှာကြီး နီပြီး ဇိမ်ခံကားကြီးဆီ ပြန်ထွက်သွားခဲ့တယ်။ ချေက လီယွန်ဘက်ကို လှည့်ပြီး “မင်း တွေ့လား” လို့ အောင်ပွဲခံ အပြုံးနဲ့ ပြောလိုက်တယ်။ကျူးဘား ထရော့စကီးဝါဒီတွေ အဖမ်းခံရတော့ သူတို့တွေ လွတ်အောင် ချေ ကိုယ်တိုင် ကြားဝင် ပြောပေးခဲ့တယ်။ လီယွန် ထရော့စကီးရဲ့ လက်ရာတွေကို လေ့လာကြဖို့လည်း ချေက အဆိုပြုခဲ့တယ်၊ ထရော့စကီးကို အော်သဒေါ့ (ခ်စ်) မဟုတ်တဲ့ မာ့(က်စ်)ဝါဒီ တဦးလို့ ချေက သ ဘောထားခဲ့တယ်။ ချေရဲ့ ဒီသဘောထားဟာ မော်စီတုန်း နောက်လိုက်တွေ သဘောထားနဲ့ အတော်ကွာခြားတယ်၊ မော်ဝါဒီတွေက ထရော့ စကီးကို တန်ပြန် တော်လှန်ရေး သမား၊ ဆိုရှယ်လစ်ဇင်ရဲ့ ရန်သူလို့ သဘောထားကြတယ်။Armando Hart Dávalos ဆီရေးတဲ့ ချေ ဂွေဗားရား စာထဲမှာ အဲဒီ အတွေးအမြင်တွေကို ဖော်ထုတ်ထားတယ်။ ဒီပေးစာကို ၁၉၉၇ ခုနှစ်၊ စက် တင်ဘာလတုန်းက ကျူးဘားမှာ ထုတ်ဝေခဲ့တယ်။ ဒီပေးစာကို တန်ဇေးနီးယား နိုင်ငံ ဒါအက်(စ်)ဆယ်လန်းမြို့ကို ရောက်နေတုန်းက ၁၉၆၅ ခုနှစ် ဒီဇင်ဘာ (၄)ရက်နေ့မှာ ရေးခဲ့ခြင်း ဖြစ်တယ်။ ချေရဲ့ အာဖရိကန် ခရီးစဉ်အတွင်း ရေးခဲ့တဲ့ ပေးစာ ဖြစ်ပါတယ်။ ဒီစာထဲမှာ ဆိုဗီယက် အ ဘိဓမ္မာနဲ့ ကျူးဘား နိုင်ငံရေးသမား တချို့ရဲ့ ဆိုဗီယက် နောက်မြီးဆွဲ ကျိုးနွံမှုကို ချေက ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်။“အခု အားလက်ရက်[!] ကာလမှာ အဘိဓမ္မာ လေ့လာရေးတွေ ဖိလုပ်နေမိတယ်၊ ဒီလို အားတက်သရော လေလာဖို့ ရည်ရွယ်ထားတာ ကြာ နေပြီ။ ပထမဆုံး တွေ့ရတဲ့ ပြဿနာတွေက ကျူးဘားလို ရေးသား ထုတ်ဝေထားတာ လောက်လောက်လားလား ဘာမှမရှိဘူး၊ ဆိုဗီယက် ရပ် ရှားက လာတဲ့ စာအုပ်ထူထူကြီးတွေတော့ ရှိပါရဲ့၊ ဒီစာအုပ် တွေကို ဖတ်ဖို့ရာလည်း မလွယ်ဘူး၊ ဒီစာအုပ်တွေ ဖတ်လို့လည်း စဉ်းစားတွေးခေါ် မှုကို လှုပ်နှိုးနိုင်မှာ မဟုတ်ဘူး။ ပါတီက ခင်ဗျား စဉ်းစားဖို့ မလိုအောင် လုပ်ပေးထားပြီးသား ဖြစ်နေတယ်၊ ခင်ဗျားအနေနဲ့ သူတွေ့ ချကျွေးတာ ကို မြိုချရုံပဲရှိတယ်။ နည်းလမ်းတခုအနေနဲ့ဆို ဒါဟာ မာ့(က်စ်)ဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်၊ ဒီထက်ပို ဆိုးတာက အဲဒီစာအုပ် အများစုဟာ အရည်အသွေး ညံ့ဖျင်းလွန်းတယ်။”“ကျူးဘားမှာ ထုတ်ဝေနေတာတွေကို ကြည့်လိုက်မယ်ဆိုရင် ဆိုဗီယက်နဲ့ ပြင်သစ် စာရေးဆရာတွေရဲ့ စာအုပ်တွေပဲ တပုံတခေါင်း တွေ့ရလိမ့်မယ် [ပြင်သစ်က Garaudy လို အမာလိုင်း စတာလင်ဝါဒီ စာရေးဆရာတွေ ကို ရည်ညွှန်း ပြောနေခြင်း ဖြစ်တယ်]။ ဒီလိုဖြစ်နေတာ ဟာ ပေါ့ပေါ့လေး ဘာသာပြန် ထုတ်ဝေနေကြလို့၊ သဘောတရားရေးမှာ နောက်မြီးဆွဲ အယူအဆ အားကောင်းနေလို့ ဖြစ်တယ်။ လူထုကို မာ့(က်စ်)ဝါဒ ယဉ်ကျေးမှုနဲ့ နီးစပ်အောင် ဒီလိုလုပ်လို့ မရဘူး။ လွန်ရောကျွံရော မာ့(က်စ်)ဝါဒ ဖြန့်ချိရေးပဲ ဖြစ်မယ်၊ အရည်အသွေး ကောင်း မွန်တယ်ဆိုရင် မာ့(က်စ်)ဝါဒ ဖြန့်ချိရေးလည်း လိုအပ်ပါတယ် (အခုဟာက အရည်အသွေးကလည်း ချာတူးလန်) ဒါပေမယ့် ဒီလောက်နဲ့ မလုံ လောက်သေးဘူး”။မာ့(က်စ်)၊ အန်းဂယ်(လ်စ်)၊ လီနင်၊ စတာလင်နဲ့ တခြား ကြီးမြတ်သော မာ့(က်စ်)ဝါဒီတွေရဲ့ ကျမ်းပေါင်းချုပ် လက်ရာတွေ လေ့လာခြင်း အပါ အဝင် အင်မတန် ကျယ်ပြောတဲ့ နိုင်ငံရေး လေ့လာမှုဆိုင်ရာ ပညာရေး အစီအစဉ် တခု ချေ တင်ပြခဲ့တယ်။ ချေက ဆက်ပြောတယ်၊ “ဥပမာ ရို ဆာ လက်(ခ်)ဇင်ဘာ့(ဂ်) လက်ရာတွေကို ဘယ်သူမှ မဖတ်ကြဘူး၊ ရိုဆာဟာ မာ့(က်စ်)ကို ဝေဖန်ရာမှာ အမှားတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူမ ဟာ ဂျာမနီ တော်လှန်ရေး ကာလမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်၊ ဒီလို ဖြစ်ရပ်တွေမှာ အရင်းရှင် နယ်ချဲ့စနစ်ရဲ့ ဗီဇက ငါတို့တတွေထက် ပို ကြီးမားနေတယ်။ ကောက်စကီးနဲ့ ဟစ်(လ်)ဖာရင်း (Hilfering) တို့လို နောက်ပိုင်းမှာ လမ်းလွဲသွားတဲ့ မာ့(က်စ်)ဝါဒီတွေရဲ့ လက်ရာတွေလည်း ဒီမှာ မရှိဘူး။ သူတို့တတွေဟာ မာ့(က်စ်)ဝါဒ ဘဏ္ဍာတိုက်ကို ဖြည့်တင်းခဲ့ကြသူတွေ။ [တကယ်တော့ ချေ ပြောလိုတာ ဩစထရီးယန်း မာ့(က်စ်)ဝါဒီ Rudolf Hilferding ဖြစ်တယ်၊ Hilfering လို့ စာလုံးမပေါင်းပါဘူး]။ စကော်လာဆန်ခြင်း လုံးဝမရှိတဲ့ ခေတ်ပြိုင် မာ့(က်စ်)ဝါဒီ တော်တော်များများရဲ့ လက်ရာတွေလည်း ကျူးဘားမှာ မရှိဘူး။”ရွှင်ရွှင်မြူးမြူးလေးနဲ့ ထပ်ဖြည့်လိုက်သေးတယ် “ခင်ဗျား မိတ်ဆွေ ထရော့စကီး ရေးခဲ့တဲ့ လက်ရာတွေကိုလည်း လေ့လာသင့်တယ်”။ ရပ်ရှား နဲ့ အရှေ့ဥရောပက ဗျူရိုကရက်တစ် အစိုးရစနစ်တွေရဲ့ သရုပ်မှန်ကို မြင်ပြီး စိတ်ပျက်လာတာနဲ့အမျှ ထရာ့စကီး အယူအဆတွေကို ချေ ပိုပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ ချေ ဂွေဗားရားဟာ စာပေကို အရူးအမူး ဖတ်တဲ့သူ၊ ဘိုလီးဗီးယားကို နောက်ဆုံအခေါက် စစ်တိုက်ထွက်တော့ စာအုပ် တွေ အများကြီး သယ်သွားခဲ့တယ်။ ဒီထဲမှာ ထရော့စကီး စာအုပ်တွေ ပါဝင်နေတယ်၊ စဉ်ဆက်မပြတ် တော်လှန်ရေး ‘Permanent Revolution’ နဲ့ ရပ်ရှား တော်လှန်ရေး သမိုင်း ‘History of the Russian Revolution’ စာအုပ်တွေ။တောထဲ တောင်ထဲ တိုက်ပွဲဝင်ရတဲ့ ပြောက်ကျားစစ်ရဲ့ အင်မတန် ကြမ်းတမ်း ခက်ခဲတဲ့ အခြေအနေတွေမှာ တပ်သား တယောက်က မဖြစ် မနေ ဖတ်ဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ စာအုပ်တွေပဲ သူထည့်သယ်သွားမှာ ပဲ။ ဒီအချက်ဟာ အဲဒီကာလ ချေ ဘယ်လို တွေးခေါ်စဉ်း စားနေမလဲ ဆိုတာကို အများကြီး ပြောပြသွားတယ်။ ချေ သာ အသက်ရှင်နေခဲ့ရင် ထရော့စကီးဝါဒဘက်ကို ချေ ရောက်လာလိမ့်မယ်၊ တကယ်တော့ သူ့အသက်ကို နှုတ်ယူ မခံရခင်ကတည်းက ချေဟာ ဒီအတွေးအခေါ် လမ်းကြောင်းပေါ်ကို စရောက်နေခဲ့ပြီ။ချေ ဆန့်ကျင်ရေး ကမ်ပိန်းချေ ဂွေဗားရားဟာ ပိုင်းဖြတ်ချက် ခိုင်မာတဲ့ တော်လှန်ရေးသမား ကွန်မြူနစ် တယောက်ဖြစ်ပါတယ်။ သူဟာ အင်တာနေရှင်နယ်ဝါဒီ တဦး လည်း ဖြစ်တယ်၊ ကျူးဘား တော်လှန်ရေးကို ကာကွယ်ဖို့ ကမ္ဘာ့ အခြားနေရာတွေကို တော်လှန်ရေး ပြန့်ပွားသွားဖို့ လိုအပ်မှန်း သူကောင်း ကောင်း နားလည်ခဲ့တယ်။ တော်လှန်ရေး ပြန့်ပွားသွားအောင် အာဖရိကနဲ့ လက်တင် အမေရိကမှာ သူ အားထုတ်ခဲ့တယ်။ ဒါဟာ ချေရဲ့ အား ကောင်းတဲ့ အခြမ်း ဖြစ်တယ်။ သူ့ရဲ့ အားနည်းတဲ့ အခြမ်းက တော်လှန်ရေးကို အခြေခံအားဖြင့် လယ်သမား ပျောက်ကြား စစ်ပွဲအဖြစ် မြင်ခဲ့ တာပဲ၊ ဆိုရှယ်လစ် တော်လှန်ရေးမှာ အလုပ်သမား လူတန်းစားက အရေးအကြီးဆုံး အခန်းကဏ္ဍက ရှိနေမှန်း ပြည့်ပြည့် ဝဝ နားမလည်ခဲ့ဘူး။ချေဂွေဗားရား လုပ်ကြံခံရခြင်း နှစ်လေးဆယ်ပြည့် ကာလမှာ ချေ ဆန့်ကျင်ရေး ကမ်ပိန်းတွေ ဆူညံဆူညံ ဖြစ်လာတယ်။ ချေကို လက်ယာ ဘက်ကပဲ တိုက်ခိုက်တာ မဟုတ်ဘူး။ အန်နားခစ်(စ်)တွေ၊ လစ်ဘာတေး ရီးယန်းတွေ နဲ့ ‘ဒီမိုကရက်’ အမျိုးအစား ပေါင်းစုံက တိုက်ခိုက်ကြ တယ်။ Regis Debray ရဲ့ ချေကို ဝေဖန်မှုတွေ ဟာ အင်မတန် စိတ်ပျက်ရွံရှာဖို့ ကောင်းတယ်။ Regis Debray ဆိုတာ ချေရဲ့ ဘိုလီးဗီယား နောက်ဆုံး စစ်ဆင်ရေးမှာ အင်မတန် ကောက်ကျစ် ယုတ်မာတဲ့ နေရာကနေ ပါဝင်ခဲ့တဲ့ သစ္စာဖောက်၊ သူရဲဘောကြောင် တကောင်ပါ၊ နောက် တော့ ပြုပြင်ရေးဝါဒီ ဖြစ်လာပြီး Mitterand (၁၉၈၁ ကနေ ၁၉၉၅ အထိ ပြင်သစ် သမ္မတ လုပ်ခဲ့သူ) ရဲ့ အကြံပေး ဖြစ်လာတယ်။နာမည်ကျော် ချေ့ အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးခဲ့တဲ့ Jon Lee Anderson နဲ့ Jorge Castaneda and Octavio Paz တို့လို တခြား “ပညာတတ်တွေ” ကလည်း လူ့စဉ်းလဲတွေ၊ သစ္စာဖောက်တွေရဲ့ ချေ ဆန့်ကျင်ရေး ကမ်ပိန်းမှာ သံပြိုင်တေးကို ဝင်ဟဲလာကြတယ်၊ ချေကို “ရိုးရိုးရှင်းရှင်း နား လည်လွယ်အောင် ပြန်ဖြည်ရမယ်” လို့ ဆိုလာကြတယ်၊ သဘောက ချေရဲ့ တော်လှန်ရေး အစဉ်အလာကို အညစ်အကြေးတွေ သွန်လောင်း ကြမယ်။ ဒီလို စက်ဆုပ်ဖွယ် ပုံဖျက် တိုက်ခိုက်ခြင်းကို လက်တင် အမေရိကတိုက်က “လက်ဝဲ” တော်တော်များများ ထောက်ခံ ပေးထားကြ တယ်။ ဒါဟာ အရင်းရှင်စနစ် အိုမင် ယိုယွင်းနေတဲ့ ကာလမှာ “ဒီမိုကရက်တစ်” ပညာတတ်တွေ ဘယ့်လောက်တောင် ပျက်စီးနေပြီလဲ ဖော်ပြ နေတဲ့ နောက်ထပ် အညွှန်းကိန်း တခုပေါ့။စာရေးဆရာ ပေါ(လ်)ဘားမန်က ဆိုတယ်၊ “ချေကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ခေတ်သစ်ပုံစံ” ဟာ အတိုက်အခံတွေရဲ့ အလုပ်ကို နားလည်ရ ခက် စေတယ်၊ ပေါ(လ်)ဘားမန် ယုံကြည်တာက ကျူးဘားမှာ လတ်တလော ဖြစ်ပွားနေတဲ့ “အင်မတန် ကြီးကျယ်ခမ်းနားသော လူမှု တိုက်ပွဲ”တခု ဖြစ်တယ်။ ကျူးဘားမှာ အင်မတန် ကြီးကျယ် ခမ်းနားတဲ့ လူမှု တိုက်ပွဲတခု ဖြစ်နေတယ်ဆိုတာ အမှန်ပါပဲ။ တော်လှန်ရေးနဲ့ တန်ပြန် တော် လှန်ရေးကြားက တိုက်ပွဲ။ ကျူးဘား တော်လှန်ရေး အောင်သီးအောင်ပွင့်တွေကို ဆက်လက် ကာကွယ်လိုသူတွေနဲ့ “ဒီမိုကရေစီ” အလံအတု ထူပြီး ကျူးဘားကို အရင်းရှင်စနစ် ကျွန်ပြုမှုဆီ ပြန်ဆွဲခေါ်သွားလိုသူတွေကြားက တိုက်ပွဲ ဖြစ်ပါတယ်။ ရပ်ရှားမှာ ဖြစ်ခဲ့သလို တိုက်ပွဲမျိုး။ ဒီ တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ မဖြစ်နိုင်ဘူး။ အနှီ “ဒီမိုကရက် ပညာရှင်တွေ” ဟာ အရင်းရှင် တန်ပြန် တော်လှန်ရေး ဘက်မှာ ဗြောင် ကျကျ ရပ်နေပြီးသား ဖြစ်တယ်။နောက်ထပ် လူ့စဉ်းလဲ တယောက်က စာရေးဆရာ ခရစ်(စ်)တိုဖာ ဟစ်ချန်း(စ်)။ သူ့ကိုယ်သူတော့ ဆိုရှယ်လစ် တယောက်၊ ကျူးဘား တော် လှန်ရေး ထောက်ခံသူ တယောက်လို့ တခါကထင်ခဲ့ဖူးသူ။ အခုတော့ တခြား သူ့မိတ်ဆွေ လူလတ်တန်းစား တော်တော်များများလိုပဲ စိတ် ပြောင်းသွားခဲ့ပြီ။ ချေရဲ့ အစဉ်အလာ အမွေနဲ့ ပတ်သက်လို့ သူက ရေးတယ် “ချေ ကျရှုံးသွားလို့သာ သူ့ကို ပြယုဂ်တခုလို ဖြစ်စေခဲ့တာပါ၊ ချေ့ ဇာတ်လမ်းက ရှုံးနိမ့်မှုနဲ့ အထီးကျန်မှု ဇာတ်ပဲ၊ ဒါ့ကြောင့်လည်း ညှို့အားကောင်းနေတာ။ သူသာ အသက်ရှင်နေသေးရင် ချေရဲ့ ယုံတမ်းတွေ လည်း သေဆုံးသွားတာ ကြာလောက်ပါပြီ”။မဟုတ်ဘူး မိတ်ဆွေ၊ ချေဂွေဗားရားဟာ ဘယ်တုန်းကမှ မသေခဲ့ဘူး၊ ရှင်သန်နေပါတယ်။ ဒီလို ကောက်ကျစ်တဲ့ ဘူဇွာ ကြောင်သူတော် တ သိုက်ကို အားလုံးက မေ့သွားတဲ့နောက်မှာလည်း ချေကို အမြဲ အောက်မေ့ သတိရ နေကြလိမ့်မယ်။ ဟုတ်ပါတယ်၊ ချေ အရေးနိမ့်ခဲ့တယ်။ ဒါပေ မယ့် အနည်းဆုံးတော့ ချေမှာ တိုက်ရဲတဲ့ သတ္တိ ရှိတယ်။ မျှတသော အရေးတော်ပုံတခုအတွက် တိုက်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွား ခြင်းဟာ သမိုင်း ဖြစ်စဉ်ရဲ့ ဘေးကနေ ရပ်ကြည့်ပြီး ဘာမှ မလုပ်ဘဲ လေပေါနေရတာ၊ တွတ်ထိုးနေရတာ၊ စောဒကတက် နေရတာထက် အဆ တထောင်ကျော် ပိုကောင်းမွန်ပေတယ်။ အကြမ်းဖက် တော်လှန်ရေး ပြဿနာချေ ဆန့်ကျင်ရေး အဓိက စွပ်စွဲချက်တခုက ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ မလိုအပ်ဘဲ ခံခဲ့ရတာ ချေ့မှာ တာဝန် ရှိတယ်လို့ ဆိုတယ်။ တ ကယ့် အချက်အလက်တွေက ဘာတွေလဲ။ အာဏာရှင် အစိုးရကို ဖြိုချပြီးတဲ့အခါ ချေ ဂွေဗားရားကို “အမြင့်ဆုံးအဆင့် စီရင်ပိုင်ခွင့်ရှိသူ” ရာ ထူး ခန့်အပ်ခဲ့တယ်၊ ပြီးခဲ့တဲ့ အစိုးရလက်ထက်က စစ်ရာဇဝတ်သားတွေလို့ သံသယရှိသူ ရာနဲ့ချီပြီး ခုံရုံးတင် စစ်ဆေး၊ အရေးယူရာမှာ ကြီး ကြပ်ပေးရတယ်။ La Cabana အကျဉ်းထောင် အကြီးအကဲတယောက်အနေနဲ့ အရင် ဘာတစ်(စ်)တာ အစိုးရ အရာရှိတွေ၊ “ကွန်မြူနစ် လှုပ် ရှားမှုတွေ နှိပ်ကွပ်ရေး ဗျူရို” အဖွဲ့ဝင်တွေကို ခုံရုံးတင် စစ်ဆေး အရေးယူရာမှာ ချေက ကြီးကြပ်ကွပ်ကဲပေးခဲ့တယ်။ တော်လှန်ရေး ရန်သူတွေ က ဒီအချက်ကို ထောက်ပြပြီး ချေ ဆန့်ကျင်ရေး အောက်လုံးထိုး တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်လာကြတယ်။ ချေကို “သားသတ် သမား” လို့ တံဆိပ်ကပ် ထိုးနှက်ထားတဲ့ ဆောင်းပါးတွေ တပုံတခေါင်းကြီး မြင်တွေ့လာရတယ်။ဂျွန်လီးအန်ဒါဆန်ရဲ့ ချေ အကြောင်း စာအုပ်ထဲမှာ အခုလို ရေးထားတယ် -“ဇန်နဝါရီ တလလုံး စစ်ရာဇဝတ်သားလို့ သံသယဝင်သူတွေကို ဖမ်းစီးပြီး La Cabana အကျဉ်းထောင်ကို နေ့တိုင်း ခေါ်လာကြတယ်။ ဖမ်းခံရ သူ အများစုက အရင်အစိုးရ ယန္တယားရဲ့ ထိပ်ပိုင်း အရာရှိတွေလည်း မဟုတ်ဘူး၊ အများစုက သူပုန်တွေ မြို့ကို သိမ်းပြီး လေကြောင်း ရေ ကြောင်းခရီးတွေ ရပ်ဆိုင်း မပစ်ခင်ကတည်းက ထွက်ပြေးလွတ်မြောက်သွားကြတယ် (သို့) သံရုံးတွေမှာ ပုန်းခိုနေကြတယ်။ မပြေးဘဲကျန်ခဲ့သူ အများစုက ကိုယ်စားလှယ်တော်တွေ (သို့) သာမန် အောက်ခြေ သတင်းပေးတွေ နဲ့ စစ်ကြောရေး ရဲတွေ။ ခုံရုံးတင် စစ်ဆေးမှုတွေကို ည ၈/၉ နာရီမှာ စလေ့ရှိတယ်၊ များသောအားဖြင့် မနက် ၂နာရီ ၃နာရီလောက်မှာ စီရင်ချက် ချလေ့ရှိတယ်။ Duque de Estrada က “အမြင့်ဆုံးအဆင့် စီရင်ပိုင်ခွင့်ရှိသူ” ချေနဲ့အတူ ထိုင်ပြီး သက်သေတွေ စုဆောင်း၊ ထွက်ဆိုချက် တွေယူ၊ စစ်ဆေးမှုအတွက် ပြင်ဆင်ပေးရတယ်။ ဒီလူတွေရဲ့ ကံ ကြမ္မာကို ချေက အဆုံးသတ် စီရင်ချက်ချတယ်” (Source: Anderson, Jon Lee. Che Guevara: A Revolutionary Life, New York: 1997, Grove Press, pp. 386-387.)ချေ လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ ရှေ့နေ José Vilasuso က ဒါတွေဟာ “ဥပဒေမဲ့ လုပ်ဆောင်ချက်တွေ” လို့ ပြောခဲ့တယ်၊ “အချက်အ လက်တွေကို ယေဘုယျ တရားစီရင်ရေး မူတွေ ဘာမှ မစဉ်းစားဘဲ ဆုံးဖြတ်သွားခဲ့တယ်”၊ “စုံစမ်းစစ်ဆေးရေး အရာရှိရဲ့ အဆိုပြုချက်တွေက အပြစ်ကျူးလွန်ကြောင်း ဖော်ထုတ်ထားတဲ့ ငြင်းဖျက်လို့ မရနိုင် တဲ့ သက်သေဖြစ်တယ်” လို့ Vilasuso ပြောခဲ့တယ်။ “အရင်အစိုးရ လက် ထက်က ခံခဲ့ရသူတွေရဲ့ ဆွေမျိုးတွေကို အခု စွဲချက်တင်ခံရသူတွေ စီရင်ချက်ချရာမှာ တာဝန်ပေးခဲ့တာတွေ ရှိတယ်” လို့ သူက ပြောသေး တယ်။အေသင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ဥပဒေတွေ အကြောင်း အနည်းအကျဉ်း နားလည်တဲ့ Solon the Great က အခုလို ပြောခဲ့ဖူး တယ် “ဥပဒေဆိုတာ ပင့်ကူအိမ်နဲ့ တူတယ်၊ ငပမွှားလေးတွေဆို ဖမ်းမိတယ်၊ အကောင် ကြီးတွေကျ ပင့်ကူအိမ်ကို ဆွဲဖြဲပစ်တယ်”။ ဥပဒေ ဆိုတာ သူ့နောက်မှာ ရှိနေတဲ့ လူတန်းစား အကျိုးစီးပွားတွေကို ဘယ်တော့မှ မကျော်လွန်နိုင်ဘူး။ ဘူဇွာတွေဟာ ဘဏ်ကြီးတွေ၊ လက်ဝါးကြီး အုပ် အရင်းရှင်ကြီးတွေရဲ့ အာဏာရှင်စနစ်ကို ဖုံးဖိထားဖို့ ဘက်မလိုက်သယောင် ဆောင်ထားတဲ့ ဥပဒေ မျက်နှာဖုံးကို တပ်ဆင်ထားကြတယ်။ ဒီဥပဒေ မျက်နှာဖုံးက အုပ်စိုးသူ လူတန်းစားအဖို့ အသုံးမတည့်တော့ရင် အဲဒီ ဥပဒေဆိုတာတွေ ဘေးဖယ်ထုတ်ပြီး အာဏာရှင်စနစ်ကို ဗြောင် ကျကျ ကျင့်သုံးကြတယ်။အပေါ်က ကောက်စာမှာ ဆိုထားသလိုပဲ La Cabana အကျဉ်းထောင်မှာ အရေးယူခံခဲ့ရသူတွေဟာ ဘာတစ်(စ်) တာ အာဏာရှင်စနစ်ကို မိုက် မိုက်ရမ်းရမ်း ကျားကန်ပေးထားခဲ့သူတွေ။ ပြည်သူတွေကို ခုံရုံးတင် မစစ်ဆေးဘဲ ညှည်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေ၊ ပြည်သူတွေကို ထောက်လှမ်း သတင်းပေးပြီး အကျဉ်းချခံ၊ ညှည်းပန်း နှိပ်စက်ခံ၊ အသတ်ခံရအောင် လုပ်ခဲ့တဲ့ သူလျှို ဒလံတွေ။ ပြည်သူတွေကို ရက်ရက်စက် စက် စစ်ကြော နှိပ်စက်ခဲ့သူတွေ။ ဒီလိုလူတွေကို တော်လှန်ရေး သေနတ်သမားတွေ လက်အပ်ပြီး ချေမှုန်းစေခဲ့တာ။ ဒီလုပ်ရပ်ကို ကျုပ်တို့က အထိတ်တလန့် ဖြစ်ပြီး ဆန့်ကျင်ရမှာလား။ တော်လှန်ရေးက သူ့ရန်သူတွေအပေါ် စာရင်းရှင်းတာကို အထိတ် တလန့် ဖြစ်ရမှာလား။ကျူးဘား တော်လှန်ရေးရဲ့ စီရင်ချက်တွေကို အထိတ်တလန့် ဆန့်ကျင်ပြောဆိုခဲ့တဲ့ အဲဒီ လူလတ်တန်းစား ကြောင်သူတွေပဲ ချီလီ၊ အာဂျင်တီး နားနဲ့ တောင်အာဖရိကလို နေရာတွေက “ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး”ကို ထောက်ခံကြတယ် မဟုတ်လား။ သူတို့တတွေဟာ လူသတ်သ မားတွေ၊ စစ်ကြောရေးက ညှဉ်းပန်းနှိပ်စက်ရေး သမားတွေကို အနှိပ်စက်ခံတွေ၊ လင်ယောကျ်ား အသတ်ခံရလို့ မုဆိုးမ ဖြစ်သွားရသူတွေ၊ မိဘ တွေ စစ်ကြောရေး မှာ အသတ်ခံရလို့ မိဘမဲ့ ဖြစ်သွားရတဲ့ ကလေးတွေ၊ ထုတ်ဖော်ပြောစရာ စကားလုံး မရှိလောက်အောင် နှိပ်စက်ခံ ခဲ့ရသူ တွေ၊ ကိုယ့်အမြင်ကိုယ် ထုတ်ဖော်ပြောမိလို့ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချ ခံခဲ့ရသူတွေနဲ့ မျက်နှာချင်းဆိုင် ရင်ကြားစေခဲ့တဲ့ “အမှန် တရား ကော်မရှင်တွေ” ရုပ်ပျက်ဆင်းပျက် လိမ်ညာဖွဲ့စည်းပေးထားတာကို လက်ခုပ်ဩဘာ တီးပေးခဲ့တဲ့ စာရေးဆရာတွေပဲ မဟုတ်ပါလား။ ဒါတွေ ပြီးသွားတဲ့အခါ သူတို့တတွေ ငြိမ်းချမ်း သွားမယ်၊ သင့်မြတ်ပြေလည်သွားမယ်လို့ တွက်ထားကြတယ်။ ဟုတ်ပြီ၊ မထင်မရှား မြေမြှုပ်ခံ ထားရသူတွေ ဘယ်လောက်များများ “ငြိမ်းချမ်း”နေမလဲ၊ မြစ်ကြမ်းပြင်မှာ လက်ဖြတ်ခံထားရသူတွေ ဘယ်လောက်များများ “ငြိမ်းချမ်း” နေပါ လိမ့်။ငြိမ်းချမ်းရေး နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အရာဟာ တခြားမဟုတ်ဘူး၊ အရှက်မရှိ လိမ်လည်မှုတခုပဲ။ အမှန်တရား ကော်မရှင် ဆိုတဲ့အရာက လည်း အမှန်တရားကို သူရဲဘောကြောင်စွာ ရှောင်ကွင်းခြင်းပဲ။ လူသတ်သမား၊ စစ်ကြော နှိပ်စက်ရေးသမားတွေနဲ့ အသတ်ခံ၊ နှိပ်စက်ခံခဲ့ရသူ တွေကြား ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဘယ်တော့မှ မရှိနိုင်ဘူး။ ခံခဲ့ရသူတွေက အုတ်ဂူထဲကနေတောင် တရားမျှတမှုကို ဟစ်ကြွေး တောင်းဆိုနေမှာပဲ။ ဒီကနေ့အချိန်မှာ လူသတ်ကောင်၊ နှိပ်စက်ရေးသမားတွေက ဆန်တီယာဂို၊ ဗျူနိုအေးရီး(စ်)နဲ့ ဂျိုဟန်နက်(စ်)ဘာ့ဂ်က လမ်းတွေမှာ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေနိုင်တာ ဘယ်လိုမှ သည်းခံနိုင်စရာ မရှိဘူး။ သူတို့ နှိပ်စက်သမျှ ခံခဲ့ရသူတွေက ဒါကို သိသိကြီးနဲ့ လက်ပိုက်ကြည့်ခိုင်းခံရတဲ့ အနေအထား။ စပိန်မှာ ပြုပြင်ရေး ဝါဒီတွေ နဲ့ စတာလင်ဝါဒီတွေက “အကူးအပြောင်းကာလ” လို့ သူ တို့ နာမည်ပေးထားတဲ့ ရှက်စဖွယ် မသမာမှုကြီးကို သဘောတူ လက်ခံထားကြတယ်။ ပြည်သူ တသန်းကျော် သေဆုံးခဲ့ရခြင်းအတွက် တာဝန် ရှိသော ဖက်ဆစ် လူသတ်သမားတွေကို ဘာအပြစ်ဒဏ်မှ မခံရစေဘဲ လွတ်လပ်ခွင့် ပေးထားတယ်။ ချီလီနဲ့ တခြား နေရာတွေက ပြုပြင်ရေး ဝါဒီတွေဟာ ဒါကို အတုယူစရာ နမူနာကောင်းတခုလို ပြောလာကြတယ်။ပီနိုရှေးကို သက်တမ်းစေ့ နေခွင့်ပေးပြီး သူ့အိပ်ယာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း သေခွင့်ပေးတာ ကောင်းတဲ့ အရာလား။ လူထုကြီးကို သတ်ဖြတ် ခဲ့တဲ့ အဲဒီ လူသတ်ကောင်ကို ခံခဲ့ရသူတွေရဲ့ မိသားစုတွေက စီရင်ချက်ချတာ ပိုမကောင်းပေဘူးလား။ ကြောင်သူတော်တွေက ပြောကြတယ်၊ အဲလိုလုပ်ရင် ဥပဒေနဲ့အညီ မဖြစ်ဘူးတဲ့။ ကျနော်တို့က ပြန်ပြောမယ်၊ ဒါဟာ စစ်မှန်တဲ့ တော်လှန်ရေး တရားမျှတမှုကို ဖော်ဆောင်ခြင်းပဲ။ လူ တန်းစား တိုက်ပွဲ အလယ်မှာ ချစ်ခြင်း မေတ္တာတွေ၊ ရင်ကြားစေ့ရေးတွေ လာဟောရင် အဲဒါ ရာဇဝတ်မှုတမျိုးပဲ။ ချမ်းသာပြီး အာဏာရှိသူ တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်ငြိမ်းခွင့် အမြဲပေးခိုင်းပြီး၊ အားနည်းတဲ့ဘက် အကာအကွယ်မဲ့တဲ့ ဘက်ကိုကျ ချစ်ခြင်းနဲ့ ခွင့်လွှတ်ခြင်း ပြသဖို့ အမြဲတောင်းဆိုကြတယ်။ချေဂွေဗားရားဟာ ဆင်းရဲသား ကျောမွဲတွေ၊ အဖိနှိပ်ခံတွေကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်တွယ်တာတဲ့ လူသားဆန် သူတဦး ဖြစ်တယ်၊ ဒါ့ကြောင့် လည်း သူဟာ ဖိနှိပ်သူ၊ သွေးစုပ်သူတွေကို ခါးခါးသီးသီး မုန်းတီးခဲ့တယ်။ ချေ ရေးခဲ့ တယ် -“အမုန်းအာဃာတဟာ တိုက်ပွဲရဲ့ အစိတ်အပိုင်း တခုဖြစ်တယ်၊ ရန်သူကို မစေ့စပ်တမ်း မုန်းတီးခြင်းဟာ လူသားရဲ့ သဘာဝ အကန့်အသတ် တွေထက် ကျော်လွန်သွားအောင် ကျနော်တို့ကို တွန်းအားပေးတယ်၊ ထိထိရောက်ရောက် အကြမ်းဖက်နိုင်သော၊ သွေးအေးအေးနဲ့ သတ်နိုင်တဲ့ လက်ရွေးစင် စက်တွေအဖြစ် ပြောင်းလဲပေးတယ်။ ကျုပ်တို့ တပ်သားတွေဟာ အဲသလို ဖြစ်နေရမယ်၊ အမုန်းအာဃာတ မရှိတဲ့ လူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူကို မချေမှုန်းနိုင်ဘူး”။စကားလုံးတွေက ကြမ်းလွန်းသလား။ ဟုတ်ကဲ့ ကြမ်းပါတယ်၊ ဒါပေမယ့် လူတန်းစား တိုက်ပွဲကလည်း ကြမ်းတမ်း ပါတယ်။ ရှုံးသွားရင် နောက်ဆက်တွဲတွေက သေလုအောင် ပြင်းထန်ဆိုးဝါးပါတယ်။ ကျူးဘားဆိုတာ ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး နယ်ချဲ့တိုင်းပြည်ကနေ မိုင် ကိုးဆယ်ပဲ ဝေးပါတယ်။ ဒီလိုတွေ ဖြစ်ပြီး သိပ်မကြာပါဘူး၊ အမေရိကန် နယ်ချဲ့သမားက ချေတို့ ဖမ်းစီး မသုတ်သင်ရသေးတဲ့ ဘာတစ်(စ်)တာ အေးဂျန့်တွေရဲ့ အကူအညီကို ယူပြီး ကျူးဘားကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်။အရင်းရှင် နယ်ချဲ့သမားတွေရဲ့ ကြောင်သူတော်ဆန်မှုတော်လှန်ရေး ရန်သူတွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို တော်လှန်ရေး ပျက်စီး ဆုံးရှုံးစေလိုခြင်း၊ ကြောင်သူ တော်ဆန်ခြင်းတွေက စေ့ ဆော်ပေးထားတယ်။ တော်လှန်ရေး တရပ်ဟာ ပြည်တွင်း၊ ပြည်ပ ရန်တွေကနေ သူ့ကိုယ်သူ ကာကွယ်ရတယ်။ တော်လှန်ရေးရဲ့ သဘော သဘာဝအရ ဥပဒေ အဟောင်းတွေအားလုံးကို မြေလှန်ပစ်ရတယ်၊ ဒီတော့ ဘူဇွာ ဥပဒေတွေကို အခြေခံထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်း မျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ မမျှော်လင့်စကောင်း။ တော်လှန်ရေးက ဥပဒေအသစ်၊ စည်းမျဉ်းအသစ်တွေ ဖန်တီးပေးရတယ်၊ တော်လှန် ရေးက သိတဲ့ တခုတည်းသော စည်းမျဉ်းက ဟိုး ရှေးကတည်းက Cicero ဖန်တီးခဲ့တဲ့ စည်းမျဉ်းတခုပဲ ရှိတယ်။ (လူထုကို ကယ်တင်ခြင်းဟာ အမြင့်ဆုံး ဥပဒေပဲ)။ တော်လှန်ရေးသမားတွေအဖို့ တော်လှန်ရေးကို ကယ်တင်ခြင်းဟာ အမြင့်ဆုံး ဥပဒေပဲ။ တော်လှန်ရေးတရပ်က ဘူဇွာ ဥပ ဒေ စည်းချက်နဲ့ လိုက်ကရမယ်ဆိုတဲ့ အယူအဆဟာ အတော် အူကြောင်ကြောင်နိုင်တာပဲ။သမိုင်းတလျှောက်မှာ အဖိနှိပ်ခံ လူ့နောက်ပိတ်ခွေးတွေက သူတို့ရဲ့ အရှင်သခင်တွေကို ပုန်ကန်ထကြွခဲ့မှုပေါင်း အများအပြား ရှိခဲ့တယ်။ လူ့ သမိုင်း မှတ်တမ်းရှည်ကြီးထဲမှာ အရေးနိမ့်ခဲ့တဲ့ ကျေးကျွန် ပုန်ကန်မှုကြီးတွေနဲ့ အလားတူ အဖြစ်ဆိုးတွေ အပြည့်ပဲ။ ဒီလို အရေးနိမ့်မှုတိုင်းမှာ တွေ့ရတဲ့အချက်က ကျွန်တွေ ရှုံးနိမ့်ခဲ့ရတာ လုံလောက်တဲ့ ပိုင်းဖြတ်မှု မရှိခဲ့လို့၊ ရန်သူအပေါ် သဘောထား ပျော့ပြောင်းမိလို့၊ အယုံလွယ်မိလို့ ဖြစ်တယ်၊ အုပ်စိုးသူ လူတန်းစားဘက်မှာကျ သူတို့ လူတန်းစား အုပ်စိုးမှု သက်ဆိုးရှည်အောင် အရက်စက်ဆုံး သွေးချောင်းစီး နည်းလမ်းတွေ ကို အသုံးပြုဖို့ အမြဲအသင့်ဖြစ်နေခဲ့တယ်။သမိုင်းမှာ အုပ်စိုးသူ လူတန်းစားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မရေမတွက်နိုင်အောင် အပြည့်ရှိနေတယ်။ စပါတာကပ်(စ်) သူပုန်ထမှု အရေး နိမ့် သွားတဲ့အခါ ရောမတွေက ကျွန်တွေ ထောင်ပေါင်းများစွာကို Via Apia လမ်းမကြီး တလျှောက် ကားစင်တင် သတ်ဖြတ်ခဲ့တယ်။ ၁၈၄၈ ဇွန်လမှာ ဗိုလ်ချုပ် Cavaignac က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ကတိပြုပြီး အလုပ်သမားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ တယ်။ ဘူဇွာ Thiers က ဥပဒေနဲ့ ကျမ်းကျိန်ခဲ့တယ်၊ ဒီနောက်တော့ စစ်တပ်ကို စိတ်ကြိုက်သတ်ဖြတ်ခွင့် ပေးခဲ့တယ်။ ကွန်မြူး အရေးနိမ့် သွားတဲ့နောက် ဗာဆိုင်း(လ်စ်)က လူသတ်သမားတွေဟာ ပါရီက ပစ္စည်းမဲ့ လူတန်းစားကို ရက်ရက်စက်စက် လက်စားချေ သတ်ဖြတ်ခဲ့တယ်။ (၁၈၇၁ ပါရီ ကွန်မြူးသမိုင်း) ရေးခဲ့တဲ့ လစ်စာဂရေးက အခုလို ရေးခဲ့တယ် -“အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ ဇွန်လ အစောပိုင်း ရက်တွေအထိ ဖြစ်ပွားခဲ့တယ်၊ နွေရာသီ အရေးယူ စီရင်မှုတွေဟာ ဇွန်လလယ် အထိ ရှိနေခဲ့တယ်။ အချိန်အတော်ကြာတဲ့အထိ နားလည်ရခက်တဲ့ ရှုပ်ရှုပ်ထွေးထွေး ပြဇာတ်တွေ Bois de Boulogne ပန်းခြံကြီးထဲ ကပြခဲ့ တယ်။ သွေးချောင်းစီးသော ရက်ပတ်အတွင်း ဘယ့်လောက် အသတ်ခံခဲ့ရမှန်း အတိအကျ မသိနိုင်ဘူး။ စစ်ဘက် တရားမျှတမှု အကြီးအကဲက လူပေါင်း ၁၇၀၀၀ ပစ်သတ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်၊ ပါရီ မြူနီစီပယ် ကောင်စီက အလောင်းပေါင်း ၁၇၀၀၀ မြှုပ်နှံဖို့ ကုန်ကျစရိတ်တွေ ပေးခဲ့ တယ်။ ဒါပေမယ့် ပြည်သူ အများကြီးကို ပါရီ ပြင်ပမှာ သတ်ခဲ့တယ် (သို့) မီးရှို့ခဲ့တယ်။ အနည်းဆုံး ၂၀၀၀၀ ရှိမယ်လို့ ပြောရင် မလွန်ဘူး။”“တိုက်ပွဲမြေပြင် တော်တော်များများမှာ သေဆုံးနေသူ အရေအတွက် အတော်များတယ်၊ တိုက်ပွဲ မီးလျှံကြားမှာ ကျဆုံးသွားခဲ့သူတွေ။ ဒီရာ စုနှစ် (၁၉ရာစုကို ရည်ညွှန်း)အတွင်း အဲ့လောက် အသတ်ခံရတာ မရှိခဲ့ဘူး။ ကျနော်တို့ မြို့ပြ တိုက်ပွဲသမိုင်းမှာ ဒီလောက် အကျအဆုံးများတာ မရှိဖူးဘူး။ St. Bartholomew's Day, ၁၈၄၈ ဇွန်၊ ဒီဇင်ဘာ (၂)ရက် အသတ်ခံရမှုတွေဟာ (၁၈၇၁) မေလ အစုလိုက် အပြုံလိုက် လူသတ် ပွဲတွေရဲ့ အပိုင်းတပိုင်းစာပဲ ရှိလိမ့် မယ်။ ရောမနဲ့ ခေတ်သစ် စီရင်ရေးသမားကြီးတွေတောင် Duke of Magenta (၁၈၀၈-၁၈၉၃ ပြင်သစ် ဗိုလ် ချုပ် တဦးနာမည်) ရဲ့ရှေ့ရောက်ရင် မှေးမှိန်သွားရတယ်။ အာရှက အောင်ပွဲခံ ဘုရင်တွေရဲ့ ယစ်ပူဇော်ပွဲ အခမ်း အနားတွေ၊ အာဖရိကတိုက်က Dahomey သက်ဦးဆံပိုင် ဘုရင့်နိုင်ငံတော်က ပွဲတော်ကြီးတွေကပဲ (ပြင်သစ်) ပစ္စည်းမဲ့ လူတန်းစား သတ်ဖြတ်ခဲ့သူတွေကို အိုင်ဒီယာ တချို့ ပေးနိုင်တယ်။”လောလောလတ်လတ် နှစ်တွေမှာ ဖြစ်ခဲ့တဲ့ နမူနာတွေလည်း အများကြီး အများကြီး ရှိသေးတယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားတဲ့ အာဘန့်(ဇ်) အစိုးရကို ဖြုတ်ချပြီး ဂွာတီမာလာ အုပ်စိုးသူ လူတန်းစားဟာ CIA အကူအညီနဲ့ သူ့ပြည်သူတွေကို သွေးချောင်းစီးသော ဂျန်န ဆိုက်(ဒ်) စစ်ပွဲ ကျူးလွန်ခဲ့တယ်။ (ချီလီ သမ္မတ) ပီနိုရှေးဟာ ပြည်သူ သောင်းနဲ့ချီ သတ်ဖြတ်ခဲ့တယ်၊ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ အာဂျင်တီး နား စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြည်သူတွေ အသတ်ခံခဲ့ရတာ ဒီထက်တောင်များသေးတယ်။ ကျူးဘားမှာလည်း အမေရိကန် အိမ်စောင့်ခွေး ဘာတစ်(စ်)တာ က အတိုက်အခံတွေကို စစ်ကြော ညှဉ်းပန်းနှိပ်စက်ခဲ့တာ၊ သတ်ဖြတ်ခဲ့တာ မရေမတွက်နိုင်အောင်ပါပဲ။ဒါတွေအားလုံးဟာ သမိုင်း မှတ်တမ်းတခုပါပဲ။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ဒီမိုကရက်ဆိုသူတွေဟာ ကျူးဘား တော်လှန်ရေးက သူ့ရန်သူ တွေကို ပစ်မှတ်ထား ချေမှုန်းခဲ့တဲ့ အကြမ်းဖက် တော်လှန်ရေးကို ထိတ်လန့် တုန်လှုပ်သယောင် ဆောင်ကြတယ်၊ ဒါပေမယ့် သူတို့ဟာ အမေရိ ကန် အရင်းရှင် နယ်ချဲ့သမားရဲ့ မိတ်ဆွေတွေ ဖြစ်ကြသော တန်ပြန် တော်လှန်ရေးသမား အာဏာရူးတွေရဲ့ ရာဇဝတ်မှုတွေကိုကျ မမြင်ယောင် ဆောင်ထားကြတယ်။ နီကရားဂွာ နိုင်ငံ အာဏာရှင် Somoza နဲ့ပတ်သက်လို့ (အမေရိကန်) သမ္မတ ဖရန့်(က်)လင် ဒီ ရူး(စ်)ဗဲ (လ်ထ်) ပြောခဲ့ သလိုပဲ “ဒီကောင်ဟာ ခွေးမသား၊ ဒါပေမယ့် သူက ငါတို့ ခွေးမသား”။The Bay of Pigsဘူဇွာ လူတန်းစားက အကြမ်းဖက်မှု ပြဿနာကို လူတန်းစား ရှုထောင့်ကနေ ကြည့်တယ်၊ လက်တွေ့ အမြင်နဲ့ ကြည့်တယ်။ အလုပ်သမား လူ တန်းစားကလည်း သူတို့လို ကြည့်သင့်တယ်။ လူတန်းစား ရန်သူကို ကိုယ်ကျင့်တရား လက်ချာတွေ ဖတ်ပြပြီး အနိုင်ရနိုင်တယ် ဆိုတဲ့ အယူအ ဆဟာ သိပ်ကို ရိုးအလွန်းတယ်၊ ရူးကြောင်ကြောင် နိုင်လွန်းတယ်။ ကျူးဘား (နဲ့ရပ်ရှား) တော်လှန်ရေးတွေကို အကြမ်းဖက်တယ်ဆိုပြီး ကိုယ် ကျင့်တရားအရ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကြောင်သူတော်ဆန်ဆန် ထိတ်လန့်တကြား ထအော်နေရတဲ့ အကြောင်းအရင်း အမှန်က ဖိနှိပ် သွေး စုပ်ခံ ကျွန်တွေဟာ ကျွန်ပိုင်ရှင် လူတန်းစားကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သလို အောင်ပွဲလည်း ခံနိုင်ခဲ့လို့ပဲ။အစပိုင်းမှာ ကတ်(စ်)ထရိုက ဆိုရှယ်လစ် အမြင်ကို မတင်ပြသေးဘူး၊ ဘာကိုမှလည်း ပြည်သူပိုင် မသိမ်းခဲ့ဘူး။ တဖက်မှာကျ ကျူးဘား တော် လှန်ရေးဟာ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်ရမယ်လို့ ချေက အခိုင်အမာ တင်ပြခဲ့တယ်။ မကြာခင်မှာပဲ တော်လှန်ရေးဟာ အမေရိကန် အရင်း ရှင် နယ်ချဲ့စနစ်နဲ့ ပဋိပက္ခ ဖြစ်လာခဲ့တယ်။ အမေရိကန် အရင်းရှင် နယ်ချဲ့သမားက ကျူးဘား တော်လှန်ရေးက မြေယာ ပြုပြင် ပြောင်းလဲ ရေးနဲ့ လူထုရဲ့ လူနေမှုဘဝ မြင့်မားရေး တခြား ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်လို့မရအောင် ဖျက်စီးဖို့ လုပ်လာခဲ့တယ်။ အမေ ရိကန် ကုမ္ပဏီကြီးတွေက ကျူးဘား စီးပွားရေးဘဝကို ဖြတ်တောက်ဖို့ လုံးပမ်းလာခဲ့တယ်။ ကတ်(စ်)ထရိုက ကျူးဘားမှာ ရှိနေတဲ့ အမေရိ ကန် ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်သိမ်းပြီး တုံ့ပြန်ခဲ့တယ်။ တော်လှန်ရေးဟာ ရူးဘစ်ခန် စည်းကို ဖြတ်ကျော်သွားခဲ့ပြီ၊ နောက်ပြန်လှည့်လို့ မရ တော့ဘူး။ (အီတလီနဲ့ ဂေါလ် နယ်ခြားစည်းလို ဖြစ်နေတဲ့ Rubicon စမ်းချောင်း နာမည်ဖြစ်ပါတယ်။ ဘီစီ ၄၉ မှာ ဂျူးလိယက် ဆီဇာနဲ့ သူ့စစ် တပ်ဟာ ဖြတ်ခွင့်မရှိ တဲ့ ဒီနယ်ခြားစည်း စမ်းချောင်းကို ဖြတ်ကျော်သွားခဲ့လို့ စစ်ပွဲဖြစ်ခဲ့ရတယ်။ ဒီကနေ ဆင့်ပွားလာတဲ့အသုံး ‘ရူးဘစ်ခန် စည်းကို ဖြတ်ကျော်သွားခဲ့ပြီ’ ဆိုတာ နောက်ကြောင်းပြန်လို့ မရတော့ဘူး၊ ပြန်ပြင်လို့ မရတဲ့ ပိုင်းဖြတ်ချက်ချ ပြီးသွားပြီလို့ ယေဘုယျ အနက် ထွက်ပါတယ်။ အခု ကျူးဘား တော်လှန်ရေး ခေါင်းဆောင်က ကျူးဘားမှာ လာသွေးစုပ်နေတဲ့ အမေရိကန် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်း လိုက်တဲ့အခါ နောက်ပြန်လှည့်လို့မရတဲ့ အနေအထား ရောက်သွားပြီ၊ ဆိုရှယ်လစ် လမ်းကြောင်းအတိုင်း မမှိတ်မသုန် ဆက်ချီတက်မှ ဖြစ် မယ်လို့ အနက်ထွက်သလို၊ အမေရိကန်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်လို့ ပိုင်းဖြတ်ချက်ရှိရှိ ရင်ဆိုင်ရမယ့် အနေအထား ရောက်သွား ပြီလို့ ဆိုလိုပါတယ်)။ ကျူးဘား တော်လှန်ရေးဟာ မြေရှင်ကြီးတွေ၊ အရင်းရှင်တွေရဲ့ စီးပွားရေး ပိုင်ဆိုင်မှုကို ပြည်သူပိုင် သိမ်းယူခဲ့တယ်၊ ဝါရှင် တန်နဲ့ ထိပ်တိုက်တွေ့မယ့် လမ်းကြောင်းပေါ် ရောက်သွားခဲ့ပြီ။ဒါဟာ ထရော့စကီးရဲ့ စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီကို အပြည့်အဝ သက်သေထူပေးလိုက်တာပဲ။ ဒီသီအိုရီကို ချေ အင်မတန် စိတ်ဝင် စားခဲ့တယ်၊ ဒါ့ကြောင့်လည်း စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီ စာအုပ်ကို သူ့ရဲ့ နောက်ဆုံး ဘိုလီးဗီးယား တော်လှန်ရေး ခရီးစဉ်မှာ သယ် သွားခဲ့တယ်။ ကိုလိုနီ တိုင်းပြည်တွေနဲ့ ကိုလိုနီဘဝက လာတဲ့ တိုင်းပြည်တွေမှာ ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေး တာဝန်တွေကို ဘူဇွာ လူ တန်းစားက မထမ်းဆောင်နိုင်တော့ဘူး၊ မြေရှင်ကြီးတွေ အရင်းရှင်တွေရဲ့ စီးပွားရေး ပိုင်ဆိုင်မှုတွေ အားလုံး ပြည်သူပိုင်သိမ်းပြီး လူ့အဖွဲ့အ စည်းကို ဆိုရှယ်လစ်စနစ် လမ်းကြောင်းအတိုင်း ပြောင်းလဲမှုတွေ အစပြုထားပါမှ တကယ် အကောင်အထည် ဖော်နိုင်မယ်လို့ ထရော့စကီးက ရှင်းပြထားတယ်။အရင်းရှင်နယ်ချဲ့ “ဒီမိုကရက်တွေ”ဟာ ကျူးဘားကို ကျူးကျော် တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့တယ်။ ကျူးဘား ကြေးစား စစ်သားတွေကို စီအိုင် အေက လက်နက်တပ်ဆင်ပေးခဲ့တယ်၊ သင်တန်းပေးခဲ့တယ်၊ ဒီနောက် တော်လှန်ရေး အစိုးရကို အကြမ်းဖက် ဖြိုချဖို့ လုပ်ခဲ့တယ်။ အလုပ်သ မားတွေ၊ လယ်သမားတွေကို လှုံ့ဆော် စည်းရုံး၊ လက်နက် တပ်ဆင်ပြီး တော်လှန်ရေးကို ခုခံကာကွယ်ခဲ့ရတယ်။ အရင်းရှင်နယ်ချဲ့ တပ်ဖွဲ့တွေ ကို Bay of Pigs မှာ အနိုင်ယူ ချေမှုန်းပစ်ခဲ့တယ်၊ ဒါဟာ အရင်းရှင် နယ်ချဲ့သမားအဖို့ လက်တင်အမေရိကမှာ ပထမဆုံးအကြိမ် စစ်ရေးရှုံးနိမ့်မှု ပဲ။ တော်လှန်ရေးက အောင်ပွဲခံခဲ့တယ်။ဖောက်ပြန်ရေးသမားတွေစာ အာဏာပြန်ရသွားခဲ့ရင် သူတို့ ဘာလုပ်လိမ့်မလဲ။ ကျူးဘား အလုပ်သမား၊ လယ်သမားတွေကို ညီရင်းအကို သဖွယ် ချစ်ကြည်ရေး၊ ရင်ကြားစေ့ရေး ယူနီဗာဆယ် အခမ်းအနားကြီးမှာ သူတို့နဲ့အတူ ပျော်ပွဲနွှဲဖို့ ဖိတ်ခေါ်မယ် ထင်သလား။ အမှန်တရား ကော်မရှင်တွေ ဖွဲ့ပေးပြီး ချေနဲ့ ဖီဒယ်တို့ ဝင်ပါဖို့ ဖိတ်ခေါ်မယ် ထင်လား။ Cabana (အကျဉ်းထောင်) တခုမက အကျဉ်းထောင်တရာမှာ ဖိနှိပ်ခံ လူထုကို ဖမ်းစီး နှိပ်စက်ကြလိမ့်မယ်။ စုံလုံးကန်းနေသူသာ ဒီအချက်ကို နားမလည်ဘဲနေမှာ။ ဒါပေမယ့် ဒီအချက်ကို မမြင်သူတွေလောက် ကန်းတဲ့သူ မရှိတော့ဘူး။ချေနဲ့ ကမ္ဘာ့ တော်လှန်ရေးကျူးဘား တော်လှန်ရေးဟာ အန္တရာယ် ကျရောက်နေခဲ့တယ်။ ဒါကို ဘယ်လို ကယ်ထုတ်မလဲ။ ချေဂွေဗားရားမှာ မှန်ကန်တဲ့ အယူအဆရှိ တယ်။ ငယ်ရွယ်တဲ့ သူ့ဘဝကို ရက်ရက်စက်စက် အဆုံးမသတ်ခံရခင်အထိ မှန်ကန်တဲ့ ဒီလမ်းကြောင်းအတိုင်း သူလျှောက်ခဲ့တယ်။ ဗျူရို ကရေစီ၊ အကျင့်ပျက်ခြစားမှုနဲ့ အခွင့်ထူးခံခြင်းကို ချေဟာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တယ်။ ဒီကနေ့ ကျူးဘား တော်လှန်ရေးကို အကြီး မားဆုံး ခြိမ်းခြောက်နေတာလည်း အဲဒါတွေပဲ။ ဗျူရိုကရေစီ၊ အကျင့်ပျက်ခြစားမှုနဲ့ အခွင့်ထူးခံခြင်းကို အချိန်မီ မဖြေရှင်းနိုင်ရင် အရင်းရှင် စနစ်ဆီ ပြန်လည် ရောက်ရှိသွားနိုင်မယ့် လမ်းကြောင်းကို ပြင်ပေးထားသလို ဖြစ်လိမ့်မယ်။ အရေးအကြီးဆုံးက ကျူးဘား တော်လှန်ရေးကို ဆက်ထိန်းထားနိုင်မယ့် တခုတည်းသော လမ်းက ကမ္ဘာ့ အခြားနေရာတွေကို ဆိုရှယ်လစ် တော်လှန်ရေး ပြန့်ပွားသွားရေးပဲလို့ ချေ နားလည် ခဲ့တယ်။ လက်တင် အမေရိကတိုက်ရဲ့ အခြား နေရာတွေကို ဆိုရှယ်လစ် တော်လှန်ရေး စတင် ပြန့်ပွားသွားဖို့ လိုတယ်။ကျူးဘားမှာ ဆိုဗီယက် ဩဇာ ကြီးထွားလာတာနဲ့အမျှ ဗျူရိုကရေစီ ဆန့်ကျင်ရေး ချေ့ မိန့်ခွန်းတွေ၊ ဆိုဗီယက် ပြည်ထောင်စုအပေါ် ချေ့ ဝေ ဖန်ချက်တွေ ပိုပိုပြီး များပြားလာခဲ့တယ်။ ယေဘုယျဆိုရရင် ဆိုဗီယက် ပြည်ထောင်စုကို ချေ သံသယဝင်သထက် ဝင်လာခဲ့တယ်။ မော်စကို ဟာ ကိုလိုနီ တော်လှန်ရေးကို သစ္စာဖောက်သွားပြီလို့ လူသိ ရှင်ကြား ဝေဖန်ခဲ့တယ်။ ၁၉၆၅ ဖေဖော်ဝါရီလမှာ အယ်(လ်)ဂျီးယား(စ်) မြို့တော် က Second Economic Seminar on Afro-Asian Solidarity မှာ ချေ မိန့်ခွန်း ပြောခဲ့တယ်၊ ဒါဟာ နိုင်ငံတကာ စင်မြင့်ထက် အများပြည်သူရှေ့ ချေ နောက်ဆုံး ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သွားခဲ့တယ်။ ဒီမိန့်ခွန်းထဲမှာ ချေက အခုလို ပြောသွားခဲ့တယ် -“အဆုံးထိ တိုက်မယ့် ဒီတိုက်ပွဲမှာ နယ်စည်းတွေ မရှိဘူး။ ကမ္ဘာ့ ဘယ်အစိတ်အပိုင်းမှာပဲ ဖြစ်နေပါစေ၊ ငါတို့ ဘာသိဘာသာ မနေနိုင်ဘူး။ အရင်းရှင် နယ်ချဲ့စနစ် ဆန့်ကျင်ရေး တိုက်ပွဲမှာ ဘယ်တိုင်းပြည်ပဲ အောင်ပွဲခံခံ ငါတို့ အောင်ပွဲပဲ။ အဲလိုပဲ ဘယ်တိုင်းပြည်ပဲ ရှုံးရှုံး ငါတို့ အရေး နိမ့်မှုပဲ။” ချေက ဆက်ပြောသေးတယ် “ဆိုရှယ်လစ် တိုင်းပြည်တွေမှာ သူတို့ကိုယ်တိုင် အနောက်က သွေးစုပ်ကောင် တိုင်းပြည်တွေနဲ့ အလိုတူ အလိုပါ ဖြစ်နေခြင်းကို တိုက်ဖျက်ပစ်ရမယ့် ကိုယ်ကျင့်ပိုင်းဆိုင်ရာ တာဝန်ရှိတယ်။”ဒါဟာ မော်စကို ကျင့်သုံးနေတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီကို ဗြောင်ကျကျ ပြစ်တင် ရှုတ်ချလိုက်ခြင်း ဖြစ်ပါတယ်။ ကတ် (စ်)ထရိုနဲ့ တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ ကျူးဘားမြေကနေ ဆိုဗီယက် တာဝေးပစ် ဒုံးတွေ ပြန်ရုတ်သိမ်းလိုက်ခြင်းဟာ သစ္စာဖောက် လုပ်ရပ်ပဲ လို့ ချေယူဆခဲ့တယ်။ ဗီယက်နမ် ပြည်သူတွေရဲ့ အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး လွတ်မြောက်ရေး စစ်ပွဲကို ချေက အားတက်သရော ထောက် ခံခဲ့တယ်။ တခြား တိုင်းပြည်တွေက အဖိနှိပ်ခံ ပြည်သူတွေလည်း လက်နက်ဆွဲကိုင်ပြီး “နောက်ထပ် ဗီယက်နမ်ပေါင်း တရာ” ဖန်တီးဖို့ ချေက ဆော်ဩခဲ့တယ်။ ဒီအပြောတွေကြောင့် ခရူးရှက်(ဗ်) နဲ့ မော်စကို ဗျူရိုကရေစီ တုန်လှုပ်ခြောက်ခြားခဲ့ရတယ်။ကျူးဘား တော်လှန်ရေးကို ကယ်တင်နိုင်မယ့် တခုတည်းသော လမ်းဟာ ကမ္ဘာတဝှမ်း တော်လှန်ရေးတွေ ပြန့်ပွားသွားရေးပဲ ဆိုတဲ့ အယူ အဆဟာ ချေ့စိတ်ထဲ တဆတဆ ခိုင်မာလာခဲ့တယ်။ ဒီအယူအဆဟာ အခြေခံကျကျ မှန်ကန်ပါတယ်။ ကျူးဘား တော်လှန်ရေးတခုတည်း အထီးကျန်သွားမယ်ဆိုရင် တော်လှန်ရေး ရှင်သန်မှုကို အကြီးအကျယ် ခြိမ်းခြောက်လာမယ်။ ချေဟာ အယူအဆတခုကို စာရွက်ပေါ်မှာပဲ ဒီ အတိုင်း ထားလိုတဲ့ လူတယောက် မဟုတ်ဘူး။ လက်တွေ့လုပ်ရပ်အဖြစ် ပြောင်းလဲပစ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ အာဖရိကတိုက်က တော်လှန် ရေးတွေထဲ ဝင်နွှဲဖို့ ၁၉၆၅ မှာ ချေဂွေဗားရား ကျူးဘားကနေ ထွက်ခွာသွားခဲ့တယ်။ ကနဦးမှာ ကွန်ဂို-ကင်ရှာဆာကို သွားခဲ့တယ်၊ သူဘယ်မှာ ရှိနေလဲဆိုတာ နောင်(၂)နှစ်လောက် ကြာတဲ့အထိ လျှို့ဝှက်ချက်တခုလို ဖြစ်နေခဲ့တယ်။ကျူးဘား တော်လှန်ရေးနဲ့ သူတသားတည်း ရပ်တည်ကြောင်း ထပ်လောင်း အတည်ပြုထားတဲ့ စာတစောင် ချေ ရေးခဲ့တယ်၊ အခုလို ကျူး ဘားကနေ ထွက်သွားရတဲ့ ရည်ရွယ်ချက်ဟာ တော်လှန်ရေး အောင်မြင်ရေးအတွက် ပြည်ပမှာ တိုက်ပွဲဝင်ဖို့ ဖြစ်ကြောင်း ပြောခဲ့တယ်။ “တ ခြားသော ကမ္ဘာ့ တိုင်းပြည်တွေက ကျနော်ရဲ့ ပါဝင်အား ထုတ်မှုကို တောင်းဆိုနေပြီ” လို့ သူ့စာထဲမှာ ရေးခဲ့တယ်။ ဒါ့ကြောင့် သူ ထွက်သွားပြီး “စစ်မြေပြင် အသစ်”မှာ ပြောက်ကျားစစ် ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျူးဘား အစိုးရကို ဒုက္ခမရောက်အောင်၊ အရင်းရှင်နယ်ချဲ့ အစိုးရတွေ ကျူးဘားကို ထိုးစစ်ဆင်ဖို့ရာ အကြောင်းပြချက် ပေးလိုက်သလို မဖြစ်ရအောင် ချေဟာ အစိုးရ အဖွဲ့ထဲ၊ ပါတီထဲ၊ လက်နက်ကိုင် တပ်ဖွဲ့ထဲ သူ တာဝန်ယူထားတဲ့ ရာထူးတွေ အားလုံးကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့တယ်။ တော်လှန်ရေးမှာ သူ့ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ၁၉၅၉ မှာ အပ်နှင်းထားခဲ့သော ကျူးဘား နိုင်ငံသား ဖြစ်မှုကို စွန့်လွှတ်ခဲ့တယ်။ “ဒါဟာ ကျရှုံးခြင်း သမိုင်းတခုပဲ”အဲဒီကာလက အာဖရိကဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်။ ပြင်သစ် ကိုလိုနီဝါဒ သမားတွေကို အယ်(လ်)ဂျီးရီးယားကနေ မောင်းထုတ်ထား ချိန်။ ဘယ်(လ်)ဂျီယံ နယ်ချဲ့သမားတွေ ကွန်ဂိုကနေ ဆုတ်ခွာသွားရချိန်။ ဒါပေမယ့် အရင်းရှင် နယ်ချဲ့သမားတွေဟာ တောင်အာဖရိက,က Apartheid အစိုးရစနစ်၊ တိုင်းပြည်အသီးသီးက ဖောက်ပြန်ရေးသမားတွေနဲ့ မဟာမိတ်ပြုပြီး မစားရတဲ့အမဲကို သဲနဲ့ပက် ဖျက်စီးနေခဲ့တယ်။ အာဖရိကတိုက်ရဲ့ ကြွယ်ဝလှသော သတ္ထုတွင်းတွေကို သူနိုင်ကိုယ်နိုင် လုနေကြတယ်။ ဒီနေရာဟာ ဆိုဗီယက် ပြည်ထောင်စုနဲ့ အမေရိကန်တို့ ရဲ့ အဓိက စစ်မြေပြင်လည်း ဖြစ်ခဲ့တယ်။ဒီဒေသဟာ တိုက်ပွဲဝင်ဖို့ အကောင်းဆုံးပဲလို့ ချေနိဂုံးချုပ်ချက် ချခဲ့တယ်။ ဂွေဗားရားနဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးကာစ အယ်(လ်)ဂျီးရီးယား သမ္မ တ ဘန်ဘဲလာက ပြောခဲ့တယ်။ “အာဖရိကမှာ ကြီးစိုးနေတဲ့ အခြေအနေက အင်မတန် ကြီးမားတဲ့ တော်လှန်ရေး အလားအလာတွေ ရှိနေပုံရ တယ်၊ ဒါ့ကြောင့် အာဖရိကဟာ နယ်ချဲ့စနစ်ရဲ့ အားချိနေသော ကွင်းဆက်လို့ ချေ ကောက်ချက်ချခဲ့တာ။ အခုဆို သူ့ရဲ့ စွမ်းပကားတွေကို အာဖ ရိကမှာ အစွမ်းကုန် အသုံးချသွားဖို့ သူ ပိုင်းဖြတ်ထားပြီ”။လွတ်လပ်ရေး ရကာစ ကွန်ဂိုမှာ ဘယ်(လ်)ဂျီယံနဲ့ ပြင်သစ် အရင်းရှင် နယ်ချဲ့သမားတွေဟာ Patrice Lumumba လက်ဝဲ အစိုးရကို ကသောင်း ကနင်း အခြေအနေတွေ ဖန်တီးပြီး ဒုက္ခပေးခဲ့တယ်၊ ရမယ်ရှာပြီး စစ်ရေးအရ ကျူးကျော်ခဲ့တယ်။ စီအိုင်အေရဲ့ အားတက်သရော ပူးပေါင်းမှုနဲ့ Mobutu ဦးဆောင်တဲ့ ဖောက်ပြန်ရေးသမားတွေက Lumumba ကို လုပ်ကြံသတ်ဖြတ်ပြီး ကင်ရှာဆာမှာ အာဏာသိမ်းခဲ့တယ်။ ဒီအခါ Lumumba ထောက်ခံသူတွေက ပျောက်ကြားစစ်ကို စတင် ဆင်နွှဲခဲ့တယ်။ ကျူးဘား စစ်ဆင်ရေးက Laurent-Désiré Kabila ဦးဆောင်တဲ့ သူပုန်တွေကို ထောက်ခံအားဖြည့်တဲ့ အနေနဲ့ ဆင်နွှဲဖို့ ဖြစ်တယ်။အံ့ဩစရာကောင်းတာက အသက်(၃၇)နှစ်အရွယ် ဂွေဗားရားမှာ ‘formal’ စစ်သင်တန်း မတက်ခဲ့ဖူးဘူး (သူ့ရဲ့ ပန်းနာရင်ကြပ် ဝေဒနာကြောင့် အာဂျင်တီးနားမှာ စစ်မှု မထမ်းခဲ့ရဘူး) ဒါပေမယ့် သူ့မှာ ကျူးဘား တော်လှန်ရေး အတွေ့အကြုံတွေ ရှိပြီးသား။ ဒါဆို လုံလောက်ပြီ။ အလား တူပဲ ဆိုဗီယက် တပ်နီတော်ကို စတင်ထူထောင်ခဲ့တဲ့ ထရော့စကီးလည်း ‘formal’ စစ်သင်တန်း မတက်ဖူးဘူး၊ ဒါပေမယ့်လည်း တော်လှန်ရေး စိတ်ဓာတ်ပြင်းထန်နေတဲ့ တပ်နီစစ်သားတွေဟာ ကျူးကျော်လာတဲ့ နယ်ချဲ့စစ်တပ်တိုင်းကို အလဲထိုး အနိုင်ရခဲ့တယ်။စစ်ပွဲတပွဲမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ စိတ်အားထက်သန်မှု ရှိခြင်းဟာ အခရာကျတယ်ဆိုတာ ဟိုး အရင်ကတည်းက နပိုလီယံ ထောက်ပြ ခဲ့ဖူးတယ်။ ဒါပေမယ့် ချေ တယောက် ကွန်ဂို မဟာမိတ်တပ်တွေအကြောင်း သိလိုက်ရတဲ့အခါ ချက်ချင်း စိတ်အားပျက်သွားခဲ့တယ်။ Kabila စွမ်းဆောင်ရည်ကို ချေ သိပ်အလေးထားစရာ မရှိဘူး။ “ဒီလူက အရေးအကြောင်းဆို ဦးဆောင်နိုင်တဲ့သူလို့ ယုံကြည်စရာ တကွက်မှမရှိဘူး” လို့ ချေ ရေးခဲ့တယ်။ ကျူးဘား တော်လှန်ရေးသမားတွေ၊ ရပ်ရှား တော်လှန်ရေးသမားတွေဟာ သူတို့ ယုံကြည်တဲ့ အရေးတော်ပုံတခုအတွက် တိုက်ပွဲဝင်ခဲ့ကြတာ။ ဒါပေမယ့် ကွန်ဂိုမှာကျ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို မျိုးနွှယ်စု အကွဲအပြဲတွေ၊ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေ၊ အကျင့် ပျက်ခြစားမှုတွေနဲ့ ရောသမမွှေထားတယ်။ နောက်ပိုင်း ဖြစ်လာတဲ့ ဖြစ်ရပ်တွေက ဒီအချက်ကို သက်သေပြသွားတယ်။ ၁၉၉၇ မေမှာ Kabila က မိုဘူတူ အစိုးရကို ဖြုတ်ချပြီး ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့တယ်။ လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီ ၂၀၀၁ ခုနှစ် အထိ Kabila သမ္မတရာထူးမှာ ရှိနေခဲ့တယ်၊ ဒီသက်တမ်းအတွင်းမှာ ကဘီလာက လှိုက်စားပျက်စီးနေတဲ့ မင်းဆိုးမင်းညစ်လို ပြုမူခဲ့တယ်။ သူ သေတော့ သူ့သားက သမ္မတ ဖြစ်လာတယ်၊ သူသား Joseph Kabila ဟာလည်း အကျင့်ပျက် ခြစားရာမှာ ဖအေတူ သားပဲ။စီအိုင်အေနဲ့ တောင်အာဖရိက ကြေးစားတပ်တွေဟာ မိုဘူတူ အင်အားစုတွေနဲ့ အတူလက်တွဲပြီး သူပုန်တွေကို ချေမှုန်းခဲ့တယ်။ သူတို့ ရင်ဆိုင် နေရတဲ့ ရန်သူဟာ ထင်ထားတာထက် ပိုပြီး ပြင်းထန်မှန်း မကြာခင်သိခဲ့ရတယ်။ အစက အဲဒီ သူပုန်အင်အားစုတွေထဲ ချေ ပါနေမှန်း သူတို့ မသိခဲ့ဘူး။ ဒါပေမယ့် စီအိုင်အေရဲ့ အားကောင်းလှတဲ့ ထောက်လှမ်ရေးကြောင့် ချေ ရှိနေမှန်း တောင်အာဖရိကန် ကြေးစားတပ်တွေ သိသွားခဲ့ တယ်။ ချေရဲ့ ကွန်ဂို ဒိုင်ယာရီထဲမှာ ကွန်ဂို ဒေသခံ သူပုန်အင်အားစုတွေ မိုက်မဲတာ၊ အရည်အသွေး မပြည့်မီတာ၊ အချင်းချင်း ရန်ဖြစ်ကြတာ တွေ ဖော်ပြထားတယ်။ ပုန်ကန်မှု အရေးနိမ့်ရခြင်းရဲ့ အဓိက လက်သည်တရားခံဟာ အဲဒီအချက်ပဲ။ ကျူးဘား အကူအညီသာ မရခဲ့ရင် အစော ကြီးကတည်းက ချေမှုန်းခံခဲ့ရမယ်။(၇)လလောက် စိတ်အားပျက်မှုတွေ ကြုံလာရတယ်၊ ပန်းနာရင်ကြပ် ဒဏ်ကလည်း အတော်ဆိုးတယ်၊ သွေးဝမ်းကိုက် ရောဂါလည်း ပြင်းပြင်း ထန်ထန် ခံစားခဲ့ရတယ်၊ သူ့မဟာမိတ် တပ်တွေကလည်း အားကိုးလောက်စရာ မရှိမှန်း မြင်လာပြီး စိတ်ပျက်သွားခဲ့ရတယ်။ ဒီနောက်တော့ အာဖရိကန်-ကျူးဘား တပ်ဖွဲ့ထဲက အသက်ရှင်ကျန်နေသေးတဲ့ သူ့အဖွဲ့သားတွေနဲ့အတူ ကွန်ဂိုကနေ ချေ ထွက်ခွာလာခဲ့တယ်။ နောင် ကွန်ဂို မစ်ရှင်အကြောင်း ရေးတဲ့အခါ ချေက အခုလို ပြောခဲ့တယ် “ဒါဟာ ကျရှုံးခြင်း သမိုင်းတခုပဲ”။ဘိုလစ်ဗီးယားအာဖရိကမှာ အရေးနိမ့်သွားတဲ့အခါ တော်လှန်ရေး တပ်ဦးအသစ်ကို လက်တင် အမေရိကမှာ ဖွင့်လှစ်ဖို့ ချေ ဆုံးဖြတ်ခဲ့တယ်။ ဘိုလစ်ဗီး ယားကို လက်တင် အမေရိကရဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ နေရာအဖြစ် ချေ ရွေးချယ်သတ်မှတ်ထားပုံရတယ်။ ဘိုလစ်ဗီးယားဟာ အာ ဂျင်တီးနားအပါအဝင် အရေးကြီး တိုင်းပြည် တော်တော်များများနဲ့ နယ်နိမိတ် ထိစပ်နေတယ်။ ချေက မျက်မှန်ထူထူ၊ ဂတုံးပြောင်ပြောင်နဲ့ ယွတ်ရဂွိုင်းသား လုပ်ငန်းရှင်တဦးလို ဟန်ဆောင်သွားခဲ့တယ်။ ရုပ်ဖျက်တာ ပီပြင်လွန်းလို့ သူ့သမီးငယ်လေးကို နောက်ဆုံး နှုတ်ဆက်စကား ပြောတော့ သမီးငယ်လေးက ချေ့ကို မမှတ်မိဘူး။ ဒါပေမယ့်လည်း အရင်းရှင် နယ်ချဲ့သမားတွေကိုတော့ လွယ်လွယ်နဲ့ အရူး မလုပ်နိုင်ခဲ့ဘူး။ဘိုလစ်ဗီးယားမှာ ပျောက်ကြားစစ် ဆင်နွှဲဖို့ ကြိုးစားခြင်းဟာ ချေ အမှားလုပ်မိတာပဲ။ ဘိုလစ်ဗီးယားမှာ အားကောင်းလှတဲ့ အလုပ်သမား လူ တန်းစားရှိတယ်၊ တော်လှန်ရေး အစဉ်အလာတွေ ကြီးမားတဲ့ အလုပ်သမား လူတန်းစား ဖြစ်တယ်။ ဒေသ တော်တော်များများမှာ ချေ အတွက် မှားခဲ့တယ်။ လက်နက်ခဲယမ်း မလောက်မငှနဲ့ နုံချာချာ ဘိုလစ်ဗီးယား စစ်တပ်ကို ရင်ဆိုင်ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ထောက်ပြခဲ့သလိုပဲ၊ အရင်းရှင် နယ်ချဲ့တွေဟာ ကျူးဘားကနေ သင်ခန်းစာ ကောင်းကောင်းရထားတယ်၊ ချေကို ရင်ဆိုင်ဖို့ သူတို့ ပြင်ဆင်ထား ကြတယ်။ စစ်ဆင်ရေးစပြီး ဆယ့်တလအကြာမှာပဲ ပျောက်ကြားတပ်တွေကို ချေမှုန်းပစ်ခဲ့တယ်၊ ချေ ဂွေဗားရားလည်း အသတ်ခံခဲ့ရတယ်။ ဘို လစ်ဗီးယား စစ်တပ်နဲ့ အမေရိကန် “အကြံပေးတွေ” ဆင်ထားတဲ့ ထောင်ချောက်ထဲကနေ (၅)ယောက်ပဲ လွတ်မြောက်ခဲ့တယ်။ဒီကနေ့ကာလမှာ ချေဂွေဗားရားရဲ့ ဘိုလစ်ဗီးယား ဒိုင်ယာရီတွေကို ဖတ်ကြည့်ရတာ ကြေကွဲ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတခုပါပဲ။ ဒီအဖွဲ့ ငယ် ရင်ဆိုင်ခဲ့ရတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒုက္ခတွေဆိုတာ ဖော်ပြလို့ မရနိုင်အောင်ပါပဲ။ သူတို့ရဲ့ နောက်ဆုံး ဇာတ်သိမ်းဟာ အင်မတန် ရင်နင့်ကြေ ကွဲစရာ။ ချေဟာ အင်မတန် အလှမ်းဝေးလွန်းလှတဲ့ Ñancahuazú ဒေသ တောတွေထဲမှာ ခြေကုပ်ယူခဲ့တယ်။ ချေရဲ့ ဘိုလစ်ဗီးယား ဒိုင်ယာရီ မှာ ဖော်ပြထားသလိုပဲ ဒီလို အခြေအနေတွေကြားက ပျောက်ကြားစစ်တပ်တခု တည်ဆောက်ရတာ အင်မတန်ကို ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမယ့် တော်လှန်ရေးကို ဘိုလစ်ဗီးယား တောနက်ထဲကနေ အစပြုခြင်းဟာ ကနဦးကတည်းက မျှော်လင့်ချက်မရှိတဲ့ စွန့်စားမှုတခု ဖြစ်ခဲ့ တယ်။ သူတို့ ပျောက်ကြားအင်အားစုဟာ အကုန်လုံးပေါင်းမှ ငါးဆယ်ပဲ ရှိတယ်။ ဒေသခံ လူထုဆီကနေ နောက်ထပ် တပ်သားအသစ်ရဖို့ အင် မတန် ခက်ခဲခဲ့တယ်။ အဲဒီဒေသမှာ စပိန် စကားတောင် မပြောတတ်ကြပါဘူး။ ပျောက်ကြားတပ်သားတွေဟာ Quechua ဘာသာစကားကို လေ့လာခဲ့ကြတယ်၊ ဒါပေမယ့် ဒေသသုံး ဘာသာစကားက Tupí-Guaraníဒီလို အခက်အခဲမျိုးစုံ ရှိပေမယ့်လည်း ပျောက်ကြားတပ်သားတွေဟာ အင်မတန် ကြီးမားတဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းဖြတ်ချက်ကို လက်တွေ့ ပြသ ခဲ့ကြတယ်၊ Camiri တောင်တန်းဒေသတွေမှာ ဘိုလစ်ဗီးယား စစ်သားတွေကို အနိုင်ရခဲ့တာ အတော်များတယ်။ ဒါပေမယ့်လည်း စက်တင်ဘာ လကျ ဘိုလစ်ဗီးယား စစ်တပ်ဟာ အဖွဲ့ခေါင်းဆောင်တွေကို သတ်ပစ်ပြီး ပျောက်ကြားဖွဲ့နှစ်ခုကို သုတ်သင်နိုင်ခဲ့တယ်။ ဒီအချိန်ကစလို့ သူတို့ ဟာ ရှုံးနှင့်နေပြီးသား တိုက်ပွဲတပွဲကို ဆက်တိုက်နေရသလို ဖြစ်သွားတယ်။ ဒါ့အပြင် စစ်ပွဲဆက်ကြာလာတာနဲ့အမျှ ချေရဲ့ ကျန်းမာရေးလည်း ဆိုးသထက် ဆိုးလာခဲ့တယ်။ နာတာရှည် ပန်းနာရင်ကြပ် ဝေဒနာရဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်မှုကို ခံလာရတယ်။၁၉၆၇ မတ်လထဲမှာ ဘိုလစ်ဗီးယား စစ်တပ်နဲ့ တိုက်ပွဲဖြစ်အပြီး သူပုန်တွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ အစိုးရ စစ်တပ်လက်ထဲ ရောက်သွား ခဲ့တယ်၊ အဲဒီအခါ ဂွေဗားရား ပါနေမှန်း ဘိုလစ်ဗီးယား အာဏာပိုင်တွေ သိသွားခဲ့တယ်။ ဒီဓာတ်ပုံတွေ ကြည့်ပြီးတဲ့နောက် သမ္မတ René Barrientos က လာပါး မြို့လယ်ခေါင်မှာ ဂွေဗားရားရဲ့ ခေါင်းကို စစ်သုံးဓားမြှောင်ထက် တင်ထားတာ မြင်လိုတယ်လို့ ရေရွတ်ခဲ့တယ်။ ဟောဒီ မှာ ဘူဇွာ လူတန်းစားရဲ့ လူသားချင်း စာနာသော ရွှေပြည်အေးဝါဒကို စစ်စစ်မှန်မှန် ထုတ်ဖော်ထားတာ တွေ့ရပါပြီ။ ဒီလူတွေကပဲ တော်လှန် ရေးသမားတွေကို အကြမ်းဖက်သမားတွေလို့ ဝေဖန်ကြတယ် မဟုတ်လား။သူ့ကို သွေးဆာနေတဲ့ မကောင်းဆိုးဝါး တကောင်လို ပုံဖော်ဖို့ ဘယ်လိုပဲ ကြိုးစားကြပေမယ်၊ အမှန်တကယ်တော့ ချေဟာ အင်မတန် လူသား ချင်းစာနာတဲ့ လူတယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဘိုလစ်ဗီးယား ဒိုင်ယာရီတွေထဲက စာတပိုဒ်မှာ ဘိုလစ်ဗီးယား စစ်သားတယောက်ကို သူပစ် သတ်မယ်ဆို ပစ်သတ်နိုင်ခဲ့ပေမယ့် မောင်းခလုတ်ကို ဆွဲမဖြုတ်နိုင် ဖြစ်ခဲ့ရကြောင်း အမှတ်တရ ရေးထားတယ်။ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ သွေးဆာနေသော လူတယောက်ရဲ့ အပြုအမူလား။ ပျောက်ကြားအဖွဲ့တွေ သုံ့ပန်းအဖြစ် ဖမ်းခေါ်လာတဲ့ ဘို လစ်ဗီးယား စစ်သားတွေကို ချေကိုယ်တိုင် ဆေးကုပေးခဲ့တယ်။ ပြီးရင် သူတို့ကို လွှတ်ပေးလိုက်တယ်။ ချေက ဒီလို လူသားဆန်ဆန် ပြုမူခဲ့ ပေမယ့် ဘိုလစ်ဗီးယား စစ်တပ်လက်ထဲ သူ ကျရောက်သွားတဲ့အခါမှာတော့ ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရတယ်။ အဖမ်းခံထားရချိန်မှာ တောင် တိုက်ပွဲအတွင်း အနာတရ ဖြစ်လာတဲ့ ဘိုလစ်ဗီးယား စစ်သားအချို့ကို ဆေးကုပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတယ်။ တာဝန်ကျ ဘိုလစ် ဗီးယား စစ်အရာရှိက သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တယ်။စတာလင်ဝါဒီတွေ သစ္စာဖောက်သွားခြင်းချေ့ တပ်သားတွေဟာ မရေမတွက်နိုင်တဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ (အမြဲတမ်းလိုလို မိုးရွာနေတဲ့) ရာသီဥတု၊ ဘာသာစကားနဲ့ နယ် မြေအခက်အခဲတွေသာ မကသေး။ မော်စကို နောက်လိုက် စတာလင်နစ် Mario Monje ခေါင်းဆောင်မှုအောက်က ဘိုလစ်ဗီးယား ကွန်မြူနစ် ပါတီဟာ ဂွေဗားရားကို ခါးခါးသီးသီး ရန်လို မုန်းတီးခဲ့တယ်၊ ဘိုလစ်ဗီးယားမှာ ချေ ရှိနေတာကို မလိုလားခဲ့ကြဘူး။ ဘိုလစ်ဗီးယား စတာလင် ဝါဒီတွေက သူတို့တတွေ ပိုင်းဖြတ်ချက်ရှိရှိ ပျောက်ကြားစစ်ဆင်နွှဲခြင်းကို တလေးတစား အသိအမှတ် မပြုနိုင်ခဲ့ဘူး။ ဘိုလစ်ဗီးယားမှာ တော် လှန်ရေး ထိုးစစ်ဆင်ရမယ့် အခြေအနေ မရှိသေးဘူးလို့ ငြင်းဆိုကြတယ်။ ဖီဒယ်(လ်)ကတ်(စ်)ထရိုက ချေ့ ဘိုလစ်ဗီးယား ဒိုင်ယာရီ အမှာစာ ထဲမှာ ဒီအချက်ကို ရှင်းရှင်းလင်းလင်း ဖြေထားတယ် -“ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် မတိုက်သင့်ကြောင်း ပြလို့ရတဲ့ ဆင်ခြေတွေ တပုံတပင် ရှိနေမှာပဲ၊ ဒီလို ဆင်ခြေ တွေ ပေးတာဟာ ကျနော်တို့ ဘယ်တော့မှ လွတ်လပ်ခြင်းကို မရနိုင်ဘူးလို့ ဆိုလိုတာပဲ။ ချေဟာ သူ့အယူအဆတွေကို လက်တွေ့ အကောင် အထည် ဖော်နိုင်တဲ့အထိ နေမသွားရဘူး၊ ဒါပေမယ့် သူ့ အသက်သေသွားလည်း ဒီအယူအဆတွေ ပိုပြီး ကျယ်ပြန့်သွားမယ်ဆိုတာ ချေ သိခဲ့ တယ်။ ချေ့ကို ဝေဖန်ကြတဲ့ အယောင်ဆောင် တော်လှန်ရေးသမားတွေဟာ နိုင်ငံရေးအရ ငကြောက်တွေ၊ ဘယ်တော့မှ မလှုပ်ရဲသူတွေ၊ ဒီလူ တွေဟာ သူတို့ရဲ့ မိုက်မဲနုံဖျင်းမှုနဲ့အတူ ဆုံးခန်းတိုင် နေထိုင်သွားကြလိမ့်မယ်။ ဒိုင်ယာရီထဲမှာ ဖော်ပြထားသလိုပဲ လက်တင် အမေရိကမှာ ခဏခဏ တွေ့ရလေ့ရှိတဲ့ ‘တော်လှန်ရေးသမား’ နမူနာတွေထဲက တဦးဖြစ်တဲ့ Mario Monje ဟာ ဘိုလစ်ဗီးယား ကွန်မြူနစ်ပါတီ အတွင်း ရေးမှူး ရာထူးကို အသုံးချပြီး ချေရဲ့ စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်မှု ပေးနိုင်ခွင့်ကို ငြင်းဆန်ခဲ့တယ်။ ဒါ့အပြင် ပါတီတွင်း ရာထူးကို စွန့်လွှတ် လိုကြောင်း Monje က ကြေညာခဲ့သေးတယ်။ သူ့အလိုအရဆိုရင် ဒီရာထူးကို ယူထားတာ တော်လောက်ပြီ၊ ဒီရာထူးကြောင့် လှုပ်ရှားမှုရဲ့ ခေါင်းဆောင်မှု နေရာကို ရခဲ့ပြီးပြီ။”“Monje မှာ ပျောက်ကြားစစ် ဆင်နွှဲဖူးတဲ့ အတွေ့အကြုံ မရှိဖူးဆိုတာ ပြောဖို့တောင် မလိုပါဘူး၊ ဒီလူဟာ တခါမှ တိုက်ပွဲဝင်ဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကိုယ်သူ ကွန်မြူနစ်လို့ ခံယူထားတဲ့ သူတယောက်ဟာ အပေါ်ယံဆန်လွန်းတဲ့ အရိုင်းဆန်လွန်းတဲ့ ပြည်ချစ်ဝါဒကို ဖယ်ရှားပစ်ရ မယ်၊ ဘိုလစ်ဗီးယား လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော ပြည်ချစ်စစ်စစ်ကြီးတွေလို လုပ်ရမယ်။”“ဒါဟာ ဒီတိုက်ကြီးပေါ်က နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲနဲ့ အင်တာနေရှင်နယ်လစ် အယူအဆဆိုရင် ဒီ‘ကွန်မြူနစ် ခေါင်းဆောင်တွေ’ ဟာ ဥ ရောပ ကိုလိုနီသမားတွေ အနိုင်ယူ ချေမှုန်းပစ်ခဲ့တဲ့ ဌာနေ မျိုးနွယ်စုတွေလောက်တောင် မတိုးတက်သေးဘူး”။“ဒါဟာ ဘိုလစ်ဗီးယား လို့ခေါ်တဲ့ နိုင်ငံတနိုင်ငံက ကွန်မြူနစ် ပါတီ ခေါင်းဆောင်ရဲ့ အပြုအမူတဲ့၊ ဒီနိုင်ငံရဲ့ သမိုင်းဝင် မြို့တော်ကို Sucre လို့ ခေါ်ခဲ့ကြတယ်၊ ဒီမြို့တော်ကို လွတ်မြောက်စေခဲ့သူ ဗင်နီဇွဲလား ပြည်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားတဲ့ နာမည်။ Monje စစ်မှန်သော တော်လှန်ရေးသမား giant တယောက်ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးစုစည်းရေး အရည်အသွေးတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း ရခဲ့ တယ်။ အဲဒီ တော်လှန်ရေးသမားကြီးရဲ့ အရေးတော်ပုံဟာ ကျဉ်းမြောင်းသော၊ လူတွေဖန်တီးထားတဲ့၊ မျှတမှုမရှိတဲ့ ဘိုလစ်ဗီးယား နယ်နိမိတ် အတွင်း ကန့်သတ်မထားဘူး။ ဒါပေမယ့်လည်း Monje ဟာ ဒီအခွင့်အလမ်းကို အသုံးချဖို့ ဘာမှ မလုပ်ခဲ့ဘူး၊ ခေါင်းဆောင်မှုနေရာကိုသာ အ ရှက်တရားမဲ့စွာ၊ ရုပ်ပျက်ဆင်းပျက် တောင်းဆိုခဲ့တယ်။” (Ernesto Che Guevara, Bolivian Diary, "A Necessary Introduction" by Fidel Castro, pp. xxxi-xxxii.)ဒီနောက် ကတ်(စ်)ထရိုက ဆက်ပြီး ဘိုလစ်ဗီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ Monje အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ တယ် -“[…] ရလဒ်ကို မကျေနပ်တဲ့ Monje ဟာ လှုပ်ရှားမှုကို ကန့်လန့်ထိုး ဖျက်စီးဖို့ လုပ်လာတယ်။ သူ လာပါး(ဇ်)မှာ ရှိနေတုန်း သေချာ လေ့ကျင့် ထားတဲ့ ကွန်မြူနစ် တပ်သားတွေ ပျောက်ကြားအဖွဲ့ဆီ မဝင်ဖြစ်အောင် ပိတ်ပင် တားဆီးခဲ့တယ်။ ဒီလူတွေဟာ လက်နက်ကိုင် တိုက်ပွဲထဲ ဝင် ပါဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံး ရှိကြသူတွေ။ ဒါပေမယ့် သူတို့ရဲ့ ဒီလမ်းကြောင်းကို အစွမ်းအစမရှိဘဲ ကြိုးကိုင်လိုတဲ့ ခေါင်းဆောင် တွေက ဖျက်စီးပစ်ခဲ့တယ်။” (Ernesto Che Guevara, Bolivian Diary, "A Necessary Introduction" by Fidel Castro, p. xxxiii.)ဇန်နဝါရီလအကုန်မှာ ချေက ဒိုင်ယာရီထဲ အခုလို ချရေးခဲ့တယ်-“တလတာ သုံးသပ်ချက်။ ငါထင်ထားသလိုပဲ အစပိုင်းမှာ Monje ရဲ့ သဘောထားက မရှင်းမလင်းနဲ့ ခေါင်းရှောင်ချင်တယ်၊ နောက်တော့ သစ္စာ ဖောက် ဖြစ်လာတယ်။“ပါတီက အခုဆို ငါတို့ကို ဆန့်ကျင်ရန်လိုနေပြီ။ သူတို့ ဘယ်အတိုင်းအတာအထိ ဆန့်ကျင်မလဲ ငါမသိ။ ဒါပေမယ့် ငါတို့ကိုတော့ တားဆီးနိုင် မှာ မဟုတ်ဘူး။ ရေရှည်မှာ ငါတို့အဖို့ အခွင့်အလမ်း ဖြစ်လာနိုင်တယ် (သေချာလုနီးပါးပဲ) အထက်မြက်ဆုံး၊ အရဲရင့်ဆုံး လူတွေဟာ ငါတို့ဘက် မှာ ရှိနေလိမ့်မယ်၊ သိပ်ကို ပြင်းထန်နိုင်တဲ့ ဆင်ခြင်တုံတရား အကြပ်အတည်းကို ဖြတ်သန်းရတယ်ဆိုရင်တောင် ငါတို့ဘက်မှာပဲ ရှိလိမ့်မယ်။“Moisés Guevara က အခုထိတော့ ကောင်းကောင်း တုံ့ပြန်နေတယ်။ သူနဲ့သူ့လူတွေ အနာဂတ်မှာ ဘယ်လိုလုပ်မလဲ ငါတို့ တွေ့ရလိမ့်မယ်။“တာနီယာ ထွက်သွားတယ်၊ ဒါပေမယ့် အာဂျင်တီးတွေက တက်ကြွဖြတ်လတ်တဲ့ လက္ခဏာ မပြဘူး၊ သူမလည်း အတူတူပဲ။ တကယ့် ပျောက် ကြား စစ်ပွဲ အခုစပြီ၊ ငါတို့ တပ်သားတွေကို မှတ်ကျောက်တင်ကြည့်လိမ့်မယ်။ သူတို့ ဘာလုပ်နိုင်သလဲ၊ ဘိုလစ်ဗီးယား တော်လှန်ရေး အလား အလာတွေ ဘယ်လိုရှိသလဲ အချိန်က ပြောသွားလိမ့်မယ်။“ငါတို့ ကြိုတွက်ထားတဲ့အထဲ အခက်ဆုံး အလုပ်က ဘိုလစ်ဗီးယား တပ်သားအသစ်တွေ ထပ်မံ စုဆောင်းနိုင်ရေး ကိစ္စပဲ။” (Ernesto Che Guevara, Bolivian Diary, p. 38.)ချေဂွေဗားရားကို ထောက်ခံတဲ့ (သို့) ပျောက်ကြားတပ်ထဲ ဝင်လာတဲ့ ပါတီဝင်တွေဟာ (ဘိုလစ်ဗီးယား ကွန်မြူနစ် ပါတီကို ရည်ညွှန်း) ပါတီ ခေါင်းဆောင်မှု ဆန္ဒကို ဆန့်ကျင်လာသူတွေ ဖြစ်တယ်။ ဘိုလစ်ဗီးယား ကွန်မြူနစ်ပါတီနဲ့ ပြဿနာတွေ တက်ခဲ့လို့ ပျောက်ကြားအဖွဲ့ အင်အား ဟာ နဂိုမှန်းထားတာထက် အများကြီး လျော့နည်းသွားခဲ့ရကြောင်း ချေ့ ဘိုလစ်ဗီးယား ဒိုင်ယာရီထဲမှာ ဖော်ပြထားတယ်။ ဒီအခြေအနေဟာ ပျောက်ကြားတပ် အောင်ပွဲခံနိုင်ချေ မရှိအောင် အလဲထိုးပစ်ခဲ့တယ်။Regis Debrayဒါတွေ အားလုံးမှာ Regis Debray ဆိုတဲ့လူက အင်မတန် စက်ဆုပ်ဖွယ် အခန်းကနေ ပါဝင်ခဲ့တယ်။ ချေဂွေဗားရား နဲ့ ရင်းနှီးသယောင် ဆောင် ပြီး လုပ်စားသွားတဲ့သူ။ “ဘိုလစ်ဗီးယားမှာ ချေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာ” လို့ ခဏခဏ ပြောတတ်တယ်။ “ချေ့ ရဲဘော်” လို့လည်း အာချောင် တတ်တယ်။ လုံးဝ မမှန်ပါဘူး။ ဒီဘရေးဟာ ဘယ်မှာမှ တိုက်ပွဲမဝင်ခဲ့ဖူးဘူး။ ပျောက်ကြားအဖွဲ့တွေကို ဒုက္ခပဲ ပေးခဲ့ဖူးတာ။ ချေက ဒီပက်တီး ဘူဇွာ ပညာတတ်ကို နည်းနည်းလေးမှ အထင်မကြီးခဲ့ဘူး။ သူ့ဒိုင်ယာရီထဲမှာ ဒီလူကို လက်သင့်မခံလိုတဲ့ “လမ်းကြုံလို့ဝင်လည်တဲ့ ခရီးသွား” အဖြစ်ပဲ ညွှန်းဆိုထားတာ တွေ့ရမယ်။ ညွှန်းဆို ဖော်ပြထားတဲ့အထဲ တခုမှ ကောင်းတာ မပါဘူး။ဒီဘရေးနဲ့ အာဂျင်တီး ပန်းချီဆရာ Ciro Bustos တို့နှစ်ယောက် ချေ့ စခန်းကို တော်လှန်ရေး လမ်းကြုံခရီးသွား အဖြစ် ရောက်ခဲ့ကြတယ်။ ဒုက္ခ ပဲပေးသွားကြတယ်။ သူတို့ကို ပြင်ပ ကမ္ဘာနဲ့ အချိတ်အဆက် လုပ်ရာမှာ အကူအညီရမယ် ထင်ခဲ့တယ်။ အဆုံးမတော့ ပျောက်ကြားအဖွဲ့တွေ ကျေပြုန်းခဲ့ရပြီး သူတို့ဘာသာ နာမည်ကြီးဖို့ပဲ လုပ်သွားတယ်။ အစကတည်းက ဒီဘရေးကို ချေ သံသယဝင်ခဲ့တယ်ဆိုတာ ဒိုင်ယာရီက ဖော်ပြ နေတယ် -“ပြင်သစ်သားက ပြင်ပကမ္ဘာမှာ သူဘယ့်လောက် အသုံးဝင်ကြောင်းချည်း အလွန်အကျွံ ဖိပြောခဲ့တယ်” (Ernesto Che Guevara, Bolivian Diary, p. 69.)ချေ့ သံသယတွေဟာ မှန်ကြောင်း မကြာခင် သိခဲ့ရတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေ သည်းမခံနိုင်တဲ့ အခါသူတို့ကို ထွက်ခွင့်ပေးဖို့ ချေကို နားပူလာကြတယ်။ မကြာခင် စစ်တပ်က သူတို့ကို မိသွားတယ်၊ သူပုန်တွေကို လိုက်ချေမှုန်းရာမှာ အဖိုးမဖြတ်နိုင်တဲ့ သတင်းအချက် အလက်တွေ စစ်တပ်ကို ပေးလိုက်ကြတယ်။ Bustosဟာ ပျောက်ကြားတပ်ကို သစ္စာဖောက်ပြီး သရုပ်ပျက် သတင်းပေး ဖြစ်လာတယ်။ ပျောက် ကြားအဖွဲ့သားတွေရဲ့ ပုံတူတောင် ဆွဲပေးလိုက်သေးတယ်။ ဒါ့ကြောင့် စစ်တပ်က ပျောက်ကြားတပ်သားတွေကို ချက်ချင်း တန်းသိသွားနိုင် တယ်။ ဒီဘရေးကို ခုံရုံးတင်စစ်ဆေးတော့ ကမ္ဘာ့ မီဒီယာတွေက စိတ်ဝင်တစား ရှိလာတယ်။ ဒါပေမယ့် တကယ် တိုက်ပွဲဝင်နေတဲ့ ပျောက် ကြားအဖွဲ့တွေဆီကနေ အာရုံလွဲသွားတယ်။ ဒီစစ်ဆေးမှုဟာ ဘိုလစ်ဗီးယား အစိုးရကို အရှက်ရစေခဲ့တာ ငြင်းစရာ မရှိပါ။ ဒါပေမယ့် ဒီခုံရုံးတင် စစ်ဆေးမှုကို လူတွေ အာရုံစိုက်လာတာနဲ့အမျှ ပျောက်ကြားအဖွဲ့တွေကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းလေပဲ။ ဂွေဗားရားကို သမ္မတ Barrientos သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းတချက်က ဒီလို မီဒီယာတွေ တအုံးအုံးနဲ့ ခုံရုံးတင် စစ်ဆေးမှုမျိုး ထပ်မဖြစ်အောင် ရှောင်ရှားဖို့ ဖြစ်နိုင်တယ်။ဘဝနိဂုံး(ဘိုလစ်ဗီးယား သမ္မတ) Barrientos က ဂွေဗားရားကို မြေလှန်ရှာဖမ်းခဲ့ဖို့ ဘိုလစ်ဗီးယား စစ်တပ်ကို အမိန့် ပေးခဲ့တယ်။ ဒါပေမယ့် တကယ် တမ်းကျ သူဟာ ဝါရှင်တန်က သူ့ဘော့(စ်)တွေ ခိုင်းတဲ့အတိုင်း လိုက်နာနေရတာပါ။ ဝါရှင်တန်က သူ့ဘော့(စ်)တွေဟာ သူတို့ အမုန်းဆုံး ရန်သူ ရဲ့ ခေါင်းကို ဆုငွေ ထုတ်ထားခဲ့တာ ကြာပြီ။ ဝါရှင်တန်က ချေရှိတဲ့နေရာကို ခြေရာခံမိတာနဲ့ စီအိုင်အေနဲ့ တခြား အထူးတပ်ဖွဲ့တွေကို ဘိုလစ် ဗီးယား လွှတ်လိုက်တယ်။ အဲဒီမှာ သူတို့ စစ်ဆင်ရေး လုပ်ခဲ့ကြတယ်။ဧပြီ ၂၉ ရက်နေ့မှာ အမေရိကန် အကြံပေးတွေ ဘိုလစ်ဗီးယားကို ရောက်လာတယ်၊ Bolivian 2nd Ranger Battalion ကို သူပုန် နှိမ်နှင်းရေး စစ်သင်တန်း ပရိုဂရမ်ကို ၁၉ပတ်ကြာ လေ့ကျင့်ပေးခဲ့တယ်။ အပြင်းအထန် လေ့ကျင့်ပေးခဲ့တဲ့ ဒီသင်ရိုးမှာ လက်နက်ခဲယမ်းပိုင်း၊ တဦးချင်း တိုက်ခိုက်ရေးပိုင်း၊ လက်(ဖ်)တင်နင် ခေါင်းဆောင်တဲ့ အထူးရွေးချယ်ထားသော အုပ်စုငယ် နည်းဗျူဟာပိုင်း၊ ကင်းလှည့်ထောက်လှမ်းရေးနဲ့ တန်ပြန် ထိုးစစ်ဆင်ရေး အပိုင်းတွေ ပါဝင်တယ်။ ဘိုလစ်ဗီးယား စစ်တပ်ကို အမေရိကန် အရာရှိတွေက လေ့ကျင့်သင်ကြားပေးတယ်၊ အမေရိ ကန် အကြံပေးတွေ ပံ့ပိုးပေးတယ်၊ အထူးတပ်ဖွဲ့တွေနဲ့ ကူညီတယ်။ ဒီအထဲမှာ တောတွင်း စစ်ဆင်ရေးကို အထူး လေ့ကျင့်ထားပြီး မကြာသေး ခင်က ဖွဲ့ထားတဲ့ ရိန်းဂျား တိုက်ခိုက်ရေး အဖွဲ့တခု ပါဝင်ခဲ့တယ်။စက်တင်ဘာ နောက်ပိုင်းကစပြီး ရန်သူဟာ အပြင်းအထန် ချီတက်လာတယ်။ ဂွေဗားရားရဲ့ ပျောက်ကြား တပ်စခန်း တည်နေရာကို သတင်း ပေးတယောက်က ဘိုလစ်ဗီးယား အထူးတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တယ်။ အောက်တိုဘာ (၈)ရက်နေ့မှာ စခန်း အဝိုင်းခံလိုက်ရတယ်၊ တိုက် ပွဲခဏဖြစ်ပြီး ချေကို ဖမ်းမိသွားတယ်။ ဘိုလစ်ဗီးယား စစ်တပ် သူ့ဆီ ချဉ်းကပ်လာတဲ့အခါ “မပစ်နဲ့၊ ချေဂွေဗားရားက ငါပဲ၊ မင်းတို့အတွက် ရှင် ရက်ဖမ်းမိရင် ပိုအကျိုးရှိတယ်” လို့ ပြောခဲ့ကြောင်း ဆိုကြတယ်။ ဒါကို ထောက်ပြပြီး ချေ့ကို သူရဲဘောင်ကြောင်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားကြ တယ်။ ဒါဟာ ဖောက်ပြန်ရေးသမားတွေက ဒီလူသားရဲ့ သမိုင်းအစဉ်အလာကို မည်းညစ်အောင် လုပ်ဖို့ ကြိုးစားတဲ့ ပုံဖျက်မှုတမျိုးပဲ။ ချေဟာ ဘယ်တော့မဆို သူ့တကိုယ်ရေ ဘေးကင်း လုံခြုံမှုကို လုံးဝ ဂရုမစိုက်ဘဲ ကြီးမားတဲ့ ရဲစွမ်း သတ္တိကို ပြသခဲ့သူပါ။Barrientos ဟာ အချိန်ဆွဲမနေခဲ့ပါဘူး။ ချေဂွေဗားရားကို ကွပ်မျက်ဖို့ အမိန့်ပေးလိုက်တယ်။ ချေ့ကို ဖမ်းမိတယ် ကြားကြားချင်း ဒီအမိန့်ကို ထုတ်လိုက်တယ်။ ဥပဒေကြောင်းအရ လုပ်ရိုးလုပ်စဉ်တွေနဲ့ အချိန်မဖြုန်းခဲ့ဘူး။ သူဒီလို လက်လွတ်စပယ် သတ်ပစ်ခြင်းကို ဝါရှင်တန်က “ဒီမို ကရက်တွေ” ကောင်းကောင်း သိတယ်၊ သဘောတူညီမှုလည်း အပြည့်အဝ ပေးခဲ့ကြတယ်။ ချေဂွေဗားရားကိုသာ တရားခွင်ရှေ့ ခုခံချေပခွင့် ပေးလိုက်ရင် သူဟာ ဒီအခွင့် အရေးကို တန်ပြန်ထိုးစစ်အဖြစ် မလွဲမသွေ အသုံးပြုသွားလိမ့်မယ်၊ သူဒီလို ပုန်ကန်ရခြင်းဟာ လူမှုမတရားမှုတွေ ဒင်းကြမ်းရှိနေလို့ ဖြစ်ကြောင်း တရားထူထောင်ရင်း ဒီလူမှု မတရားမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသွားလိမ့်မယ်၊ ဒီအန္တရာယ်ကို ဝါရှင်တန်က အရှင်သခင်တွေရော၊ ဘိုလစ်ဗီးယားက လက်ဝေခံ အာဏာပိုင်တွေရော ရင်မဆိုင်ရဲဘူး။ လုံးဝ မဖြစ်ဘူး! ဒီအသံကို တခါတည်း အပြီးတိုင် ချုပ်ငြိမ်းစေခဲ့တယ်။၁၉၁၉ ဇန်နဝါရီတုန်းက ဘာလင်မှာ ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)နဲ့ ကား(လ်)လိ(ဘ်)နက်(ခ်)တို့ကို ဖမ်းသွားခဲ့တဲ့ Junker တွေမှာလည်း သူတို့ ကို တရားရုံးတင် ကြားနာစစ်ဆေးခွင့်ပေးဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘူး။ သူတို့ကို ဦးနှောက်ပွင့်ထွက်အောင် ပစ်မသတ်ခင် ဘယ်ဥပဒေ စာအုပ်ကိုမှ လှန်လှော မကြည့်ခဲ့ပါဘူး။ ချေကို La Higuera ဆိုတဲ့ အနီးအနားရွာလေးက ကျောင်းအိုကျောင်းပျက်လေးထဲ ဖမ်းခေါ်သွားတယ်၊ အဲဒီမှာပဲ အကျဉ်းသားအဖြစ်နဲ့ တညတာ ချုပ်နှောင်ထားခဲ့တယ်။ ကမ္ဘာ လောကကြီးနဲ့ အဆက်ပြတ်၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ ရဲဘော် တွေနဲ့ ဝေးကွာ၊ သေချာပေါက် ရောက်လာတော့မယ့် သေမင်းကို တယောက်တည်း ရင်ဆိုင်စောင့်စားရင်း အထီးကျန်ဖြစ်နေရတဲ့ ရက်စက် ကြမ်းကြုတ်လှသော ဘဝရဲ့ နောက်ဆုံးညမှာ သူ့စိတ်ထဲ ဘယ်လို အတွေးတွေများ ဝင်ရောက်နေခဲ့မလဲ။နောက်နေ့ မွန်းတည့်ပြီးချိန်မှာ ချေဂွေဗားရားကို ကျောင်းအိုလေးထဲကနေ ဆွဲထုတ်သွားခဲ့တယ်။ ၁၉၆၇ အောက်တိုဘာ ၉ရက် နေ့လည်၁နာရီ ဆယ်မိနစ်မှာ ဘိုလစ်ဗီးယား စစ်တပ်ရဲ့ တပ်ကြပ်တဦးဖြစ်သော Mario Teran က ချေ့ကို ပစ်သတ်ခဲ့တယ်။ ချေ့ကို သွေးအေးအေးနဲ့ ရက်ရက် စက်စက် သတ်ပစ်ခဲ့တယ်ဆိုတာ ဖုံးဖိထားဖို့ ခြေထောက်တွေကို အချက်ရေ အများကြီး ပစ်ခဲ့တယ်။ တိုက်ပွဲအတွင်းရခဲ့တဲ့ ဒဏ်ရာတွေလို ပုံ ဖော်ဖို့ ဖြစ်တယ်။ ဒီမတိုင်ခင်မှာ ချေက လူသတ်သမား စစ်သားကို ပြောခဲ့တယ်၊ “မင်းတို့ ငါ့ကို သတ်တော့မယ်ဆိုတာ ငါသိတယ်။ ပစ်စမ်းပါ ငကြောက်ရေ၊ မင်း လူသားတယောက်ကို သတ်ရတော့မယ်”။ ဒါဟာ ချေဂွေဗားရား အစစ်ရဲ့ အသံပဲ၊ အသက်မသေအောင် အညံ့ခံ အပျော့ဆွဲ နေတဲ့ သူရဲဘောကြောင်သူတယောက်ရဲ့ အသံမဟုတ်ဘူး။ချေ့အလောင်းကို ဟယ်လီကော်ပတာ အောက်ပိုင်း ဝမ်းဗိုက်ထဲ ထည့်သွားတယ်၊ အိမ်နီးချင်း Vallegrande ကို သွားပို့တယ်၊ အဲဒီမှာ ဆေးရုံ တခုရဲ့ ရေချိုးကန်ထဲ ထားတယ်။ ဒီလိုလုပ်ပြီးတော့ စာနယ်ဇင်းက လူကြီးလူကောင်းတွေကို ခေါ်ပြီး ဓာတ်ပုံရိုက်ခိုင်းတယ်။ ရုပ်ပျက်ဆင်း ပျက် ဖြစ်အောင် ဖျက်စီးပစ်ဖို့ စစ်ဆရာဝန်တယောက်က သူ့လက်တွေကို ဖြတ်တောက်ပစ်တယ်၊ ဘိုလစ်ဗီးယား စစ်အရာရှိတွေက ဂွေဗားရား ရဲ့ ရုပ်အလောင်းကို ဘယ်သူမှ မသိတဲ့ နေရာတခုဆီ ပို့လိုက်တယ်။ဂွေဗားရား ချေမှုန်းရေးကို ဦးဆောင်ခဲ့သူက Felix Rodriguez။ သူက စီအိုင်အေ အေးဂျန့်။ Bay of Pigs ကျူးကျော်စစ်နဲ့ တပြိုင်တည်း ကတ်(စ်)ထရို ဆန့်ကျင်ရေး အုံကြွမှု ပြင်ဆင်ဖို့ ကျူးဘားကို ထိုးဖောက်ဝင်ခဲ့သူ။ Rodriguez ဟာ ဝါရှင်တန်နဲ့ ဗာဂျီးနီးယားက သူ့သခင် တွေဆီ ချေ သေဆုံးတဲ့ သတင်းပို့ခဲ့တယ်။ တွေ့နေကျ သူခိုး တယောက်လိုပဲ ဒီကောင်ဟာ ချေရဲ့ ရိုးလက်(ခ်စ်)နာရီနဲ့ တခြား တကိုယ်ရေ ပစ္စည်းတွေကို ဖယ်ချန်ထားခဲ့တယ်၊ ဒီပစ္စည်းတွေ ခိုးယူထားတာကို ခပ်ကြွားကြွားလေး မာန်တက်ပြရင်း သတင်းသမားတွေကို ထုတ်ထုတ် ပြလေ့ရှိတယ်။ Felix Rodriguez ရဲ့ နာမည်ဟာ မကောင်းဆိုးဝါး တံဆိပ်ခပ်နှိပ်ခံထားရတဲ့ သမိုင်းမှတ်တမ်းတွေထဲ နေရာယူသွားလိမ့်မယ်။ ဒါပေမယ့် သူရက်ရက်စက်စက် သတ်ခဲ့တဲ့ လူတယောက်ကတော့ ကျောမွဲ အဖိနှိပ်ခံ လူထုရဲ့ ချန်ပီယံတယောက်၊ တော်လှန်ရေးသမား သူရဲ ကောင်းတဦး၊ ကမ္ဘာ့ ဆိုရှယ်လစ် အရေးတော်ပုံရဲ့ အာဇာနည်တဦးအဖြစ် ထာဝရ ရှင်သန်နေလိမ့်မယ်။ပျောက်ကြားစစ် ပြဿနာတခြားလူတွေလိုပဲ ချေမှာ အားကောင်းတဲ့ အခြမ်းရှိသလို အားနည်းတဲ့ မျက်နှာစာလည်း ရှိတယ်။ ကျူးဘား ပုံစံ ပျောက်ကြားစစ် ဗျူဟာကို (နေရာဒေသမရွေး) ယေဘုယျ အသုံးပြုနိုင်တဲ့ ဗျူဟာတခုအဖြစ် ပုံဖော်ဖို့ ကြိုးစားခြင်းဟာ အမှားကျုးလွန်မိတာပဲ။ မာ့(က်စ်)ဝါဒီတွေဟာ လယ်သမား စစ်ပွဲကို အလုပ်သမားထုရဲ့ နိုင်ငံရေး အာဏာတိုက်ပွဲမှာ လက်အောက်ခံ တိုက်ပွဲသဏ္ဍာန်တခုအဖြစ် သဘောထားကြတယ်။ ဒီသ ဘောထားကို ၁၈၄၈ ဂျာမန်တော်လှန်ရေး ကာလမှာ မာ့(က်စ်)က ပထမဆုံး ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဂျာမန် တော်လှန်ရေးဟာ လယ်သ မား စစ်ပွဲ *ဒုတိယ အက်ဒစ်ရှင်*အနေနဲ့ပဲ အောင်ပွဲခံနိုင်မယ်လို့ မာ့(က်စ်)က ငြင်းချက်ထုတ်ခဲ့တယ်။ ဆိုလိုတာက မြို့ပြ အလုပ်သမား လှုပ် ရှားမှုဟာ သူ့နောက်မှာ လယ်သမားထုကို ဦးဆောင်ပြီး ချီတက်ရလိမ့်မယ်။ဒီသဘောထားဟာ ဖွံ့ဖြိုးပြီးသား အရင်းရှင် တိုင်းပြည်တွေအတွက်ပဲ ရည်ရွယ်တယ်လို့ ငြင်းချက်ထုတ်ရင် မမှန်ပါဘူး။ ရပ်ရှား တော်လှန်ရေး မတိုင်မီက စက်မှု အလုပ်သမား လူတန်းစားဟာ လူဦးရေရဲ့ ၁၀% မကျော်ပါဘူး။ ဒါပေမယ့် အလုပ်သမား လူတန်းစားက လူထုတရပ်လုံးရဲ့ ခေါင်းဆောင်ဖြစ်ရမယ်၊ လယ်သမားထုနဲ့ တခြား ဖိနှိပ်ခံအလွှာတွေကို ဦးဆောင် ချီတက်ရမယ်လို့ လီနင်နဲ့ ဘော်ရှီဗစ်တွေက အမြဲပြောခဲ့ပါ တယ်။ ရပ်ရှား တော်လှန်ရေးမှာ ပစ္စည်းမဲ့ လူတန်းစားက ခေါင်းဆောင် အခန်းကနေ ပါဝင်ခဲ့တယ်။ သူ့နောက်က သန်းပေါင်းများစွာသော ဆင်းရဲ လယ်သမားထုကြီး (ပစ္စည်းမဲ့ လူတန်းစားရဲ့ သဘာဝ မဟာမိတ်) ကို ဦးဆောင်မှု ပေးခဲ့တယ်။ဆိုရှယ်လစ် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်တဲ့ တခုတည်းသော လူတန်းစားက အလုပ်သမား လူတန်းစားပဲ။ စိတ်ခံစားချက်အရ ဒီလို ပြောနေတာ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းအတွင်း အလုပ်သမား လူတန်းစား ရောက်ရှိနေတဲ့ အနေအထားနဲ့ ကုန်ထုတ်ဖြစ်စဉ်အတွင်းက အလုပ်သမား လူတန်းစားရဲ့ စုပေါင်း လက္ခဏာအရ ဒီလိုပြောခြင်း ဖြစ်တယ်။ မာ့(က်စ်)၊ အန်းဂယ်(လ်စ်)၊ လီနင်၊ ထရော့စကီးတို့ရဲ့ အရေး အသားတွေထဲမှာ လယ်သမားထုက ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲနိုင်တယ်ဆိုတဲ့ သဘောမျိုး အရိပ်အမြွက်တောင် ရှာမတွေ့ရဘူး။ ဒီလို ဖြစ်ရတဲ့ အကြောင်းက လယ်သမားထုဟာ လူတန်းစား တရပ်အနေနဲ့ ကွဲပြားမှု အလွန်ကြီးမားလို့ပဲ။ လယ်သမား လူတန်းစားအတွင်းမှာ အလွှာတွေ အများကြီး ကွဲနေတယ်၊ မြေမဲ့ယာမဲ့ အလုပ်သမား (အမှန်တော့ ဒီအလွှာဟာ ကျေးလက် ပစ္စည်းမဲ့တွေ ဖြစ်တယ်) ကနေ တခြား လယ်သမားတွေကို အခစား အလုပ်သမားတွေအဖြစ် အလုပ်ခန့်ထားနိုင်တဲ့ ချမ်းသာ လယ်သမားအထိ အလွှာတွေ အများကြီး ကွဲထွက်နေ တယ်။ ဒီလို ကွဲထွက်နေတဲ့ လယ်သမား အလွှာတွေကြားမှာ ဘုံအကျိုးစီးပွား မရှိဘူး၊ ဒါ့ကြောင့် လယ်သမားထုဟာ လူတန်းစား တရပ်အနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည် လှုပ်ရှားနိုင်ခြင်း မရှိဘူး။ သမိုင်းတလျှောက် မြို့ပြက လူတန်းစား/ အုပ်စု အသီးသီးကို ထောက်ခံမှု ပေးခဲ့ကြ တယ်။ (ဘူဇွာ လူတန်းစားရဲ့ ခေါင်းဆောင်မှုနောက် လိုက်ခဲ့တာရှိသလို ပစ္စည်းမဲ့ လူတန်းစား ခေါင်းဆောင်မှုနောက် လိုက်ခဲ့တာလည်း ရှိ တယ်။ ၂၁ တော်လှန်ရေးမှာဆိုရင် ဘူဇွာ လစ်ဘရယ်တွေကို ထောက်ခံ လှုပ်ရှားနေကြတာ အထင်အရှားပဲ) ဘာသာပြန်သူ။ပျောက်ကြားစစ်ဟာ သဘာဝအားဖြင့် လယ်သမားထုရဲ့ စံတော်ဝင် လက်နက်ဖြစ်တယ်၊ အလုပ်သမား လူတန်းစားရဲ့ လက်နက် မဟုတ်ဘူး။ (တောတွေ၊ တောင်တွေလိုမျိုး) ဝေးလံခက်ခဲတဲ့ ကျေးလက် ဒေသတွေက လက်နက်ကိုင် တိုက်ပွဲ အခြေအနေတွေနဲ့ ကိုက်ညီတယ်။ နယ်မြေ ဒေသ အခက်အခဲကြောင့် ပုံမှန် စစ်တပ်ကြီးတွေ စေလွှတ်ဖို့ အလွန် ခက်ခဲတဲ့အပြင်၊ ကျေးလက် လူထုရဲ့ ထောက်ခံမှုနဲ့ ပျောက်ကြားတပ် တွေအဖို့ လိုအပ်တဲ့ ပစ္စည်း ကိရိယာ ပံ့ပိုးမှုတွေ ရနိုင်မယ်၊ လူထုကြား သွားလာလှုပ်ရှားရင်း စစ်ဆင်ရေး လုပ်နိုင်မယ်။လယ်သမားထု အများအပြား ရှိနေတဲ့ ခေတ်နောက်ကျ တိုင်းပြည်တခုမှာ တော်လှန်ရေးဖြစ်လာရင် ပျောက်ကြား စစ်ဟာ မြို့ပေါ်က အလုပ် သမားထုရဲ့ တော်လှန်ရေးကို အထောက်အကူပြုနိုင်တဲ့ အရံတိုက်ပွဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် ပျောက်ကြားစစ်ကို အလုပ်သမား လူတန်းစားရဲ့ သိစိတ်ရှိရှိ တိုက်ပွဲဝင်ခြင်း နေရာမှာ အစားထိုးနိုင်တယ် ဆိုတဲ့ အယူအဆကို လီနင် ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ မာ့(က်စ်)ဝါဒရှုထောင့်က နေကြည့်ရင် ပျောက်ကြားစစ် ဗျူဟာကို ဆိုရှယ်လစ် တော်လှန်ရေးရဲ့ လက်အောက်ခံ၊ အထောက်အကူ အစိတ်အပိုင်း တခုအနေနဲ့ပဲ လက်ခံ နိုင်တယ်။၁၉၀၅ တုန်းက လီနင်ရဲ့ သဘောထားက အဲဒီအတိုင်းပဲ။ နဒေါ့နစ်တွေနဲ့ သူတို့အမွေဆက်ခံသူ ဆိုရှယ် ရက်ဗလူရှင်နရီ ပါတီတို့ ကျင့်သုံးခဲ့တဲ့ တဦးချင်း လုပ်ကြံရေး နည်းဗျူဟာနဲ့ လားလားမှ မဆိုင်ဘူး။ ခေတ်သစ် လုပ်ကြံရေးဝါဒီတွေ၊ “မြို့ပြ ပျောက်ကြား” အဖွဲ့တွေရဲ့ ရူးကြောင် ကြောင် နည်းဗျူဟာတွေနဲ့ဆို ပိုလို့တောင် မဆိုင်သေးတယ်၊ ဒီနည်းနာတွေဟာ စစ်မှန်သော လီနင်ဝါဒ ပေါ်လစီနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေတယ်။ လက်နက်ကိုင် တိုက်ပွဲဟာ လူထု တော်လှန်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း ဖြစ်ရမယ်လို့ လီနင် အခိုင်အမာ ပြောခဲ့တယ်၊ ဒါကို လက်ခံနိုင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို တိတိကျကျ သတ်မှတ်ပေးခဲ့တယ် -“(၁)လူထုရဲ့ ခံစားချက် အမြင်တွေကို အလေးအနက် စဉ်းစားရမယ်၊ (၂) သက်ဆိုင်ရာ ဒေသအတွင်းက အလုပ်သမား လူတန်းစား လှုပ်ရှားမှု အခြေအနေတွေကို လေးလေးနက်နက် ထည့်စဉ်းစားရမယ်၊ (၃)ပစ္စည်းမဲ့ လူတန်းစား အင်အားတွေ ပြုန်းတီးမသွားအောင် အထူးဂရုပြုရ မယ်”။ လီနင်က ပျောက်ကြားစစ်ကို ပြဿနာအားလုံး ဖြေရှင်းနိုင်တဲ့ ဗျူဟာကြီးတခုအဖြစ် သဘောမထားတဲ့အပြင်၊ “လူထု လှုပ်ရှားမှုဟာ ပုန်ကန်အုံကြွတဲ့ အဆင့်ကို ရောက်ရှိ သွားတဲ့အခါမှသာ” လက်ခံနိုင်တဲ့ တိုက်ပွဲ နည်းလမ်းတခုအနေနဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ဒီလို တိုက်ပွဲ နည်းလမ်းအတွင်း တသားတည်း တွဲပါလာတဲ့ ယိုယွင်းပျက်စီးနိုင်သော အန္တရာယ်ဟာ ပျောက်ကြား အုပ်စုတွေ လူထု လှုပ်ရှားမှုနဲ့ ကင်းကွာသွားတာနဲ့ အမှန်တကယ် ဖြစ်သွားတယ်။ ၁၉၀၆ နောက်ပိုင်း ကာလမှာ အလုပ်သမား လှုပ်ရှားမှုက ဒီရေကျသွားတယ်၊ တော်လှန် ရေးသမားတွေ အလဲလဲ အကွဲကွဲ ဖြစ်လာတယ် (၁၉၀၅ ရပ်ရှား တော်လှန်ရေး အမြင့်ဆုံး အဆင့်အထိ ရောက်ပြီးမှ အရေးနိမ့်သွားတဲ့ ကာလ ကို ရည်ညွှန်းနေတာ)၊ ဒီအခါ ပျောက်ကြား အဖွဲ့တွေက တော်လှန်ရေး ပါတီရဲ့ အသုံးဝင်သော အရံ လက်နက်တွေ မဖြစ်နိုင်တော့ကြောင်း လ က္ခဏာတွေ အထင်အရှား ပြလာတယ်၊ တကိုယ်တော် အရဲစွန့်သမား အုပ်စုတွေအဖြစ် ပြောင်းလဲသွားတယ် (သို့) ဒီထက်ပိုဆိုးနိုင်တယ်။ တော် လှန်ရေး လှုပ်ရှားမှု တကျော့ပြန် ရုန်းထနိုင်ဦးမယ်လို့ သူမျှော်လင့်နေဆဲ အချိန် (၁၉၀၅ တော်လှန်ရေး ဒီရေအကျ ကာလကို ရည်ညွှန်း) မှာ ပျောက်ကြားစစ် နည်းဗျူဟာက ဖောက်ပြန်ရေး အင်အားစုကို ခုခံဟန့်တားနိုင်တဲ့ တိုက်ပွဲပုံစံတခု ဖြစ်နိုင်တယ်လို့ ရပ်ခံကာကွယ်နေပေမယ့် လီနင်က သတိပေးခဲ့သေးတယ် - “လူထုနဲ့ ကင်းကွာလာတဲ့ တဦးချင်း လုပ်ဆောင်မှုတွေ၊ ခေတ်ဟောင်း လုပ်ကြံရေးဝါဒ၊ဘလန်ကွီးဝါဒ၊ အန်နာခစ်ဇင်ဟာ အလုပ်သမားတွေကို စိတ်အားပျက်စေတယ်၊ များပြားလှတဲ့ လူထုအလွှာကြီးကို ဘေးဖယ်ထုတ်ပစ်တယ်၊ လှုပ်ရှားမှုကို ဖရို ဖရဲ ဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်”။ “ဒီအကဲဖြတ်ချက် ခိုင်လုံကြောင်း ပြနေတဲ့ သာဓကတွေကို နေ့စဉ် သတင်းစာတွေထဲ ဖော် ပြထားတဲ့ ဖြစ်ရပ်တွေမှာ လွယ်လွယ်လေး ရှာတွေ့နိုင်တယ်” လို့ လီနင်က ထပ်လောင်း ပြောခဲ့သေးတယ်။၁၉၀၅-၀၆ ကာလ၊ တော်လှန်ရေး လှုပ်ရှားမှုမှာ “ပျောက်ကြားစစ်” အစိတ်အပိုင်း ပါဝင်ခဲ့တယ် - ရဲခေါင်ပျောက်ကြား အဖွဲ့တွေ၊ လက်နက် သိမ်းပိုက်ယူငင်ခြင်းနဲ့ လက်နက်ကိုင် တိုက်ပွဲ တခြားပုံစံတွေ ရှိခဲ့တယ်။ ဒါပေမယ့် တိုက်ခိုက်ရေး အစုတွေကို အလုပ်သမား အဖွဲ့အစည်း တွေနဲ့ နီးနီးကပ်ကပ် ချည်နှောင်ထားခဲ့တယ်။ ဒါ့ကြောင့် မော်စကို စစ်ရေး ကော်မတီမှာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် ပါတီဝင်တွေချည်း မဟုတ်ဘူး၊ ဆိုရှယ် ရက်ဗလူရှင်နရီတွေ၊ အလုပ်သမား သမဂ္ဂဝင်တွေ၊ ကျောင်းသားတွေလည်း ပါကြတယ်။ ကျနော်တို့ တွေ့ခဲ့ရသလိုပဲ ရဲခေါင် ပျောက်ကြား အဖွဲ့တွေကို လူမျိုးရေး အဓိကရုဏ်း ဖန်တီးသူတွေ၊ အနက်ရောင် တရာ လူမိုက်ဂိုဏ်းတွေ ရန်ကနေ ခုခံကာကွယ်ဖို့ အသုံးပြုခဲ့ ကြတယ်။ ပါတီ အစည်းအဝေးတွေ လုပ်နေချိန် အစိုးရရဲတွေ ဝင်မွှေတာ မခံရအောင်လည်း ကာကွယ်ပေးခဲ့တယ်၊ လက်နက်ကိုင် အလုပ် သမား အဖွဲ့တွေ ရှိနေခြင်းဟာ အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ကာကွယ်ပေးရာမှာ အရေးကြီး အချက်တခု ဖြစ်ခဲ့တယ်။ပျောက်ကြားအဖွဲ့တွေ လုပ်ခဲ့တဲ့အထဲမှာ လက်နက်တွေ သိမ်းယူတာ၊ စပိုင်တွေ ရဲသူလျှိုတွေ သတ်ပစ်တာ၊ ရန်ပုံငွေအတွက် ဘဏ်ဝင်စီးတာ တွေ ရှိခဲ့တယ်။ ဒီလို ပျောက်ကြား အဖွဲ့တွေ ထူထောင်ရေးကို အလုပ်သမားတွေ ကိုယ်တိုင် စတင်ဆော်ဩခဲ့ခြင်း ဖြစ်တယ်။ ဘော်ရှီဗစ်တွေက အဲဒီအဖွဲ့တွေကို ခေါင်းဆောင်မှု ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်၊ စုစုစည်းစည်းနဲ့ စည်းကမ်းတကျ ဖြစ်အောင် လုပ်ပေးခဲ့တယ်၊ ရှင်းလင်းတဲ့ လုပ် ငန်းစဉ် တပ်ဆင်ပေးခဲ့တယ်။ ဟုတ်ပါတယ်၊ ဒီလိုလုပ်ရာမှာ အင်မတန် ကြီးလေးတဲ့ အန္တရာယ်တွေ ရှိခဲ့တယ်။ အဲဒီပျောက်ကြားအဖွဲ့တွေမှာ တကိုယ်တော် အရဲစွန့်လိုသူတွေ၊ လူတန်းစားပျက် အစိတ်အပိုင်းတွေ ရောထွေး ပါနေနိုင်တယ်၊ လူထု လှုပ်ရှားမှုနဲ့ သီးခြား ဖြစ်သွားတာနဲ့ ရာ ဇဝတ် ဂိုဏ်းတွေလို ပျက်စီးသွားနိုင်တယ်၊ ဓားပြဂိုဏ်းနဲ့ ဘာမှ မထူးတဲ့အထိ ဖြစ်သွားလိမ့်မယ်။ဒါ့အပြင် ဒီအဖွဲ့တွေကို ဒလံတွေ (provocateur) ထိုးဖောက်ဝင်ရတာ လွယ်တယ်။ ယေဘုယျဆိုရရင် စစ်မှန်သော တော်လှန်ရေး ပါတီတွေ ထက် စစ်ဘက်ဆိုင်ရာ အကြမ်းဖက် အဖွဲ့တွေထဲ အစိုးရ သူလျှိုထည့်ရတာ ပိုလွယ်တယ်။ သဘောတရားရေး စည်းနှောင်မှု အားကောင်းတဲ့ ပညာတတ် ကေဒါတွေ စုဖွဲ့ထားသော တော်လှန်ရေး ပါတီထဲကို သူလျှိုထည့်ရတာ အတော်ခက်ပါတယ်၊ ဒါတောင် အပြည့်အဝ မကာကွယ် နိုင်ပါဘူး။ လက်နက်ကိုင် အုပ်စုတွေ ရှိနေရင် ကြုံလာရမယ့် ယိုယွင်းပျက်စီးမှု အန္တရာယ်တွေကို လီနင် ကောင်းကောင်း သိခဲ့တယ်။ တင်းကြပ် တဲ့ စည်းမျဉ်း၊ ပါတီ အဖွဲ့အစည်းတွေနဲ့ အတွေ့အကြုံရင့် ကေဒါတွေရဲ့ အခိုင်အမာ ထိန်းကွပ်မှုကြောင့် အဲသလို ပျက်စီးနိုင်တဲ့ တိမ်းညွှတ်ချက် တွေကို တစုံတရာ ဟန့်တား ကာကွယ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် အမှန်တကယ် ထိန်းချုပ်နိုင်တာ တခုတည်းပဲ ရှိတယ် - အဲဒါ လူထု တော် လှန်ရေး လှုပ်ရှားမှုရဲ့ အုပ်ထိန်းမှုပဲ။ပျောက်ကြား တပ်စိတ်တွေက လူထု လှုပ်ရှားမှုရဲ့ အရံအင်အား ဖြစ်နေသရွေ့ (ဆိုလိုတာက တော်လှန်ရေး ဒီရေ အတက်ကာလမှာ ရှိနေ သရွေ့) တိုးတက်သော၊ အသုံးဝင်သော အခန်းကနေ ပါဝင်နိုင်တယ်။ ဒါပေမယ့် ပျောက်ကြားအုပ်စုတွေက လူထု တော်လှန်ရေး လှုပ်ရှားမှု ကနေ သီးခြားဖြစ်သွားတာနဲ့ မလွဲမသွေ ယိုယွင်း ပျက်စီးသွားမယ်။ ဒါ့ကြောင့်ပဲ တော်လှန်ရေး လှုပ်ရှားမှု ဒီရေ ထိုးကျသွားပြီလို့ အခိုင်အမာ ပြောနိုင်တာနဲ့ ပျောက်ကြား အဖွဲ့တွေ ရေရှည် တည်ရှိနေဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ လီနင် စဉ်းစားခဲ့တယ်။ ဒီအဆင့်ကို ရောက်သွားတာနဲ့ ပျောက်ကြားအဖွဲ့အားလုံး ဖျက်သိမ်းပစ်ဖို့ လီနင် ချက်ချင်း ပြောခဲ့တယ်။ပျောက်ကြားစစ်ပျောက်ကြားစစ် သဘောတရားနဲ့ လက်တွေ့ပိုင်း စာအုပ်တွေ၊ ဆောင်းပါးတွေ အများကြီး ချေ ရေးခဲ့တယ်။ အာဘန်း(ဇ်) အစိုးရ ဖြိုချခံ လိုက်ရတဲ့ အတွေ့အကြုံဟာ ချေ့အပေါ် တာရှည် သက်ရောက်မှု ရှိခဲ့တယ်။ အုပ်စိုးသူ လူတန်းစားကို လက်နက်ကိုင် ပုန်ကန်ပြီး ဖြိုချပစ်ရ မယ်လို့ နိဂုံးချုပ်ချက် ချခဲ့တယ်၊ ဒီယူဆချက်ဟာ လုံးဝ မှန်ပါတယ်။ မတိုက်ခိုက်ရဘဲ ဘယ်အုပ်စိုးသူ လူတန်းစားကမှ အခွင့်ထူးတွေ၊ အာဏာ တွေကို အသာတကြည် လက်လျှော့ပေးရိုး မရှိခဲ့ပါဘူး၊ ဒီအချက်ကို သမိုင်းအားလုံးက သက်သေထူနေတယ်။ ဘယ်မကောင်းဆိုးဝါးကမှ သူ့အ စွယ်တွေကို ဖြတ်ရိုးထုံးစံ မရှိခဲ့ဘူး။ မာ့(က်စ်)ဝါဒီတွေဟာ ရွှေပြည်အေးသမားတွေ မဟုတ်ပါဘူး။ လူထုဟာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားရမယ်၊ အုပ်စိုးသူ လူတန်းစားကို လက်နက်ဖြုတ်သိမ်းဖို့ လိုအပ်တဲ့ အင်အားမှန်သမျှ အသုံးပြုဖို့ ပြင်ဆင်ထားရမယ်။ မာ့(က်စ်)စကားနဲ့ ပြောရရင် အင် အားဟာ သမိုင်းရဲ့ လက်သည် ဖြစ်တယ်။ချေရဲ့ နာမည်ကျော် ပျောက်ကြားစစ် စာအုပ်ဟာ ကျူးဘား တော်လှန်ရေး ပုံစံကို တခြား တိုင်းပြည်တွေမှာလည်း အသုံးချလို့ရတဲ့ နမူနာတခု အနေနဲ့ ဖော်ဆောင်ထားတယ်။ ကျူးဘားတော်လှန်ရေး ပုံစံအရဆိုရင် လူထုကို စုစည်းဖို့ ကျယ်ပြန့်သော အဖွဲ့အစည်းတွေ တည်ဆောက် ထားစရာမလိုဘဲ ပျောက်ကြား အဖွဲ့လေး (ဖိုကို) တခုက လက်နက်ကိုင် ပုန်ကန်မယ်။ ဒါဟာ အင်မတန် ကြီးမားတဲ့ အမှားပဲ၊ နောက်ပိုင်း ဖြစ် ရပ်တွေက မှားကြောင်း ရင်နာဖွယ် ကောင်းလောက်အောင် သက်သေပြသွားခဲ့တယ်။ ကျူးဘားတော်လှန်ရေးဟာ နယ်ချဲ့သမားတွေကို အငိုက်မိသွား စေခဲ့တယ်။ ပျောက်ကြားအဖွဲ့တွေ ဒီလောက် လွယ်လင့်တကူ အောင်ပွဲခံနိုင်မယ်လို့ အရင်းရှင် နယ်ချဲ့တွေ ထင်မထားခဲ့ဘူး။ ပျောက်ကြားအဖွဲ့တွေ အောင်ပွဲရသွားချိန်မှာတောင် အမေရိကန် အုပ်စိုးသူ လူတန်းစားကြားမှာ ဘယ်လို တုံ့ပြန်ရမလဲ ကွဲလွဲနေကြတယ်။ တောင်ပံတခုက ကျူးကျော်စစ် ပေါ်လစီ ချချင်တယ်၊ တခြား တောင်ပံတခုက သတိနဲ့ ချဉ်းကပ်ချင်တယ်။အရင်းရှင် နယ်ချဲ့တွေ အမှား လုပ်မိသွားတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံကို လေ့လာပြီး သင်ခန်းစာ ယူကြတယ်၊ ကျူးဘား တော်လှန်ရေးကို ကြုံပြီးတဲ့နောက် နောက်တကြိမ် အငိုက်မမိအောင် နယ်ချဲ့သမားတွေ ပြင်ဆင်ခဲ့ကြတယ်။ ပျောက်ကြားစစ် သီအိုရီကို သူတို့ လေ့လာခဲ့တယ်၊ ချေဂွေဗားရားရဲ့ လက်ရာတွေကိုပါ လေ့လာထားကြတယ်။ နယ်ချဲ့သမားတွေက အသင့်ပြင်ပြီး စောင့်နေကြတယ်။ ပထမဆုံး ပျောက်ကြား ဖိုကိုတခု ဖွဲ့ပြီးတာနဲ့ သူတို့ ချေမှုန်းပစ်ကြတယ်။ ပျောက်ကြားတွေ ကျေးလက် လူထုကြားမှာ ခြေကုပ်ယူဖို့ အချိန်မပေးခဲ့ဘူး။ ဘိုလစ်ဗီးယား မှာ ဒီအတိုင်း ဖြစ်ခဲ့တယ်။ ချေနဲ့ သူ့ရဲဘော်တွေရဲ့ ကြမ္မာကို နိဂုံးချုပ်စေခဲ့တယ်၊ နောင်မှာလည်း ဒီလို ရဲခေါင်ပျောက်ကြား အတော်များများရဲ့ ဘဝကို ချေမှုန်းပစ်ခဲ့တယ်။ကျူးဘားမှာ အောင်မြင်ခဲ့တဲ့ နည်းဗျူဟာကို ကော်ပီလိုက်ကူးဖို့ ကြိုးပမ်းခဲ့ခြင်းရဲ့ ရလဒ်အနေနဲ့ လက်တင် အမေရိကနဲ့ တခြား ဒေသက သတ္တိကောင်းလှတဲ့ လူငယ် မျိုးဆက်တခုလုံး ဘဝတွေ ဆုံးရှုံးခဲ့ရတယ်၊ တော်လှန်ရေး သမိုင်းမှာ ရင်နင့်ဖွယ် အကောင်းဆုံး အဖြစ်ဆိုးတခုပဲ။ ကျူးဘားမှာ ထူးခြားတဲ့ အခြေအနေတွေ တသီကြီး ပေါင်းဆုံခဲ့လို့ ပျောက်ကြားစစ် နည်းဗျူဟာ အောင်မြင်ခဲ့ခြင်း ဖြစ်တယ်၊ အခြေအနေတွေ မတူတဲ့ တခြားတိုင်းပြည်တွေမှာ ဒီနည်းဗျူဟာကို ပုံတူ လိုက်ကူးလို့ မရနိုင်ဘူး။၁၉၄၉ မတိုင်ခင်က တရုတ်ပြည်လို ခေတ်နောက်ကျနေတဲ့ လယ်ယာစိုက်ပျိုးရေး အဓိက လူ့အဖွဲ့အစည်းတခုမှာ ပျောက်ကြားစစ် နည်းဗျူဟာ ကျင့်သုံးရင် အဓိပ္ပါယ် ရှိတယ်။ ဒါပေမယ့် လယ်သမားထုက လူဦးရေးရဲ့အနည်းစုပဲ ရှိပြီး လူအများစုက မြို့ပြမှာ နေထိုင်ကြတဲ့ ချီလီ (သို့) အာ ဂျင်တီနားလို တိုင်းပြည်တွေမှာ ပျောက်ကြားစစ်သုံးရင် လုံးဝ အဓိပ္ပါယ် မရှိဘူး။ ကျနော်တို့ တွေ့ခဲ့ရသလိုပဲ ဇာဘုရင်ခေတ် ရပ်ရှားမှာတောင် လီနင်က တော်လှန်ရေးကို ပစ္စည်းမဲ့ လူတန်းစားကပဲ ဦးဆောင်ရမယ်၊ ပျောက်ကြားစစ်ကို လူထု (အထူးသဖြင့်) အလုပ်သမား လူတန်းစား တော်လှန်ရေး လှုပ်ရှားမှုရဲ့ လက်အောက်ခံအဖြစ် သဘောထားရမယ်လို့ အခိုင်အမာ ပြောခဲ့တယ်။အာဂျင်တီးနား၊ ယွတ်ရဂွိုင်း၊ မက်စီကို၊ ဗင်နီဇွဲလားနဲ့ တခြားတိုင်းပြည်တွေမှာ ကျူးဘား ပျောက်ကြားစစ် နည်းလမ်းတွေကို ယန္တယား ဆန်ဆန် ပုံတူကူးဖို့ ကြိုးပမ်းချက်မှန်သမျှ အလဲလဲအကွဲကွဲ အရေးနိမ့်ခဲ့ရတယ်။ “မြို့ပြ ပျောက်ကြား” ဆိုတဲ့ အယူအဆက ပိုပြီး အပျက်သ ဘောဆန်တယ်၊ ခေတ်ဟောင်း တဦးချင်း လုပ်ကြံရေးဝါဒကို မျက်နှာဖုံး အသစ်တပ်ထားခြင်းသာ ဖြစ်တယ်။ ဒီလို အင်မတန် ဆိုးရွားတဲ့ နည်း ဗျူဟာကို ထောက်ခံသူတွေက နည်းလမ်း အသစ်စက်စက်ကြီးတခု ထွင်လိုက်နိုင်ပြီလို့ ထင်နေကြတယ်။ တကယ်တော့ သူတို့ဟာ ခေတ် ဟောင်း ရပ်ရှား လုပ်ကြံရေးဝါဒီ နရော့နစ်(ဒ်)တွေရဲ့ အမှားကို ထပ်လုပ်နေခြင်းသာ ဖြစ်တယ်။ လီနင်ဟာ နရော့နစ်(ဒ်)တွေကို ဆန့်ကျင်ပြီး တရစပ် တိုက်ပွဲဆင်ခဲ့ရတယ်။ (လီနင့် အစ်ကိုအရင်းကိုယ်တိုင် နရော့နစ်ဒ် တယောက်အဖြစ် ကြိုးပေးခံခဲ့ရတယ် - ဘာသာပြန်သူ)။အဲဒီ နည်းဗျူဟာတွေကို ကျင့်သုံးတိုင်း သွေးမြေကျ အရေးနိမ့်ခဲ့ရတယ်၊ အရိုင်းစိုင်းဆုံး ဖောက်ပြန်မှုနဲ့ နိဂုံးချုပ်ခဲ့တယ်။ စက်ရုံတွေ၊ အလုပ် သမား ရပ်ကွက်တွေ အလုပ်သမား ရွာတွေမှာ လူထု တော်လှန်ရေး လှုပ်ရှားမှု ကြီးထွားလာအောင် လုပ်ရာမှာ အရေးကြီးတဲ့ နေရာက ပါဝင် နိုင်မယ့် လူငယ် ကေဒါ ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ ဆိုရှယ်လစ် တော်လှန်ရေး အောင်မြင်ချင်ရင် အင်မတန် ကြီးလေးတဲ့ ဒီအမှားကို အချိန်မီ ပြင်ဆင်နိုင်ရမယ်။ ဂုဏ်ရောင်ပြောင်တဲ့ ဒီတော်လှန်ရေးသမားကြီးရဲ့ စစ်မှန် ကောင်းမွန်သော အမွေကို နားလည်နိုင်စွမ်း မရှိကြတဲ့ လက်ဝဲစွန်းတွေဟာ ချေ့ ဆိုးမွေကိုပဲ သိမ်းယူနေကြတယ်၊ သူ့အမှားတွေကိုပဲ ထပ်လုပ်နေကြတယ်။ ဒါဟာ ချေကို အဆိုးရွားဆုံး အဓမ္မပြု လိုက်တာပဲ၊ ဒီထက် ဆိုးတဲ့အရာ စိတ်ကူးကြည့်လို့ မရနိုင်ဘူး။ချေဂွေဗားရားဆီက ကျနော်တို့ တန်ဖိုးထားရမယ့်၊ သင်ယူရမယ့် တကယ့် အနှစ်သာရက သူ့ရဲ့ အင်တာနေရှင်နယ် ဝါဒပဲ - ဆိုရှယ်လစ် တော် လှန်ရေးဆိုတာ တိုင်းပြည်တခုတည်း သီးခြား လုပ်နိုင်တာ မဟုတ်ဘူး၊ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေး ချိန်းကြိုးကြီးရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်တယ်၊ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေး အောင်မြင်မှပဲ ပြီးဆုံးနိုင်မယ်ဆိုတဲ့ မှန်ကန်သော အယူအဆဖြစ်တယ်။ လက်တင် အမေ ရိကတိုက်အတွင်းက လက်ရှိ တော် လှန်ရေး လှုပ်ရှားမှုဟာ ချေ မှန်ခဲ့ကြောင်း သက်သေထူနေတယ်။ချေဂွေဗားရားရဲ့ အင်တာနေရှင်နယ်ဝါဒကျူးဘား တော်လှန်ရေးကို ကနဦးကတည်းက တော်လှန်ရေး အင်တာနေရှင်နယ်ဝါဒက စေ့ဆော် မောင်းနှင်ခဲ့တယ်။ ဒီတော်လှန်ရေး အင် တာနေရှင်နယ်ဝါဒကို ချေဂွေဗားရားဆိုတဲ့ လူပုဂ္ဂိုလ်ဆီမှာ အသက်ဝင်စေတယ်၊ ဒီလူဟာ ကျူးဘား တော်လှန်ရေးရဲ့ အထင်ကရ ခေါင်းဆောင် တယောက် ဖြစ်ခဲ့တယ်။ ချေဟာ အာဂျင်တီးနား,သား တယောက်အနေနဲ့ မွေးလာပြီး ကျူးဘား တော်လှန်ရေး တပ်ဦးကနေ တိုက်ခဲ့တယ်။ တကယ်တော့ သူဟာ အင်တာနေရှင်နယ်ဝါဒီ စစ်စစ် ဖြစ်တယ်၊ ကမ္ဘာ့ နိုင်ငံသားတယောက် ဖြစ်တယ်။ ဘိုလစ်ဗာလိုပဲ ချေ့မှာ လက်တင် အ မေရိကတိုက်တခုလုံး တော်လှန်ရေး အမြင် ရှိခဲ့တယ်။အဖြစ်ဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက် ချေဂွေဗားရားကို အန္တရာယ်မရှိတဲ့ ပြယုဂ်တခု၊ တီရှပ်ပေါ်က မျက်နှာတခုအဖြစ် ပြောင်းလဲပစ်ဖို့ နည်းမျိုးစုံနဲ့ အားထုတ်လာကြတယ်။ ဘူဇွာတွေက သူ့ကို သဘောထား ကောင်းမွန်တဲ့ ရိုမန်းတစ် ဆန်သူ ယူတိုးပီးယန်း စိတ်ဝါဒီတယောက်အဖြစ် ပုံဖော် ကြတယ်။ ကြီးမြတ်သော တော်လှန်ရေး သမားတယောက်ကို ဒီလို ပုံဖော်ကြတာ လုံးဝ အဓိပ္ပါယ်မရှိဘူး။ ချေဂွေဗားရားဟာ မျှော်လင့်ချက် မရှိတဲ့ စိတ်ကူးယဉ်သမားတဦး မဟုတ်ဘူး၊ လက်တွေ့ကျတဲ့ တော်လှန်ရေးသမား တဦးဖြစ်တယ်။ လက်တင် အမေရိကသာမက အာဖရိက တိုက်က တခြား နိုင်ငံတွေအထိ တော်လှန်ရေး တိုးချဲ့သွားဖို့ ချေ ကြိုးစားခဲ့တာ မတော်တဆ ဖြစ်ရပ် မဟုတ်ဘူး။ သတ္ထုချလိုက်ရင် ကျူးဘား တော်လှန်ရေးရဲ့ အနာဂတ်ကို ကမ္ဘာ့ တော်လှန်ရေးက အဆုံးအဖြတ် ပေးသွားမယ်ဆိုတာ ချေ ပြည့်ပြည့်ဝဝ နားလည်ခဲ့တယ်။အစကတည်းက ကျူးဘား တော်လှန်ရေးရဲ့ ကြမ္မာဟာ ကမ္ဘာတဝှမ်း ဖြစ်ရပ်တွေနဲ့ တွဲစပ်ချည်နှောင်ထားခဲ့တယ်။ တခြားကော ဘယ်လို ဖြစ် နိုင်မှာလဲ၊ တော်လှန်ရေး စပေါက်ဖွားကတည်းက ကမ္ဘာ့ အင်အား အကြီးဆုံး နယ်ချဲ့ နိုင်ငံတော်ရဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်။ (ရပ်ရှား တော်လှန်ရေးလိုပဲ) ကျူးဘား တော်လှန်ရေးဟာလဲ အပြည်ပြည်ဆိုင်ရာ သက်ရောက်မှုအား အဆမတန် ကြီးမားတယ်၊ အထူးသဖြင့် လက်တင် အမေရိကနဲ့ ကရစ်ဘီယံ နိုင်ငံတွေအပေါ် သက်ရောက်မှု အားကြီးတယ်။ ဒီကနေ့ခေတ်အထိ သက်ရောက်မှု အားကောင်းဆဲ ဖြစ် တယ်။ တိုက်ကြီးတခုလုံး တော်လှန်ရေး မီးတဟုန်းဟုန်း တောက်ညီးသွားစေမယ့် မီးပွားလေးတခု ထွန်းညှိနိုင်ဖို့ ချေကြိုးစားခဲ့တယ်။ ဘယ်လို ထွန်းညှိမလဲဆိုတဲ့ နေရာမှာ သူအမှား လုပ်ခဲ့နိုင်ပါတယ်၊ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေနဲ့ သူ့အခြေခံ အယူအဆ မှန်ကန်ရဲ့လား ဆိုတဲ့ အချက်ကို ဘယ်သူမှ မေးခွန်းမထုတ်နိုင်ပါဘူး။ သူ့အခြေခံ အယူအဆက ကျူးဘား တော်လှန်ရေးကို ကယ်တင်နိုင်တဲ့ တခုတည်းသော နည်း ဟာ လက်တင် အမေရိကတိုက်ကို တော်လှန်ရေး ပြန့်ပွားသွားဖို့ ဖြစ်တယ်။ပြည်ပနိုင်ငံတွေမှာ တော်လှန်ရေး စစ်ဆင်မှုတွေ ချေ စုစည်းပေးခဲ့တယ်၊ အားလုံး ရှုံးခဲ့တယ်။ ပနားမားမှာ ပထမဆုံး ကြိုးစားကြည့်ခဲ့တယ်။ ၁၉၅၉ အစောပိုင်းလောက်ကတည်းက ဒမစ်နစ်ကန် သမ္မတနိုင်ငံမှာ ကြိုးစားခဲ့တယ်။ ကံမကောင်းစွာပဲ ကျူးဘား အတွေ့အကြုံကနေ လွဲမှား တဲ့ နိဂုံးချုပ်ချက်တချို့ ချခဲ့တယ်။ ပျောက်ကြားစစ် နဲ့ ဖိုကို ပုံစံ တခြား တိုင်းပြည်တွေဆီ တင်ပို့ဖို့ ကြိုးစားတိုင်း တခုပြီးတခု အရေးနိမ့်ခဲ့ရ တယ်။ ဒီလို အရေးနိမ့်ရခြင်း အကြောင်းတရား များစွာ ရှိတယ်။ ပထမတချက်က ကျနော်တို့ တွေ့ခဲ့ရသလိုပဲ ကျူးဘား တော်လှန်ရေးဟာ အမေရိကန် အရင်းရှင် နယ်ချဲ့သမားကို အငိုက်မိသွားစေခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာ နယ်ချဲ့သမားက သင်ခန်းစာတွေ ထုတ်ယူခဲ့တယ်၊ “ဖိုကို” တခုပေါ်လာတိုင်း နောက်ထပ် ပြန့်ပွားမသွားခင် သူတို့ ချက်ချင်း ချေမှုန်းခဲ့တယ်။ဒီထက်ပိုအရေးကြီးတဲ့ တချက်က လက်တင် အမေရိကတိုက်က လူဦးရေ အများစုဟာ မြို့ပြမှာ နေထိုင်လာကြပြီ။ ပျောက်ကြားစစ်ဟာ လယ် သမားထုရဲ့ စံတော်ဝင် တိုက်ပွဲနည်းလမ်းတခု ဖြစ်တယ်။ ဒါ့ကြောင့် ပျောက်ကြားစစ်ဟာ အရံတိုက်ပွဲအနေနဲ့ အရေးကြီးပေမယ့် အဓိက အခန်းကဏ္ဍကို ဝင်မယူနိုင်ဘူး။ အဲဒီအခန်းကဏ္ဍကို မြို့ပြ အလုပ်သမား လူတန်းစားအတွက် ချန်ပေးထားတယ်။ ဒါ့ကြောင့် နည်းဗျူဟာကို ဒီ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ထိန်းညှိရမယ်။ဗင်နီဇွဲလား အတွေ့အကြုံကလည်း ဒီအတိုင်း သင်ကြားပေးတယ်၊ ဗင်နီဇွဲလားမှာ ပျောက်ကြားစစ် ဖော်ဖို့ကြိုးစားတာ လဲလဲကွဲကွဲ ရှုံးခဲ့ရ တယ်။ ဗင်နီဇွဲလား တော်လှန်ရေးဟာ အနှစ်သာရအားဖြင့် မြို့ပြ တော်လှန်ရေး တခုအနေနဲ့ ဖြစ်ပေါ်ထွန်းကားလာတယ်။ မြို့ပြ လူထုအခြေခံ တဲ့ တော်လှန်ရေးကို လယ်သမားထုက ကျားကန်ပံ့ပိုးထားတယ်။ ဟူးဂိုး ရှာဗေး ခေါင်းဆောင်တဲ့ ဘိုလစ်ဗေးရီးယန်း လှုပ်ရှားမှုဟာ ပါလီမန် တိုက်ပွဲကို ကောင်းကောင်း အသုံးချပြီး လူထုကြီးကို လှုံ့ဆော်စည်းရုံးနိုင်ခဲ့တယ်။ ဒီလူထု လှုပ်ရှားမှုကြီးက တန်ပြန် တော်လှန်ရေးကို သုံးချီ အလဲထိုးနိုင်ခဲ့တယ်။ကျူးဘား တော်လှန်ရေး ကြမ္မာဟာ ဗင်နီဇွဲလား တော်လှန်ရေးနဲ့ အော်ဂဲနစ်ဆန်ဆန် ချည်နှောင်မိနေပြီ။ တခုကို တခု ပြဌာန်းသွားလိမ့်မယ်။ ဗင်နီဇွဲလား တော်လှန်ရေး အရေးနိမ့်သွားရင် ကျူးဘား တော်လှန်ရေးလည်း အန္တရာယ် ကြီးကြီးမားမား ကျရောက်လိမ့်မယ်။ ဒီလို ဖြစ်မလာ အောင် အစွမ်းကုန် ရုန်းကြရလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ သမိုင်းကနေ သင်ယူရမယ်။ ဗင်နီဇွဲလား တော်လှန်ရေးဟာ အံ့မခန်း အောင်မြင်မှု တွေ ရရှိထားတယ် ဒါပေမယ့် မပြီးဆုံးသေးဘူး။ကျူးဘား တော်လှန်ရေးလိုပဲ ဗင်နီဇွဲလား တော်လှန်ရေးဟာ နေရှင်နယ် ဒီမိုကရေစီ တော်လှန်ရေးတရပ်အနေနဲ့ အစပြုခဲ့တယ်။ အရှေ့ပိုင်း အဆင့်တွေမှာ ဟူးဂိုးရှာဗေး ဆော်ဩခဲ့တဲ့ လုပ်ငန်းစဉ်က အဆင့်မြင့် ဘူဇွာ ဒီမိုကရေစီ လုပ်ငန်းစဉ် ဖြစ်တယ်။ ဒါပေမယ့် နယ်ချဲ့စနစ်နဲ့ လက် တဆုပ်စာ အုပ်စိုးတဲ့စနစ်ဟာ ဒီမိုကရေစီရဲ့ ရန်သူတွေဖြစ်ကြောင်း အတွေ့အကြုံက သက်သေပြသွားတယ်။ တော်လှန်ရေးကို ဖျက်စီးဖို့ သူတို့ ဘာမဆို လုပ်လိမ့်မယ်။ ဒါ့ကြောင့် ဘိုလစ်ဗေးရီးယန်း တော်လှန်ရေးကို ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေး အဆင့်မှာပဲ ကန့်သတ်ထားဖို့ ကြိုး စားရင် (ဆိုလိုတာက တော်လှန်ရေးကို လမ်းတဝက်မှာ ရပ်ထားရင်) တော်လှန်ရေး မလွဲမသွေ ကျဆုံးသွားအောင် ပြင်ပေးထားရာ ရောက် မယ်။အမေရိကန် နယ်ချဲ့စနစ်က ကျူးဘား တော်လှန်ရေးနဲ့ ဗင်နီဇွဲလား တော်လှန်ရေးကို ဘာ့ကြောင့် အသည်းအသန် ချေမှုန်းချင်တာလဲ။ ဒီတော် လှန်ရေးတွေက တိုက်ကြီးတခုလုံးအပေါ် သက်ရောက်မှု ရှိနေလို့ပဲ။ ကျူးဘားနဲ့ ဗင်နီဇွဲလားက တော်လှန်ရေး ဗဟိုချက်ဖြစ်သွားမှာကို နယ်ချဲ့ သမားတွေ ကြောက်ရွံ့နေကြတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေးတွေကို ဖြိုခွဲပစ်ဖို့ အသည်းအသန် အားထုတ်နေတာပဲ။ချေ့ အယူအဆက လက်တင် အမေရိကတိုက်မှာ နောက်ထပ် ဗီယက်နမ် (၂၀) ပေါ်ထွက်လာစေဖို့ ဖြစ်တယ်။ ခပ်ညံ့ညံ့ အယူအဆ တခု မဟုတ်ပါဘူး ဒါပေမယ့် သူ့ခေတ်မှာ အဲလို မဖြစ်နိုင်ခဲ့ဘူး၊ အခြေအနေတွေက အပြည့်အဝ မရင့်မှည့်သေးတာလည်း ပါတယ်၊ အဓိက အကြောင်းတရားက လွဲမှားတဲ့ ပျောက်ကြားစစ် နမူနာကို ကျင့်သုံးခဲ့လို့ပဲ။ ဒါပေမယ့် ဒီကနေ့အချိန်မှာ အရာရာ ပြောင်းလဲသွားပြီ။ အရင်းရှင် စနစ် အကြပ်အတည်းက လက်တင် အမေရိကတိုက်ကို အပြင်းအထန် သက်ရောက်ခဲ့တယ်၊ တော်လှန်ရေး အကျိုးဆက်တွေ ဖြစ်ပေါ်လာ တယ်။ နေရာတိုင်းမှာ တော်လှန်ရေး အခြေအနေတွေ ရင့်မှည့်နေပြီ။ ဒီကနေ့အချိန်မှာ Tierra del Fuego ကနေ Rio Grande အထိ တည် ငြိမ်တဲ့ အရင်းရှင် အစိုးရရယ်လို့ တခုမှ မရှိဘူး။ မှန်ကန်တဲ့ ခေါင်းဆောင်မှုသာ ရှိရင် ရှေ့လာမယ့် ကာလမှာ လက်တင် အမေရိက နိုင်ငံ(တွေ) မှာ ပစ္စည်းမဲ့ တော်လှန်ရေးတွေ မအောင်မြင်နိုင်စရာ အကြောင်းတခုမှ မရှိဘူး။ လိုအပ်နေတာ အမျိုးသားရေးဝါဒ မဟုတ်ဘူး၊ ဖောက်ပြန် သော ဘူဇွာ လူတန်းစားနဲ့ ပေါင်းစည်းရေး မဟုတ်ဘူး၊ တော်လှန်ရေး ဆိုရှယ်လစ် လုပ်ငန်းစဉ်နဲ့ တော်လှန်သော ပစ္စည်းမဲ့ လူတန်းစား အင် တာနေရှင်နယ်ဝါဒပဲ။